by nang kha yea on 11.11.2012

ဒီကနေ့မှာ မိန်းကလေး အများစုက ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်တွေကို တန်းတူ ညီတူ လုပ်ကိုင်နေကြပါတယ်။ တစ်နေ့တာ အချိန်အများစုကို အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ် လုပ်ကိုင်နေကြရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။ သင်ဟာ လုပ်ငန်းခွင်မှာ သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရုံ သာမကဘဲ ယုံကြည်မှု ရှိရှိနဲ့ လူအများကြားမှာ ထင်ထင်ပေါ်ပေါ် ရှိနေအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သင့်ကိုယ်သင် ဂရုပြု ထိန်းသိမ်းနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။






























