Saturday 10 November 2012

သွယ်ကျစ်လှပကျန်းမာသန်စွမ်းစေမည့် အဆီများ

by nang kha yea on 11.11.2012



















သင့်ခန္ဓာကိုယ် အလေးချိန်ကျဖို့ အတွက် အမှန်တကယ် ရုန်းကန်နေရပါသလား။  အဆီစာတွေ အများကြီးစားလိုက်ပါလို့ သုတေသီတွေက အကြံပေးထားကြပါတယ်။ လေ့လာမှုအသစ်အရ မှန်ကန်တဲ့ အဆီအမျိုးအစားကို ရွေးချယ်ပြီး စားသုံးတာကြောင့် ကိုယ်အလေးချိန် ကျဆင်းနှုန်း နှစ်ဆပိုများနိုင်ပြီး အဲဒီအလေးချိန်အတိုင်း ဆက်လက် ထိန်းထားနိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပါ။


၁) ဆာလောင်မှုကို ဟန့်တားနိုင်အောင် ငါးစားပါ

ဆယ်လမွန်၊ ပုစွန် ဒါမှမဟုတ် တခြားငါးဟင်းကို စားသူတွေဟာ ပင်လယ်စာကို ရှောင်သူတွေထက် အချိန်နှစ်နာရီ ပိုရှည်ကြာပြီး ဗိုက်ပြည့်တင်းမှု ရရှိနိုင်ကာ တစ်ပတ်မှာ ၁၂ အောင်စ စားသုံးသူတွေဟာ တစ်လအတွင်း ကိုယ်အလေးချိန် ကိုးပေါင်ခန့် လျော့ကျနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ငါးမှာ ပါဝင်တဲ့ အိုမီဂါ-၃ အဆီတွေဟာ ဆာလောင်မှုကို ဖြစ်စေတဲ့ ဟော်မုန်း Leptin ထုတ်လုပ်မှုကို မြင့်မားစေတာကြောင့်ပါလို့ မက်ဆာချူးဆက်ပြည်နယ် ရောင်ရမ်းမှုကို သုတေသနပြုလုပ်တဲ့ အဖွဲ့မှ ဥက္ကဋ္ဌဘယ်ရီက ဆိုပါတယ်။ ဒါ့အပြင် အိုမီဂါ-၃ ဟာ အရေပြားမှာ အရေးကြောင်း ဖြစ်ပေါ်မှုကို နှေးကွေးစေပြီး သုံးလအတွင်း အရေးကြောင်းငယ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

၂) အစာချင်ခြင်းတပ်မက်မှု ပျောက်ကင်းအောင် ထောပတ်သီးစားပါ

ထောပတ်သီးမှာ ပါဝင်တဲ့ အိုမီဂါ-၉ အဆီတွေဟာ ဦးနှောက်ဆဲလ်အတွင်း အလုပ်လုပ်ပြီး အစာစားချင်စိတ် လွန်ကဲမှုမဖြစ်အောင် တားမြစ်ပေးပါတယ်။ ဒါ့အပြင် အိုမီဂါ-၉ အဆီဟာ ဦးနှောက်ဆဲလ်တွေကို အာဟာရဖြစ်စေပြီး စိတ်ဓာတ်ကျမှု ဝေဒနာကို ၃၀ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ပါတယ်။

၃) အဆာပြေအစာအဖြစ် အစေ့အဆန် စားပါ

နေကြာစေ့ ဒါမှမဟုတ် ဖရုံစေ့ကို နေ့စဉ် နှစ်အောင်စ စားသုံးတာကြောင့် ခြောက်လအတွင်း ခါးအတိုင်းအတာ ခြောက်လက်မ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ အဲဒီအစေ့အဆန်မှာ ပါဝင်တဲ့ အဆီတွေဟာ လောင်စာအဖြစ် အဆီကို လောင်ကျွမ်းစေတဲ့ မျိုးရိုးဗီဇဂျင်းကို နှိုးဆွနိုင်လို့ပါ။ ဒါ့အပြင် အစေ့အဆန်မှာ ပါဝင်တဲ့ အဆီတွေဟာ သွေးကြောပျက်စီးမှုကို လျော့ကျအောင် ကူညီနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။

၎) ဇီဝရုပ် ဖြစ်ပျက်မှု ကောင်းမွန်အောင် အုန်းသီးအဆီနဲ့ ဟင်းချက်ပါ

အုန်းသီးအဆီဟာ အသည်းကို တိုက်ရိုက်သွားနိုင်တဲ့ အဆီအမျိုးအစားကောင်း (Medium chain fatty acid, MCFAs) တစ်မျိုးဖြစ်ပြီး အသည်းမှာ ကယ်လိုရီ လောင်ကျွမ်းနိုင်မှုဟာလည်း ၃၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အုန်းသီးဆီကို ထမင်းစားဇွန်း နှစ်ဇွန်းစာ နေ့စဉ် စားသုံးပါ။ ဒါ့အပြင် အုန်းသီးဆီမှာ ပါဝင်တဲ့ MCFAs တွေဟာ ကင်ဆာအကြို ဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref: Good Health Originally posted on Yatanarpon - cp/goodhealth/news-64946

No comments:

Post a Comment