Tuesday 6 November 2012

နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ SPF အကြောင်း

 နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ SPF အကြောင်း
by nang kha yea on 06.11.2012
 













ဒီခေတ်ကြီးမှာ နေရောင်ခြည်က အသားအရေကို ဘယ်လိုဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကို သိလာကြတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်တဲ့လိမ်းဆေးတွေကို ဂရုတစိုက်အသုံးပြုလာကြတယ်နော်..  

အလှကုန်တော်တော်များများမှာလည်း နေရောင်ဒဏ်ကိုကာကွယ်ပေးတဲ့ SPF ကို အသားပေးဖော်ပြလာကြတယ်..



ရင်နှင်းကို တစ်ယောက်က မေးဖူးတယ်.. SPF များရင်ကောင်းလားတဲ့.. ဘယ်လောက်ဆိုကောင်းလဲတဲ့..
အရင်က သေချာမသိလို့ သေချာပြန်မဖြေနိုင်ခဲ့ဘူး..

ခု အလှအပဆရာဝန်ကြီးတစ်ယောက်က ရှင်းပြပေးလို့ သူငယ်ချင်းတို့ကို ပြန်မျှဝေပေးမယ်နော်..

SPF များလာတဲ့အခါ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ရာခိုင်နှုန်းလည်း များလာပါတယ်..

ဒါပေမယ့် SPF ၂၀ ကျော်ကနေစပြီး နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ရာခိုင်နှုန်းတွေဟာ သိပ်မကွာတော့ပါဘူး.. ၁-၂ ရာခိုင်နှုန်းလောက်ပဲ ကွာပါတော့တယ်..

နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ရာခိုင်နှုန်းတွေဟာ သိပ်မကွာတော့ပေမယ့် ဓာတုပစ္စည်းပါဝင်မှုတွေကတော့ တော်တော်ကိုများလာလို့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်..

ဒါကြောင့် SPF များတိုင်းမကောင်းပါဘူး..

နေ့စဉ်အသုံးပြုဖို့အတွက် အသင့်တော်ဆုံးကတော့ SPF 30 - 50 ပါပဲ..

ပြီးတော့ SPF တွေပါတဲ့ Sunscreen တွေဟာ SPF ဘယ်လောက်များများ ချွေးတွေ၊ ပတ်ဝန်းကျင်၊ ရာသီဥတုဒဏ်တွေကြောင့် ၃ နာရီထက်ပိုပြီး နေရောင်ကို မကာကွယ်ပေးနိုင်ပါဘူး..

ဒါကြောင့် ၃ နာရီကြာရင် တစ်ခါ ပြန်ပြန်လိမ်းပေးနိုင်ရင် အကောင်းဆုံးပါပဲ..

ဒါပေမယ့် အဲလိုလိမ်းနေဖို့ အဆင်မပြေနိုင်ဘူးဆိုတော့ နေပူထဲသွားမယ်ဆိုရင် ထီး ဦးထုပ်တွေကိုတော့ မပါမဖြစ်ယူသွားဖို့ မမေ့နဲ့နော်..

သူငယ်ချင်းတို့အားလုံး အသိတွေကြွယ်ပြီး အလှတွေပိုနိုင်ကြပါစေရှင်..

(ရင်နှင်းငယ်)
 Ref..http://www.facebook.com/photo.php?fbid=

No comments:

Post a Comment