Tuesday 25 December 2012

သင့် နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 25, 2012 at 11:03am

နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုးပါပဲ။ အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့် ခန္ဓာကိုယ်အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

ညဘက်တွင် အစား အလွန်အကျွံ စားခြင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 25, 2012 at 10:46am


တစ်နေ့တာလုံး အလုပ် ပင်ပင် ပန်းပန်းလုပ်၊ ညနေစာ စားပြီး တီဗီရှေ့မှာ အနားယူ၊ သတင်း နားထောင်၊ ရုပ်ရှင် ကြည့်ရင်းနဲ့ အာသာပြေ ဝါးတတ် တာဟာ  ကျွန်မတို့ အားလုံး ဘာကြောင့် ညဘက်မှာ အစာ လျှော့မစားရတာလဲ ဆိုတဲ့ အဓိက အကြောင်းရင်းပါ။

အမေ့ထူသူများအတွက် နည်း ၅ နည်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 25, 2012 at 10:28am

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

Friday 21 December 2012

သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းချင်ပါသလား

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 22, 2012 at 4:23am


ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ ရှိပါတယ်။  သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 22, 2012 at 2:45am

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

Tuesday 18 December 2012

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 1:50pm 


ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး
သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ :D ယူလိုက်နော်..။

ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 1:33pm 


မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကိုယ်အနံ့က နည်းနည်းဆိုးတယ်လို့ ပေါ်တင်ပြောလို့ပဲဖြစ်ဖြစ်၊ သင့်အနားရောက်တာနဲ့ လူတွေကနှာခေါင်းရှုံသွားရင်ပဲဖြစ်ဖြစ် ကိုယ်ရဲ့ကိုယ်နံ့ကို ပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီနော်။ သင့်ရဲ့အကျင့်တွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကိုလည်း ဆန်းစစ်ဖို့လိုတာပေါ့။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အတွက် အိမ်တွင်း ကုထုံးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 12:17pm 


ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေမှာလည်း ဖြစ် တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်ချိန် မှာ သက်သာစေ မယ့် အလွယ်နည်းတွေကို ရေး သားလိုက်ရပါတယ်။

အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 11:42am 

ဂေါက်အဆစ်ရောင်နာ ခံစားနေရသူများ စားသင့်သော အစားအသောက် ............

အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့ရာ အတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါနေပါတယ်။

ဂေါက်ရောဂါ အတွက် အစားအသောက် ပုံစံဟာ လူအများစု ကျန်းမာဖို့ရာ စားသင့်တဲ့ အစားအသေ
ာက် ပုံစံနဲ့တော့ ခပ်ဆင်ဆင် ပါပဲ။ ဒါကြောင့် ဂေါက်ရောဂါ သက်သာဖို့ရာ အတွက် စားသင့်တဲ့ အစားအသောက် ပုံစံအတိုင်း လိုက်နာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်နေဟန်ထားကို ရနိုင်တဲ့ အပြင် နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 11:18am 

သက်သက်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetariansဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 10:44am 


အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ :P မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ပိန်သူဝဖြိုး အလှတိုးစေဖို့

့ by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 10:21am 

ခုခေတ်ကပိန်ပိန်သွယ်သွယ် မော်ဒယ်ခေတ်ဆိုပေမယ့် အရမ်းကြီးပိန်ကပ်နေလွန်းနေရင်လည်း
ဘယ်လှတော့မလဲနော်။ နဲနဲတော့ ပြည့်ဖြိုးဖြိုးလေး ရှိနေမှပေါ့။ ပြီးတော့ ၀တဲ့သူကသာ ပိန်ချင်ပေမယ့် ပိန်တဲ့သူတွေကတော့ ၀၀ လှလှလေး ဖြစ်ချင်ကြတာ။ ဒီတော့ ၀ချင်နေတဲ့ သူငယ်ချင်းတွေအတွက်
နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။

ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနိုင်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 9:53am 


အစောပိုင်းက အဆီများသော အစားအသောက်များသည် ဦးနှောက်ကို နှေးကွေး လေးလံစေကြောင်း ယုံကြည်ထားကြသော်လည်း ချိစ်ကဲ့သို့ နို့ထွက် ပစ္စည်းများသည် ဦးနှောက်၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဓာတ်စာများဟု ယခုတွေ့ရှိမှုက ဖော်ပြချိစ်များများ စားခြင်းသည် ဦးနှောက် စွမ်းဆောင်ရည်ကို မြင့်မားစေကြောင်း သုတေသီများ၏ ဖော်ထုတ်မှု တစ်ခုအရ အတည်ပြု တွေ့ရှိခဲ့သည်။

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 9:26am 


၁။နံနက်စာမစားတဲ့အကျင့်

နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 9:00am 

ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။ လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

ဆံကေသာအတွက် အကျိုးပြုတဲ့ အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 8:45am  


၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 8:04am 


နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း
အပြည့်ပါဝင်နေပါတယ်။  ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။

Monday 17 December 2012

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 7:48am 

ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 7:23am 

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကားဟင်းခတ် အမွှေးအကြိုင် တွေကို သဘာဝဆေးဝါးတွေလို့ တင်စားခေါ်ဝေါ် ကြပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် အောက်ပါကျန်းမာရေးအစွမ်းတွေကို ရရှိစေပါတယ်။

မျက်နှာပေါ်ကချွေးပေါက်တွေဘာကြောင့်ကျယ်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 6:56am 


မျက်နှာပေါ်က ချွေးပေါက်တွေကျယ်လာမှာကို ကြောက်နေတဲ့သူတွေရော၊ ချွေးပေါက်တွေ ကျယ်နေတာကို ကျဉ်းချင်တဲ့သူတွေရော ချွေးပေါက်တွေဘာကြောင့်ကျယ်လဲ သိချင်ကြမှာပါ။ ဒီတော့ ဘာအကြောင်းတွေကြောင့် ချွေးပေါက်တွေ ကျယ်လာလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်

ဆောင်းရာသီတွင် လှပပြီး တက်ကြွ ရွှင်လန်းနေစေရန်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 5:08am 


ဆောင်းရာသီရဲ့ မနက်ခင်းက အေးချမ်းပြီး မြူနှင်းတွေနဲ့ မှုန်မှိုင်းနေတာကြောင့် အိပ်ရာက မထချင် ဖြစ်နေပါသလား။  ဆောင်းရာသီမှာ သင်ရဲ့ ပျင်းတွဲနေတဲ့ အမူအကျင့်တွေကို မပြင်ဆင်ပါက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

အစာအိမ်နာနှင့် စပ်မိစပ်ရာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 4:01am 

အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသား အချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေး အမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။

ကွန်ပြူတာသုံးနေသူတိုင်း သတိထားရမဲ့အချက်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 3:15am         

** ကွန်ပြူတာကြည့်သူတိုင်းအတွက် **

ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ

သူဌေးရောဂါ လို့ ခေါ်ကြတဲ့ သွေးချိုဆီးချိုရောဂါ အကြောင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 2:39am 


** သူဌေးရောဂါ **

- ဆီးချိုတယ်၊ သွေးလည်းချိုတယ်၊ ဆီးပဲချိုတယ်၊ သွေးမချိုဘူး၊ သွေးချိုတယ်၊ ဆီးမချိုဘူးတဲ့။
- ဒီလိုအမျိုးမျိုး ရူပ်ရှက်ခက်အောင် တွေးနေပြောနေကြတာက "သွေးချိုဆီးချိုရောဂါ" လို့ခေါ်တဲ့ Diabetes Mellitus (DM) အကြောင်းပါပဲ။
- တကယ်တော

အစာမကြေ လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 2:15am 


အစာမကြေခြင်းနှင့် လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ

ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစာအာဟာရတွေကို စားသောက်ရမယ်ဆိုတာ သိကြပြီးသားပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာဆိုတာ အများအားဖြင့် ပြုပြင်ဖန်တီးမှု နည်းတဲ့ သဘာဝအစားအစာတွေ ဖြစ်ပြီး ဒီအစာတွေကို သင်ရဲ့ အစာခြေ လမ်းကြောင်းက ထိထိရောက်ရောက် မချေဖျက်နိုင်ရင် အာဟာရတွေကို သင့်ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်သလို အစာမကြေခြင်းနဲ့ လေထခြင်းတွေကိုလည်း ခံစားရပါလိမ့်မယ်။

ဆောင်းရာသီအတွက် အသားအရေထိမ်းသိမ်းနည်းလမ်းကောင်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 1:26am 


**ဆောင်းရာသီအတွက် အသားအရေထိမ်းသိမ်းမှု**

ဆောင်းဝင်လာပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ စတိုင်ထုတ်လို့ရပြီ။ စောင်အထူကြီးတွေ ခြုံပြီး ဇိမ်လေးနဲ့ အိပ်လို့ရပြီ။ အရမ်းချမ်းတဲ့နေရာတွေမှာ မီးပုံပွဲလုပ်ပြီး အရမ်းပျော်စရာကောင်းတဲ့ ရာသီပေါ့။ ဒါပေမယ့်
ဆောင်းရာသီနဲ့ တွဲလာတာက အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးတတ်တယ်လေ။ အဲလိုတွေ မဖြစ်အောင် ရင်နှင်းရဲ့ သူငယ်ချင်းလေးတွေ ဆောင်းရာသီမှာလည်း လှသထက်လှနေအောင် ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာ ပြောပြမယ်နော်။

ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 1:05am 
 

လောကကြီးကိုအအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ… သာမန်အသား
အရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်…. အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော…။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် အထူးရှာဖွေထားတဲ့ ဆောင်းရာသီမျက်နှာအထူးပေါင်းတင်နည်းတွေကို ရင်နှင်း ပြောပြမယ်နော်။

အယ်လ်ဇိုင်းမားရောဂါ မဖြစ်ရအောင်

by ပိုပိုဇော်(သဘာဝအားအင်) on Monday, December 17, 2012 at 11:48pm 

အယ်လ်ဇိုင်းမား ရောဂါဖြစ်မှာ စိုးရိမ်နေပါသလား။  မစိုးရိမ်ပါနဲ့။ လတ်တလော လေ့လာမှုအရ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ၇၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ဦးနှောက်ဉာဏ်ရည် တိုးတက်စေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအချက် ခြောက်ချက်ကို လမ်းညွှန်ထားပါတယ်။

အသားအရေကိုလှပစေမည့်အသီးအနှံများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, December 17, 2012 at 11:12pm 


မျက်နှာအသားအရေ နီမြန်းတာ၊ အစက်အပြောက်တွေ ပေါ်လာတာ၊ ဆံပင်နဲ့ အသားအရေ ကြမ်းတမ်းနေတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတွေအတွက် အလွယ်သုံးနိုင်မယ့် နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

Sunday 16 December 2012

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, December 16, 2012 at 9:19am



အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင် .................

အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါးသက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။

Saturday 15 December 2012

လေဖြတ်ခြင်း မဖြစ်အောင်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 1:11pm 

၁။ ချောကလက်စားပြီး သွေးစီးဆင်းမှု ကောင်းအောင်လုပ်ပါ

လေ့လာမှုကြီးအရ နေ့စဉ် ချောကလက်တစ်တုံး (Square) စားသုံးသူတွေဟာ လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။  ချောကလက်မှာ ပါဝင်တဲ့ ဖလေဖနောတွေဟာ ကိုလက်စထရောတွေ သွေးကြောနံရံတွင်း စေးကပ်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လေဖြတ်နိုင်ခြေ ရှိသလား

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 12:58pm 


တချို့လူတွေက တခြားလူတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။  အသက် ၅၅ နှစ် ကျော်ချိန်မှာ လူ ၁၀ ဦးအနက် ကိုးဦးက လေဖြတ် ဝေဒနာ ခံစားရကြောင်း သိရတာကြောင့် လေဖြတ်နိုင်ခြေများတဲ့ အချက်တွေကို သိထားနိုင်ဖို့ ဖော်ပြ လိုက်ရပါတယ်။

နှလုံးကျန်းမာပြီး သက်ရှည်ကျန်းမာစေမည့် နည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 12:33pm


သင့်နှလုံးကျန်းမာရေးအတွက် အောက်ပါနည်းလမ်း ငါးသွယ်ကို လိုက်နာတဲ့အခါ သင့်မှာ အခုထက်ပိုပြီး နုပျိုကာ သက်ရှည်ကျန်းမာစေမယ့် အပိုဆောင်း အကျိုးကျေးဇူးတွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။

ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 12:11pm 


၁။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း

မိန်းကလေးအများစုက ကိုယ်အလေးချိန် လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်း မလုပ်ပါဘဲ၊ အစားအသောက် လျော့စားတာမျိုး မရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်လောက် ရုတ်တရက် ကျသွားတဲ့အခါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို
တခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေ များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေကို CT ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။

အသက်ရှည်ကြောင်းနည်းလမ်းကောင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 11:54am 


ပိုမိုအသက်ရှည်နိုင်သည့် လွယ်ကူသောနည်းများ

နှလုံးရောဂါ၊ အရိုးပါးရောဂါ၊ ကင်ဆာရောဂါနဲ့ တခြားနာတာရှည် ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချနိုင်တာနဲ့ ၂၆ နှစ်ခန့် အသက် ပိုမိုရှည်နိုင်တယ်လို့ လေ့လာမှုပေါင်း တစ်ဒါဇင်ကျော်အရ သိရပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးတာ၊ ဆေးလိပ်ဖြတ်တာ၊
သွားဖုံးရောဂါနဲ့ နှလုံးသွေးကြော ရောဂါတွေလိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ရှောင်ရှားတာကြောင့် အထက်ပါရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အောက်ပါတို့ကို လိုက်နာပါက သင်ရဲ့ရောဂါ ဖြစ်နိုင်ခြေ သုံးဆခန့် လျော့နည်းနိုင်တယ်လို့ UCLA မှ သုတေသီတွေက ဖော်ပြထားပါတယ်။

Thursday 13 December 2012

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေသော အကြောင်းရင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, December 14, 2012 at 4:51am 


အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

Wednesday 12 December 2012

လူတိုင်းသိထားသင့်တဲ့ စားအုန်းဆီ(Ediable oil)အကြောင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, December 13, 2012 at 4:16am 

နေ့စဉ် ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဆီသည်များသောအားဖြင့် ပါလေရာ စားသောက်ကုန်တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ အမျိုးအမည်ပေါင်းများစွာသော အပင် တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်းမှန်သမျှ အဆီဓာတ်ကိုထုတ်ယူနိုင်ပါသည်။ သို့သော် လက်တွေ့တွင် ဆီကို အစေ့၊ အဆံမှ ထုတ်ယူစားသုံး လေ့ရှိသည်။ အသီးအရွက်အဆီနှင့် ဆီများ (Vegetable fats and Oils) တိုင်းကို စားသုံး၍ ရချင်မှရသည်။

သဘာဝအစာများနဲ့လွယ်ကူစွာ ကုသနိုင်သော ရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, December 12, 2012 at 10:08am


အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးကတည်းက တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ နေ့စဉ် ကျန်းမာရေးအတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသလို အရက်နာကျတာ၊ ရာသီအကြိုဝေဒနာစတဲ့ နာမကျန်းမှု တွေ ဖြစ်ပေါ်လာရင်လည်း အပင်ထွက် အစားအ စာတွေနဲ့ ကုသနိုင်ပါတယ်။ အောက်ပါ တို့ကတော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့ အစား အသောက်တွေ ဖြစ်ပြီး ဝေဒနာခံစားရ ချိန်မှာ သင့်အနေနဲ့ အလွယ်တကူ သုံးနိုင်ပါတယ်။

Tuesday 11 December 2012

ဆံကေသာက ပြောပြနေသော သင့်ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, December 12, 2012 at 1:32am


ဆံကေသာအကြောင်း ပြောတဲ့အခါတွေမှာ ကျွန်မတို့ဟာ ဆံပင်ပုံစံ၊ ဆံပင်ပုံ သွင်းပစ္စည်း၊ ဆံပင်အရောင် စတဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်စား လေ့ ရှိတတ်ပါတယ်။ကျွမ်းကျင်သူတွေက ဆံပင်နဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ အခါမှာ ဆံကေသာဟာ
အလှအပနဲ့ သာမက ကျန်းမာရေးနဲ့လည်း ဆက်စပ်မှု ရှိနေကြောင်း လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ဒါကြောင့် ဆံကေသာ ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို ဘယ်လို ဖော်ညွှန်း နေသလဲ ဆိုတာကို ဆန်းစစ် လေ့လာနိုင်အောင် ရေးသားလိုက် ရပါတယ်။

အအေးမိခြင်းကို ကာကွယ်ပေးတဲ့ဟင်းခတ်အမွှေးအကြိုင် ၃ မျိုး

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 11, 2012 at 3:37pm


ဟင်းခတ် အမွှေးအကြိုင် တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်လို့ ဟင်းတွေ ချက်ပြုတ် ပြင်ဆင်ရာမှာ ထည့်သွင်း အသုံးပြု သင့်ကြောင်း သိလည်း သိခဲ့ကြသလို သုံးလည်း သုံးခဲ့ကြ
ပါတယ်။

ငှက်ပျောသီးကပေးတဲ့အာနိသင်

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 11, 2012 at 11:54am 



(၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။

Sunday 9 December 2012

အရိုးပွခြင်းကို ကာကွယ်ပေးမဲ့ အသီးအနှံ ၁၀ မျိုး

by ပိုပိုဇော်(သဘာဝအားအင်) on Sunday, December 9, 2012 at 8:30am 


၁။ ပန်းဂေါ်ဖီအစိမ်း (Broccoli)
ပန်းဂေါ်ဖီအစိမ်းသည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေနှင့် ဗီတာ မင်-ဘီတိြုွ့ကယ်ဝသော ဟင်းရွက်ဖြစ် သည်။  ထို့အပြင် ဗီတာမင်စီပါဝင်မှုလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ်စုတ်ယူနိုင်မှုကိုတိုးမြှင့်ပေး သည်။

Saturday 8 December 2012

ကြက်ဟင်းခါးပင်၏ ကျန်းမာရေးစွမ်းပကား

by popozaw on 09.12.2012


ကြက်ဟင်းခါးသီး၏ စွမ်းပကားခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။


အာဟာရတန်ဘိုးများနဲ့ စားသုံး သင့်သည့်အစားအစာများ

by popozaw on 08.12.2012


Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။Micronutrients ( အသေးစား အဟာရများ) ၏ အလုပ် လုပ်ပုံနှင့် ရနိုင်သည့် အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာများ ကို တင်ပြ လိုက်ပါသည်။

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 8, 2012 at 1:35pm 

မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ကျန်းမာရေးနဲ့ညီအောင်ဒီလိုလေးစားရအောင်

by popozaw on 07.12.2012


၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

Friday 7 December 2012

ကဖင်းဓာတ်နှင့် လေ့ကျင့်ခန်းတို့က အရေပြားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်

by popozaw on 07.12,2012

လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကော်ဖီသောက်သုံးခြင်းနှစ်ခု ပေါင်းရလဒ်သည် အရေပြားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်သုတေသန ပညာရှင်များက ဧပြီလ၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တွေ့ရှိချက်ကို မတ်လ၃၁ရက်နေ့မှ ဧပြီလ၄ရက်နေ့အထိ ချီကာဂိုမြို့၌ ကျင်းပပြုလုပ်ခဲ့သော အမေရိကန်ကင်ဆာ သုတေသနအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး၌ တင်ပြခဲ့သည်။

အမျိုးသားနှင့် အမျိုးသမီးအကြား စိတ်ဝင်စားဖွယ်ရာ စိတ်အခြေအနေများ

by popozaw on 07.12.2012


အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှုရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိထားပါတယ်။

ရောဂါအမျိုးမျိုးပျောက်စေတဲ့ လိမ္မော်

by popozaw on 03.12.2012


လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ အနဲငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။

Sunday 2 December 2012

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

by popozaw on 02.12.2012


ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။