Showing posts with label လက်ဖက်. Show all posts
Showing posts with label လက်ဖက်. Show all posts

Monday, 22 October 2012

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး 
 by NANG KHA YEA on 23.10.2012

လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေးအကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

Tuesday, 16 October 2012

ရေနွေးကြမ်းတစ်ခွက်နဲ့ မင်းလေးသာရှိနေရင်

လက်ဖက်ရည်ကြမ်း  သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

by NANG KHA YEA on 17.10.2012














ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက်များစွာအ ထောက်အကူ
 ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်..
တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို
ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်..

Saturday, 13 October 2012

Green Tea ၏ အာနိသင်များ

Green Tea ၏ အာနိသင်များ


Green Tea, Black Tea, White Tea အစရှိသဖြင့် Tea အမျိုးအစားများစွာ ရှိပါတယ်။ သူတို့တွေကို Camellia sinensis လို့ခေါ်တဲ့အပင်တမျိုးက ရရှိပြီး Process လုပ်ပုံကွဲပြားမှုအလိုက် အမျိုးအစား ခွဲခြားထားပါတယ်။ ဥပမာ အပင်က ခူးပြီးပြီးချင်း ချက်ချင်း Preserve လုပ်ထားတာကို Green Tea လို့ခေါ်ပြီး နည်းနည်းကြာကြာထားပြီးမှ ရတဲ့အရွက်တွေကို Black Tea လို့ခေါ်ပါတယ်။

Monday, 8 October 2012

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်


Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို


''ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့''
by NANG KHA YEA on 08.10.2012
Photo: ''ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့''

ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရှေးကတည်းက ရေနွေးကြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးကြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။ 

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက်

၁။ အဆီကျခြင်း

၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း

၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း

၎။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း

၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း 

၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

 ဒီလောက်ဆိုရင် ရေနွေးကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ 

Reference : Internet
ဘာသာပြန် : Wutyee Food House ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

Thursday, 4 October 2012

လ္ဘက်စိမ်း၏ ကျန်းမာရေး အာနိသင်


 လ္ဘက်စိမ်း၏ ကျန်းမာရေး အာနိသင်
 Photo: လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည်


လ္ဘက်စိမ်းတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် အရေပြားကင်ဆာ ၂ မျိုးကို ကုသရာတွင် အသုံးဝင်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။ ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ၌ လ္ဘက်စိမ်း အဆီအနှစ်ကို အသုံးပြုကြည့်သောအခါ ကင်ဆာအကျိတ်များ ၃ ပုံ ၂ ပုံ လျော့ကျသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။ Strathclyde တက္ကသိုလ်နှင့် Glasgow တက္ကသိုလ်တို့မှ အဆိုပါ သုတေသန လုပ်ငန်းကို လုပ်ကိုင်ကြသူ သိပ္ပံ ပညာရှင်များက EGCg ဟုခေါ်သော လ္ဘက်စိမ်း အဆီအနှစ်သည် အခြားဆဲလ် သို့မဟုတ် တစ်သျှူးများအပေါ်တွင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှု မရှိသည်ကို စူးစမ်းရှာဖွေ တွေ့ရှိခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုးစလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွားလာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ရတနာပုံ ဘာသာပြန်သတင်း 
By Yatanarpon
လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည်