Showing posts with label အထွေထွေသုတ. Show all posts
Showing posts with label အထွေထွေသုတ. Show all posts

Wednesday, 30 January 2013

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 30, 2013 at 10:57pm


တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။

Friday, 25 January 2013

ပျိုမေများ ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ အစားအစာ (၁၀)မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:41pm


ဖတ်ဖြစ်ခဲ့တဲ့ဆောင်းပါးလေးတွေ ထဲကနေပြီး မိန်းကလေးတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
အမျိုးသမီးလေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင်သားမွေးမှုနဲ့ အသက်အရွယ် အရ ကျန်မားရေးချို့ယွင်းမှု့ ပြသနာတွေ ကို ရင်ဆိုင် ရမှာပါ။ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်မ တို့ ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာ (၁၀)မျိုးကိုဝေမျှပေးလိုက်ပါတယ်နော်................

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:26pm


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။

Thursday, 24 January 2013

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေးပြဿနာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:53pm


လူအများစု ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်းနေတာမျိုးတွေကို အမျိုးသမီးအများစု ကြုံတွေ့ကြ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲသူတွေနဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ အဖြစ်

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:29pm

မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

ဆေးဖက်ဝင်သော ကြက်သွန်နီ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:51pm

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:31pm


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။

ဆောင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:55pm

မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။

ဆောင်းအအေးဒဏ်အံတုလို့ စားသောက်ရမဲ့ အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:18pm


ဆောင်းရဲ့ အအေးဓာတ်ဟာ ဒီရက်ပိုင်းအတွင်း သိသာထင်ရှားစပြူလာတဲ့အတွက် ဟေမာန်ကပေးတဲ့ အအေးလှိုင်းတွေအပေါ် ခန္ဓာကိုယ်က သိသိသာသာ တုံ့ ပြန်မှုရှိလာပါတော့မယ်။ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများဟာ ဟေမာန်ဆောင်းရဲ့ မရိုးအီတဲ့ အမွေဆိုးများပဲ ဖြစ်ပါတယ်။ အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ပျိုမေတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေပါလိမ့်မယ်။

တောက်ပတဲ့ အပြုံးပိုင်ရှင်များဖြစ်စေဖို့

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 2:32pm

သန်မာတဲ့သွားတွေဟာ ကျန်းမာတဲ့အခြေအနေကို ဖော်ညွှန်းပါတယ်။ သွားတွေကျန်းမာမှ ကိုယ်စားချင်တာ စားလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ခံစားချင်တဲ့ အရသာကို မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သွားဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့အလှအပကိုလည်း သွားဟာ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။ ရုပ်ဘယ်လောက်လှလှ၊ သွားမလှ၊ သွားချေးထူ၊ သွားကျိုးနေရင် ရုပ်ရဲ့အလှကို ကောင်းစွာ ပျက်စီးစေနိုင်ပါတယ်။ သွားဟာ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊

Wednesday, 23 January 2013

ခံတွင်းပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်းလာစေရန်

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 10:16pm

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့်  ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံစွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

Tuesday, 22 January 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:30pm

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 2:21pm

မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်

Monday, 21 January 2013

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:02am
      

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:46am


အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:28am


အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် ……..

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:08am


ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

(၁)ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု့ ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:45am


Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ...

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:31am


နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောပါသည်။

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:15am

အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။