Sunday, 25 November 2012

အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ

by nang kha yea on 26.11.2012

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပါဘူး။ တချို့လူတွေက တစ်ညမှာ ခြောက်နာရီအိပ်ရုံနဲ့ အိပ်ရေးဝတတ်ပေမယ့် တချို့ကျတော့ ရှစ်နာရီနဲ့အထက်အိပ်မှ အိပ်ရေးဝတတ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ညမှာ အိပ်စက်ချိန် ခုနစ်နာရီမှ ကိုးနာရီရှိဖို့ အကြံပေးထားပါတယ်။ အိပ်ရာကနေ လန်းလန်းဆန်းဆန်းနိုးလာပြီး တစ်နေ့လုံးလည်း တက်ကြွလန်းဆန်းနေတယ်ဆိုရင် သင့်မှာကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုဆိုင်ရာ အလေ့အထ ရှိတယ်လို့ ပြောနိုင်ပါတယ်။

အပြုံးလှလှလေးတွေပိုင်ဆိုင်ကြစေချင်တယ်

by nang kha yea on 26.11.2012


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ 

တမာရွက် ရဲ့ထူးကဲတဲ့အာနိသင်များ

by nang kha yea on 26.11.2012

တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။ တ မာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့  ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။

ခုခံအား စနစ် တိုးမြင့်စေဗသာသဘာဝအစားအစာများ

by popozaw on 26.11.2012


ပိုးသတ်ဆေး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိတ်ဖိစီးမှုတို့သည် ကိုယ့်ခုခံအားစနစ်ကို ယိုင်နဲ့စေနိုင်သော အရာများဖြစ်သည်။ Bermingham University Medical School မှ သုတေသနတစ်ခုအရ ခုခံအားစနစ်ဟူသည် အသက်ကြီးလာတာနှင့်အမျှ ကျဆင်းလာမည်မှာ သဘာဝအလျှောက်ဖြစ်ကိုဖြစ်မည်ဟု ခိုင်မာစွာ တွေ့ရှိခဲ့သည်။ ကိုယ့်မှာ အောက်ပါအစားအစာများနှင့် ဆောင်ထားပေတော့။

ကြွက်သားကိုကျန်းမာသန်စွမ်းစေသောသဘာဝအစားအစာများ

by popozaw on 26.11.2012


ကျွန်ူပ်တို့ အသက် ၅၀ ၀န်းကျင်ရောက်သည် ဆိုသည့်တိုင် ကိုယ်ကာယခွန်အားသည် အရေးကြီးဆဲပင်ဖြစ်သည်။ ဆစ်ဒနီ တက္ကသိုလ်သည် ပိုသန်မာသော ယောက်ျားများတွင် စိတ်ဓာတ်ကျဆင်းခြင်းသည် မသန်မာသော ပုဂ္ဂိုလ်များထက် ၅၀%လျော့နည်းသည်ကို တွေ့ရသည်။ အသက်ကြီးလာလေလေ ကြီးမားသော ကြွက်သားထုထည်သည် အဆီများကို ပိုလွယ်ကူစွာ ချေဖျက်နိုင်လေဖြစ်ပြီး ကိုယ့်ကို နှစ်ပေါင်းများစွာထိ သန်မာအားပြည့်နေစေသည်။

အရိုးကိုကျန်းမာသန်စွမ်းစေသောသဘာဝအစားအစာများ

by popozaw on 26.11.2012



အိုဟောင်းလာပြီဖြစ်သော အရိုးများသည် အတော်ကို သုံးခဲ့ရပြီဟု ကျွန်ူပ်တို့ယူဆမိလျှင် ထိုအတွေးသည် မှန်နေသည်။ ဘယ်လ်ဂျီယမ်မှ Ghent University တွင် လုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ကြီးလာတာနှင့် အမျှ အရိုးများ ကျဆုံးလာပြီး ဆတိုးနှုန်းဖြင့် အရိုးများသည် ပျင်းရိလေးတွဲ့လာကာ ကျိုးလွယ် ပဲ့လွယ်လာကြောင်းတွေ့ရသည်။ အောက်ပါ အစားအစာများကို ကိုယ်နှင့် မကွာ ထားပါ၊ စားပါ။

ရောင်ရမ်းခြင်းကာကွယ်နိုင်သောသဘာဝအစားအစာများ

by nang kha yea on 26.11.2012


ရောင်ရမ်းခြင်းဆို၍ တံတောင်ဆစ်ရောင်တာလောက်ကိုသာ ဆိုလိုခြင်းမဟုတ်။ Harvard School of Public Health မှ လေ့လာမှုတစ်ခုတွင် ဘယ်လိုရောင်ရမ်းမှုမဆို ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျှက်ရှိကြောင်းတွေ့ရသည်။ အောက်ပါအစားအစာများကို အသင့်ပြင်ထားပါ။ ဒါမှသာ ကျွန်တော်တို့ ကျန်းမာရေးကြီး ရောင်ရမ်း မနေမှာဖြစ်၏။

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

by nang kha yea on 26.11.2012


ခြေဖနောင့်နေရာက ကွဲအက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ချည်းပဲ မဟုတ်ပါဘူး။  မိမိခြေထောက်ကို မိမိ ဂရုမပြုဘဲ ထားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြေဖနောင့်နေရာမှာ ကွဲအက်မှုတွေဟာ ခြေထောက်အချင်းချင်း ပွတ်တိုက်မိရာကနေတောင် နာကျင်မှုကို ခံစားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခြေထောက်နဲ့ ခြေဖဝါးကို သင့်မျက်နှာအလှကို ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

အလှအပ လျှို့ဝှက်ချက်များ

by nang kha yea on 26.11.2012


အမျိုးသမီးတိုင်း လိုက်နာဖို့လိုပြီး လုပ်ဆောင်ရလွယ်တဲ့ နည်းလမ်းတွေပါ။  ဒီအချက်တွေက အလှအပအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့် ရေးသားလိုက်ပါတယ်။

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

by nang kha yea on 25.11.2012

ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။