လက်ဖဝါးလေးတွေ လှပနေစေဖို့ နည်းလမ်းတစ်ချို့
By NANG KHA YEA On 08.10.2012
လက်ဖဝါးဆိုတာ လူတစ်ယောက်ရဲ့ အကြောင်းကို လက္ခဏာ မကြည့်ဘဲနဲ့
များစွာဖော်ပြနေပါတယ်။ အဲဒီ့လူ တစ်ယောက် ဘယ်လိုနေတယ်၊ ဘယ်လိုသူ့ကိုယ်သူ
ထိန်းသိမ်းစောင့်ရှောက် သလဲ ဆိုတာ ဖော်ပြနေပါတယ်။ နောက်ပြီး အဲဒီ့
လူတစ်ယောက်ရဲ့ အသက်အရွယ်ကို လည်း ဖော်ပြနေပါတယ်။ မိန်းမတစ်ယောက် အတွက်တော့
လက်ဆိုတာ ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။
လက်အကြောင်း သိကောင်းစရာ
လက်ဖဝါးနှစ်ဖက်နဲ့ လက်ချောင်းလေးတွေရဲ့ အရေပြားဟာ တမူထူးခြားပါတယ်။
အမွှေးအမျှင် မရှိပါဘူး။ လက်ဗွေရာ ရှိပါတယ်။ အကြမ်းခံနိုင်ပြီး ဒူပေဒဏ်ပေခံ
နိုင်ပါတယ်။ ဒါပေမဲ့ အထိအခိုက်လည်း လွယ်ကူပါတယ်။ လက်ချောင်းတစ်ချောင်း ဟာ
ဘယ်တော့မှ တည့်တည့်မတ်မတ် မဖြောင့်တန်းနိုင်ပါဘူး။ အထူးသဖြင့် လက်ညှိုး၊
လက်သူကြွယ်နဲ့ လက်သန်းတို့ဟာ အနည်းငယ် ကွေးညွှတ်နေတတ်ကြပါတယ်။