Saturday 10 November 2012

အရွယ်တင် နုပျိုစေနိုင်မည့် နည်းလမ်းအသစ်များ

by nang kha yea on 11.11.2012



















 ရှူးဖိနပ်ကြိုးတွေ ဖွာမထွက်အောင် ကြိုးထိပ်မှာ ပလတ်စတစ်နဲ့ ဖုံးစွပ်ထားသလိုမျိုး တယ်အိုမီးယားတွေဟာ သင်ရဲ့ မျိုးရိုးဗီဇ Gene တွေ မပျက်စီးအောင် ကာကွယ် ပေးထားတယ်  ဆိုတာကို ဆေးပညာအတွက် ဝေါဟာရအသစ်များ ဆောင်းပါးမှာ ဖော်ပြထားပြီးပါပြီ။ ဒါပေမဲ့ အသက် ကြီးလာတာနဲ့အမျှ တယ်အိုမီးယားတွေ ပျက်စီးသွားတတ်တာကို ကာကွယ်ပြီး အရွယ်တင်နုပျိုပြီး ကျန်းကျန်းမာမာ နေနိုင်အောင် အောက်ပါ နည်းလမ်းတွေ ပြုလုပ်ပါ။


၁။ စိတ်အေးချမ်းမှု ရယူပါ
နေ့စဉ် နာရီဝက်ခန့် အနားယူ အပန်းဖြေတာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းကော်တီဆော ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ကော်တီဆောကြောင့် တယ်အိုမီးယားတွေ ပျက်စီးနိုင်ပြီး Cell တွေ အရွယ်အိုမင်းမှု မြန်စေနိုင်တယ်လို့ Michigen တက္ကသိုလ်မှ ဆေးပညာပါမောက္ခ Michcel Fossel ကပြောပါတယ်။ ဒါကြောင့် သင့်ကို ပျော်ရွှင်စေနိုင်ပြီး တွန်းအားပေးနိုင်တဲ့ သင်ဝါသနာပါရာ တစ်ခုခုကို နေ့စဉ် နာရီဝက်ခန့် ပြုလုပ်ပြီး အနားယူ အပန်းဖြေပါ။

၂။ Multivitamin သောက်ပါ
နေ့စဉ် အားဖြည့်ဗီတာမင် (Multivitamin) ကို သောက်သူ အမျိုးသမီးတွေဟာ အရွယ်အိုမင်းနေတဲ့ တယ်အိုမီးယားတွေကို ပြန်လည် ဖြည့်တင်းနိုင်မှု အနည်းဆုံး ငါးရာခိုင်နှုန်းခန့် ပိုမြန်ပါတယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါဟာ Cell ပျက်စီးမှုနဲ့ အရွယ်အိုမင်းမှုကို ၆၇ ရာခိုင်နှုန်းခန့် လျော့သွားနိုင်တာနဲ့ ညီမျှတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၃။ မုန်လာဥနီ စားပါ
အနီရောင်အမြစ် အမျိုးအစား ဟင်းသီးဟင်းရွက် (ဥပမာ- ဥနီ (beet)) တွေမှာ ပါဝင်တဲ့ ကရိုနွိုက်၊ ဖလေးဖနွိုက်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ တယ်အိုမီးယား ပျက်စီးမှုကို နှေးကွေးစေနိုင်တဲ့အပြင် တယ်အိုမီးယားတွေလည်း မြန်မြန်ဆန်ဆန် ပြန်လည်ပြုပြင် ပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး ကင်ဆာကျိတ် တွေကိုလည်း ကျုံ့သွား စေနိုင်ပါတယ်။

၎။ နေ့စဉ် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ပါ
နေ့စဉ် ပြုလုပ်နေကျ အလုပ်တွေထဲမှာ မိနစ် ၃၀ ခန့် လမ်းလျှောက် လေ့ကျင့်ခန်းကိုပါ ထည့်သွင်းထားသူတွေဟာ အိမ်မှာ လှုပ်ရှားမှုမရှိဘဲ ထိုင်နေသူတွေထက် ကိုးနှစ်ပိုပြီး အရွယ်တင် နုပျိုနိုင်ကာ ကျန်းမာပြီး အသက်ရှည်ဖို့ ၇၅ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ပုံမှန်လှုပ်ရှားမှု လုပ်တာကြောင့် တယ်အိုမီးယား ပျက်စီးမှုတွေကို ပြုပြင်နိုင်တဲ့ အင်ဇိုင်း တယ်အိုမီးရေ့စ်တွေ ထွက်ရှိလာနိုင်တာ ကြောင့်ပါလို့ ဆိုပါတယ်။

Tips - ဦးနှောက်အရွယ် အိုမင်းမှုနှေးအောင်
သကြားနဲ့ ပြုလုပ်ထားတဲ့မုန့် (ဥပမာ အိုက်စကရင်၊ ဘီစကွတ်) တွေဟာ ဦးနှောက်မှ တယ်အိုမီးယား ထုတ်လုပ်နိုင်စွမ်းကို လျှော့ချစေနိုင်ပါတယ်။ ဘယ်ရီ၊ ဖရဲသီးနဲ့ လိမ္မော်သီးလိုမျိုး သဘာဝ အချိုဓာတ်တွေဟာ သကြားထက် အရသာပိုရှိပြီး သူ့မှာပါဝင်တဲ့ အရွယ်တင်နုပျို စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားဟာ ဦးနှောက်တွင်း တယ်အိုမီးယားတွေကို ပျက်စီးမှု နည်းစေတာကြောင့် ဦးနှောက်အရွယ် အိုမင်းမှု နှေးကွေးစေနိုင်ပါတယ်။

Tips - အစိမ်းရင့်ရောင် ဟင်းရွက်တွေမှာ လိုင်ပိုစစ် အက်စစ်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြား ပါဝင်တာကြောင့် တယ်အိုမီးယားကို မဖျက်ဆီးနိုင်ခင်မှာဘဲ ဓာတ်တိုးပစ္စည်းတွေကို ရှင်းလင်း ပစ်နိုင်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
Ref: Good Health posted on Yatanarpon - news/news-31424

No comments:

Post a Comment