ရေဓါတ်
လိုအပ်နေသော အချိန်များတွင် ရေသောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမို
အကျိုးရှိစေပါတယ်။ မနက်စောစော အိပ်ယာ ထထချင်းမှာ ရေနှစ်ခွက်လောက်
ဆင့်သောက် ပေးခြင်းဖြင့် အတွင်း ကလီဇာတွေကို နိုးထ စေပါတယ်။ ရေမချိုးခင်
ရေတခွက် သောက်ပေးခြင်းဟာ သွေးပေါင်ချိန်ကို ကျဆင်း စေပါတယ်။ အိပ်ယာ
မဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးခြင်းဖြင့် လေသင်တုန်း ဖြတ်ခြင်း၊ နှလုံး
ရုတ်တရက် ဖောက်ခြင်း စတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ
ရေပမာဏ များစွာနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။
ဦးနှောက်မှာ ၇၄%၊ သွေးမှာ ၈၃%၊ ကြွက်သားမှာ ၇၅%၊ အရိုးမှာ ၂၂% စသည်ဖြင့်
အသီးသီး ရေ ပါဝင်ဖွဲ့စည်းနေပါတယ်။ ရေဟာ ရောဂါ ကုသနိုင်တဲ့
စွမ်းအားပြင်းတဲ့ အရာတစ်ခုလို့ ကျွမ်းကျင်သူတွေက ဆိုထား ပါတယ်။
ရေသောက်ခြင်းဖြင့်ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ် ပေးနိုင်ပါတယ်။ ကျောက်ကပ်
ကျောက်
တည်ခြင်းဟာ အများအားဖြင့် ရေ လုံလုံ လောက်လောက် မသောက်လို့ ဖြစ်ရတဲ့
ရောဂါ တစ်ခုပါ။ ရေဟာ ဆီးတွင်းမှာရှိတဲ့ ကျောက်တည် စေနိုင်တဲ့ အရာတွေကို
ပျော်ဝင် သယ်ဆောင် သွားပေးတာကြောင့် တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက်
သောက်ပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။
ရေသောက်ခြင်းဖြင့်ဆီးလမ်းကြောင်းရောဂါကူးစက်မှုကိုသက်သာ စေနိုင်ပါတယ်။ ရေများများ သောက်လေ
ဆီးများများ သွားလေ ဖြစ်တာကြောင့် ဆီးအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့
ပိုးတွေကို ထွက်သွား စေပါတယ်။
ဝမ်းလျှော ဝေဒနာသည်တွေ အတွက်
ရေသောက်ခြင်းဖြင့် ရေဓါတ် ကုန်ဆုံးမှုကို တားဆီး ပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ရှေးဦး သူနာပြုအနေနဲ့ အိမ်တွင်းဖြစ် ရေဓါတ်
ပြန်ဖြည့်နိုင်တဲ့ ဖျော်ရည်ကို ကိုယ့်ဖာသာကိုယ် ပြုလုပ်လို့ ရပါတယ်။ ရေ
တစ်ဖန်ခွက်ကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း
လေးပုံတစ်ပုံနဲ့ ရောစပ်ပြီး ဝင်သလောက် သောက်ပေးပါ။ ဒါဟာ ဆေးရုံက ပေးတဲ့
ဂလူးဂိုစ့်ရည်နဲ့ အတူတူပါပဲ။
ရေဟာ အဖျားကိုလည်း ကျစေပါတယ်။ ရေသောက်ပြီး
ဆီးသွားပေးခြင်းဖြင့် အပူတွေဟာ ဆီးတွေမှာ ပါသွားပြီး ကိုယ်ပူချိန်ကို
ကျဆင်း စေပါတယ်။ ဖျားနေတဲ့ အချိန်မှာ ရေပိုသောက်ပေးခြင်းဖြင့် အဖျား
မြန်မြန် သက်သာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်းနဲ့ အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါ တွေကိုလည်း သက်သာ
စေပါတယ်။ ရေဟာ ချွဲ၊ သလိပ်တွေကို ကျဲစေတာကြောင့် ဖြစ်ပါတယ်။
ရင်ပူနာ၊
လေပူနာ ကိုလည်း သက်သာ စေပါတယ်။ ရေ ၃ ငုံလောက် မိနစ် နှစ်ဆယ်ခြား တစ်ခါ
သောက်ပေးခြင်းဖြင့် အစာအိမ်တွင်း အက်ဆစ်ဓါတ်ကို လျှော့ချ ပေးရာမှာ
အထောက်အကူ ပြုတာကြောင့် ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။
ရေသောက် နည်းခြင်းဖြင့် အစာဟောင်းကို မာခဲသွားစေကာ၊ ဝမ်းချုပ်ခြင်းဖြင့်
အူသိမ် အူမတွင် ရောဂါ ဖြစ်ခြင်းအထိ ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်
များများစား၊ ရေများများ သောက်ပေးခြင်းဖြင့် အစာဟောင်းကို အချိန်မှန်
စွန့်နိုင်ပါစေ။
ရေဟာ စွမ်းအင်ကို ပြည့်နေစေပြီး နိုးကြား တက်ကြွမှုကို
ပေးနိုင်ပါတယ်။ ရေဓါတ် မလုံလောက်ရင် သွေးဟာ ပျစ်လာပါတယ်။ သွေးပျစ်
လာတာကြောင့် သွေးလည်ပတ်မှု လုပ်ငန်း ခက်ခဲ လာပါတယ်။ ဒါကြောင့် ဦးနှောက်ဟာ
မတက်ကြွတော့ပဲ ရှုပ်ထွေးခြင်း၊ ပင်ပန်း နွမ်းလျခြင်း စတာတွေကို ခံစားရ
လာပါတော့တယ်။ ရေသောက် ပေးခြင်းဖြင့် မိုင်ဂရင်း ခေါင်းကိုက် ရောဂါ ကိုတောင်
သက်သာ စေနိုင်တယ်လို့ လေ့လာမှု တချို့က ဆိုထားပါတယ်။
ကိုယ်အလေးချိန်
လျှော့ချ ချင်ရင်လည်း ရေသောက်ပါ။ အစာ မစားခင် ရေဝအောင် သောက်ပေးခြင်းဖြင့်
အစာ စားတဲ့ ပမာဏကို လျော့သွားစေပါ။ ရေမှာ ကယ်လိုရီဓါတ် လုံးဝ
မပါဝင်တာကြောင့် ကိုယ်တွင်း အဆီဖြစ်ပေါ်မှု မရှိစေပါဘူး။
ရေသောက်
ပေးခြင်းဖြင့် အသားအရေ ပျော့ပြောင်းပြီး ဝင်းလက် စေနိုင်ပါတယ်။ ရေဓါတ်
မလုံလောက်တဲ့ လူတစ်ယောက်ဟာ မျက်တွင်း ချိုင့်မယ်၊ ပါးရေ တွန့်မယ် စတာတွေကို
ပိုင်ဆိုင် နေရမှာပါ။
ရေသောက် ချိန်များနှင့် အကျိုးရှိမှုများ
၁။
အိပ်ယာ ထထချင်း ရေသောက်ပါ။ အိပ်နေတဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်က ရေဓါတ်
ဆုံးရှုံး နေပါတယ်။ ဒါကြောင့် မအိပ်ခင် ရေသောက်၊ အိပ်ယာထ ရေသောက်ပေးပါ။ မနက်
နိုးထလာတဲ့ အချိန်မှာ ပုံမှန်အားဖြင့် ရေဆာနေ တတ်ပါတယ်။ မနက်ခင်း
နိုးနိုးချင်းမှာ ရေသောက်ပေးခြင်းဖြင့် တညလုံး စုဆောင်းထားတဲ့ ကိုယ်တွင်း
အဆိပ်အတောက်တွေကို ထုတ်ပစ်ရာလည်း ရောက်ပါတယ်။
၂။ တနေ့ကို ရေ ၈ ခွက်ကနေ
၁၂ ခွက်ကြား သောက်ပေးပါ။ ပေါင် ၁၂ဝ ရှိတဲ့ လူတစ်ယောက်ဟာ တနေ့ ရေ ၈
ခွက်သောက်ဖို့ လိုအပ်ပြီး ပေါင် ၁၉ဝ ရှိတဲ့ လူတယောက်ဟာ ၁၂ ခွက်သောက်ဖို့
လိုအပ် ပါတယ်။ ဆီးအရောင်ကို အမြဲတမ်း စောင့်ကြည့်ပေးပါ။ ဆီးအရောင်ဟာ
အရောင်ဖျော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တနေ့ကို အလွန်ဆုံး ရေ ၁၆ ခွက်ထက်
ပိုမသောက်သင့် ပါဖူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၃။ တနေကုန်
ရေတစပ်စပ် သောက်ပေးပါ။ တခါတည်း ရေနှစ်ဖန်ခွက်ေ သာက်ပေးခြင်းထက်
ရေနည်းနည်းစီကို ခဏခဏ သောက်ပေးခြင်းဟာ ပိုပြီးကောင်းတဲ့နည်း ဖြစ်ပါတယ်။
နှလုံးရောဂါ ရှိသူတွေအဖို့ နှလုံးဖိအားကို ကျဆင်း စေပါတယ်။ သာမန်
လူတွေအဖို့ ခန္ဓာကိုယ်က ရေဓါတ်ကို ပိုမို စုပ်ယူ နိုင်စေပါတယ်။
၎။
ရေဆာမှ ရေသောက်တာမျိုး မလုပ်ပါနဲ့။ ရေဆာ နေပြီလို့ ခံစားလိုက်ရတဲ့
အချိန်မှာ လူတစ်ယောက်ဟာ လိုအပ်တဲ့ ကိုယ်တွင်းရေပမာ ၂ ခွက်အောက်
လျော့နည်းနေပါပြီ။ သက်ကြီးပိုင်းတွေက ကိုယ်တွင်း ရေလိုအပ်မှုကို ပိုပြီး
ခံစားသိရှိမှု နည်းပါး ကြပါတယ်။
၅။ အအေး၊ အရက်၊ ကော်ဖီ စတာတွေ
မသောက်ပါနဲ့ ရေပဲသောက်ပါ။ လက်ဖက်ရည်၊ ဆော်ဒါ၊ ကော်ဖီ စတာတွေဟာ ရေဓါတ်
ပိုမိုကုန်ခမ်း စေနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က ဆိုပါတယ်။
အရက်သောက်ခြင်းဟာ ဆီးကို ပိုမို သွားစေတာကြောင့် ရေဓါတ် ကုန်ဆုံးမှုကို
ဆိုးဝါးစွာ ဖြစ်စေပါတယ်။
၆။ ကလေး သူငယ်တွေကိုလည်း ရေသောက်တတ်အောင်
လေ့ကျင့်ပေးပါ။ ကလေးတွေ အတွက် ရှေ့ဆောင် လမ်းပြအနေနဲ့ ရေတူတူ သောက်ပေးပါ။
ကျောင်းကို ရေဘူးကြီးကြီး ထည့်ပေးလိုက်ပါ။
၇။ ပူပြင်းတဲ့ အချိန်အခါမှာ ရေပိုသောက်ပါ။
၈။
လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ ရေဓါတ် ပိုမို ကုန်ခမ်းသွားတာကြောင့်
ရေပိုသောက်ပါ။ လေ့ကျင့်ခန်း လုပ်ချိန် နာရီဝက်နဲ့ တစ်နာရီကြားဆိုရင် ရေ ၅ဝဝ
မီလီလီတာ ပိုသောက်ပါ။ ငှက်ပျောသီး စားပေးခြင်းဟာလည်း ကောင်းတဲ့ လုပ်ရပ်
တစ်ခုပါ။
၉။ ဖျားနာနေရင် ရေပိုသောက်ပါ။ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်
ကူးစက်မှုကနေ ပြန်လည် ကောင်းမွန်လာစေဖို့ အတွက် ရေဓါတ်ကို ပိုမို
လိုအပ်နေတဲ့ အချိန် ဖြစ်တဲ့အတွက် သောက်ချင်စိတ် မရှိပေမယ့်လည်း သောက်ပါ။
ရေဓါတ် မလုံလောက်ရင် ဝေဒနာ တာရှည်သွားမှာ ဖြစ်ပါတယ်။
၁ဝ။ ကိုယ်ဝန်
ဆောင်ချိန်မှာလည်း ရေပိုသောက် ပေးပါ။ ကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်
စတဲ့ အချိန်တွေမှာ ရေဓါတ် လုံလုံ လောက်လောက် ရှိနေစေဖို့အတွက် ရေသောက်ဖို့
လိုအပ် နေပါတယ်။ ကိုယ်ဝန်သည် တစ်ဦးဟာ တနေ့ကို ရေ ၁ဝ ခွက်လောက်
သောက်သင့်ပြီး၊ နို့တိုက်မိခင် တစ်ဦးဟာ တစ်နေ့ကို ရေ ၁၃ ခွက်လောက်
သောက်သင့် ပါတယ်လို့ ကျွမ်းကျင် သူများက ဆိုပါတယ်။ (ဖန်းဇက်)
http://www.khitlunge.net.mm/HealthBeauty/Healthbeauty
|
အိုကေ
ReplyDelete