Saturday 27 October 2012

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

by NANG KHA YEA on 27.10.,2012















ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေ
အားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ

ဒညင်းသီး အရမ်းကြိုက် တဲ့ ကိုကို မမ တို့ သတိထားဖို့ ပါ။

ဒညင်းသီး အရမ်းကြိုက် တဲ့ ကိုကို မမ တို့ သတိထားဖို့ ပါ။ 
by NANG KHA YEA on 27.10.2012



 

ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို  တော်တော်များများစားဖူးကြပါတယ်။ ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင်ဘူးဆိုတာ စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲရပါတယ်။ ဒါကြောင် ပြန်ပြီးမျှဝေ လိုက်ပါတယ်။

အရွယ်အို လည်း နုပျို နေဆဲ လှပနေအောင်လေ

အရွယ်အို လည်း နုပျို နေဆဲ လှပနေအောင်လေ

by NANG KHA YEA  on  27,10, 2012 at 10:29pm
 ·


 အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသားအရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တို့၏ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ဗောက် ပျောက်ချင်တယ် ဆိုရင်

ဗောက်ပျောက်ချင်တယ်ဆိုရင်

by NANG KHA YEA on  on Saturday, October 27, 2012

ဗောက်ထတယ် ဆိုတာ

ဗောက်ဆိုတာ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အဖတ်လေးတွေကို ဆံပင်မှာနဲ့ အဝတ်အစားတွေပေါ် မကြာခဏ တွေ့ရတတ်တာမျိုးပါ။  ဦးရေပြားပေါ်က ဆဲလ်သေတွေ ကွာကျတာကို ဗောက်ထတယ်လို့ ခေါ်ပါတယ်။ ခေါင်းဖြီးလိုက်ချိန်နဲ့ ဦးရေပြားကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ချိန်မှာ တွေ့ရပါတယ်။

ကျန်းမာ ပျော်ရွှင်စေမည့် နည်းလမ်းကောင်းများ

ကျန်းမာ ပျော်ရွှင်စေမည့် နည်းလမ်းကောင်းများ

BY nang kha yea ON 27.10.2012

နေ့စဉ်နဲ့အမျှ လှုပ်ရှား ရုန်းကန်နေရတဲ့အခါ အခက်အခဲ၊ အတားအဆီး၊ အနှောင့်အယှက်တွေကို ကြုံတွေ့ရနိုင်ပါတယ်။  ဒါတွေအပေါ်မှာ သင့်အနေနဲ့ ဖိစီးမှု ဖြစ်ပေါ်နေရင် သင့်ကျန်းမာရေး အတွက်လည်း ထိခိုက်စေပါတယ်။ သင့်ကို ကျန်းမာ ပျော်ရွှင်စေတဲ့ နည်းလမ်းကောင်းတွေ မျှဝေပေးချင်ပါတယ်။

Friday 26 October 2012

ပျားရည်၏အစွမ်းထက်ပုံ

ပျားရည်၏အစွမ်းထက်ပုံ (Honey)  
 by NANG KHA YEA on 27.10.2012 

ပျားရည်ကို လူသားတို့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အစားအသောက်အတွက်သာမက ဆေးဖက်လည်း ၀င်သောကြောင့် လူမျိုးတိုင်း ဘာသာတိုင်း နည်းပါး၏ သမိုင်းတွင် ပျားရည်၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။ ရှေးခောတ်ကတည်းက ပင် ပျားရည်ကို အနာကျက်ဆေး အနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့်လည်းကောင်း၊ အသားလှဆေးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။

ယခင်က မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်သည်ကို မသိခဲ့ကြသော်လည်း ယခုအခါ သိပ္ပံပညာ၏ တိုးတက်မှုနှင့်အတူ သိခွင့်ရှိလာပြီ ဖြစ်သည်။ ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့် ဖြစ်ပါသည်။

ဆေးဖက်ဝင်ရှောက်သီး

ဆေးဖက်ဝင်ရှောက်သီး
 by NANG KHA YEA on 27.10.2012



(၁)အုန်းနို့ခေါက်ဆွဲ၊ဒံပေါက်၊မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊
သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။

(၂)အစာအဟာရများကိုမမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏပျို့အန်ခြင်းနှင့်အစာမကြေခြင်းများ ဖြစ်နေပါ
ကရှောက်က်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်ကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်   သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။

ဖရဲသီးကပေးတဲ့ ကျန်းမာရေး နှင့် အလှအပ အကျိုးအမျိုးမျိုး

 ဖရဲသီးကပေးတဲ့ ကျန်းမာရေး နှင့် အလှအပ အကျိုးအမျိုးမျိုး
by NANG KHA YEA on 26.10.2012

 














ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

သင့်ကို မောပန်းမှုဖြစ်စေသော အကြောင်းများ

သင့်ကို မောပန်းမှုဖြစ်စေသော အကြောင်းများ

by NANG KHA YEA on 26.10.2012

မောပန်းနွမ်းနယ်မှုက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် တချို့လည်း အကြောင်းရှာမရဘဲ မောပန်းနွမ်းနယ်တာ၊ ခြေလက်တွေ မသယ်ချင်လောက်အောင် နုံးချည့်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

သင့်ကို ဝစေသော အချက်ရှစ်ရပ်

သင့်ကို ဝစေသော အချက်ရှစ်ရပ်
by NANG KHA YEA on 26.10.2012


၁။ ဖတ်ရှုလေ့လာနိုင်စွမ်း

အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို  အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

by NANG KHA YEA on 26.10.2012

၁။ ဝိုင်

ဝိုင်နီဟာ အက်စစ် ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။

၂။ လက်ဖက်ရည်

ဝိုင်လိုပဲ သွားတွေကို အရောင် စွန်းစေတဲ့ Tannins တွေ ပါဝင်ပါတယ်။ ကော်ဖီတွေဟာ Tochromogen ပါဝင်မှုမြင့်ပေမယ့် သွားကို အရောင်စွန်း စေတဲ့ Tannin ပါဝင်မှု ကတော့ နည်းတဲ့အတွက် လက်ဖက်ရည် သောက်တဲ့ သူတွေရဲ့ သွားဟာ ကော်ဖီသောက်သူတွေ ထက် ပိုပြီး အရောင် စွန်းနိုင်ပါတယ်။

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

by NANG KHA YEA on 26/10/2012


အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသံ
ုးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။

Thursday 25 October 2012

ကျန်းမာ လှပနုပျိုစေတဲ့ သဘာဝ ဖျော်ရည်များ

ကျန်းမာ လှပနုပျိုစေတဲ့ သဘာဝ ဖျော်ရည်များ
by NANG KHA YEA on 25.10.2012

 
အာက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။

၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး

ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။ 

၂။ခရမ်းချဉ်သီး+သခွားသီး+ပန်းသီး

 ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှုရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးစေသည်။

Acne (၀က်ခြံပြဿနာ)နှင့် သဘာဝ ကုထုံများ

Acne (၀က်ခြံပြဿနာ)နှင့်သဘာဝ ကုထုံများ
by NANG KHA YEA on 25.10.2012














အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ. ၀က်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

 ၁။ အဆီအစိမ်.အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက် အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန်. များ စားခြင်း

ကြက်သွန်ဖြူလေးနဲ့ အလှပြင်လို့ ရတယ်နော်

 ကြက်သွန်ဖြူလေးနဲ့ အလှပြင်လို့ ရတယ်နော်
by NANG KHA YEA on 25.10.2012
 မနေ့က တင်ပေးထားတဲ့ post (နေ့စဉ်စားသင့်တဲ့ ကြက်သွန်ဖြူ တစ်စေ့တစ်စောင်း သိစေ ချင် လို့ပါ။)
လေးမှာ သူငယ်ချင်း တွေက comment box ကလေးမှာ မှတ်ချက်တွေအများကြီးပဲ ပေးကြတာအရမ်း
ဝမ်းသာရပါတယ်။ အဲဒီထဲ ကမှ သူငယ်ချင်း တချို့ကမေးတယ်။ကြက်သွန်ဖြူ နဲ့ရောအလှပြင်လို့မရဘူး
လားလို့မေးထားတော့ဖတ်ဖူးတဲ့ကြက်သွန်ဖြူနဲ့ အလှပြင်မယ်ဆိုတဲ့ အကြောင်း မှတ်သားထားဘူး တဲ့
စာရွက်စာတန်းလေးတွေပြန် လေ့လာရင်း သိချင်ကြတဲ့သူငယ်ချင်းတွေရော မသိသေးတဲ့သူငယ်ချင်းတွေ
အားလုံးအတွက် ဒီ post လေးကို တင်ပေးလိုက်ပါတယ်။ကဲ  ကြက်သွန်ဖြူ ရဲ့အစွမ်းကတော့..........

နာကျင်ကိုက်ခဲမှုများကို ကုသရင်း အပိုဆောင်း အာနိသင်ကို ရယူပါ

နာကျင်ကိုက်ခဲမှုများကို ကုသရင်း အပိုဆောင်း အာနိသင်ကို ရယူပါ

by NANG KHA YEA on 25.10.2012


သင့်မှာ ခံစားနေရတဲ့ ရောဂါဝေဒနာကို ကုသရင်း နောက်ထပ် ကောင်းကျိုးရနိုင်တဲ့ အာနိသင်တွေကို ရယူနိုင်ဖို့ ရေးသားလိုက်ပါတယ်။

ရုံးပတီသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ


ရုံးပတီသီး (Okra)
by NANG KHA YEA on 25.10.2012

 ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။
- အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
- သွေးပေါင်ချိန်ကိုထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

Wednesday 24 October 2012

ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း

ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း

by NANG KHA YEA on 25.10.2012




 













အသက်အရွယ် ရလာတာနဲ့အမျှ မျက်နှာက ကြွက်သားတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာ လေ့ကျင့်ခန်းတွေကို နေ့စဉ် လူနေမှုဘဝထဲမှာပဲ ထည့်ပေါင်း ပြုလုပ်ပေးနိုင်ပါတယ်။

အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်းများ

အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်းများ

by NANG KHA YEA on 24.10.2012









မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြပါတယ်။  သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက်တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။

နှစ်ခြိုက် အိပ်ပျော်စေဖို့

နှစ်ခြိုက် အိပ်ပျော်စေဖို့ 

by NANG KHA YEA on 24.10.2012


အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

by NANG KHA YEA on 24.10.2012

ဗိုက်ပူတာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။  ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးများ

ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးများ

by NANG KHA YEA on 24, 10 , 2012

ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။  ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့ လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

အမျိုးသားတို့ အဓိက စားသင့်သော အရာများ

အမျိုးသားတို့ အဓိက စားသင့်သော အရာများ

by NANG KHA YEA on 24.10.2012

အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင်နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

သစ်သီးဝလံတို့၏အစေ့စားလို့တိုင်း စားသင့်မလား

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်


သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။

 (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

နေ့စဉ်စားသင့်တဲ့ ကြက်သွန်ဖြူ

ဆေးဘက်ဝင်ကြက်သွန်ဖြူ
by NANG KHA YEA on 24.10.2012
 
(၁) ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သလိပ်၇ှင်းသည်။ ဆီးကို၇ွှင်စေသည်။ အလွယ်တကူ ကျေ၇ာက် တက်သည့်ေ၇ာဂါပိုးများကိုလည်း ကာကွယ် ပေးနိုင်သည်။ ကင်ဆာဆဲလ်များ ဖြစ်သော ကာစီနိုဂျင် (Carcinogens) များကို ဟန့်တားခြေဖျက် နိုင်စွမ်း ၇ှိကြောင်းပင် ဖြစ်သည်။

(၂) ကြက်သွန်ဖြူတွင် ပါဝင်သော အော်ဂင်နိုဆာလ်ဖာ ဒြပ်ပေါင်းသည် ၀မ်းတွင်း၇ှိ ဗက်တီး၇ီးယားများကို ဟန့်တား နိုင်သည်။ အစိမ်းလိုက်စားခြင်းဖြင့် ၀မ်းတွင်းကင်ဆာ ဖြစ်မှုကို ပပျောက်စေနိုင်ကြောင်း

Tuesday 23 October 2012

လွယ်လွယ်ကူကူ အလှပြင်ကြရအောင်

လွယ်ကူသော အလှအပရေးရာ နည်းလမ်းများ

by NANG KHA YEA on 24.10.2012


သင့်မျက်ဝန်း ညှိုးနွမ်းနေသလား

သင့်မျက်ဝန်းက တောက်ပမှုကင်းပြီး ညှိုးနွမ်းကာ နီနေရင် မျက်စဉ်းဆေး ခတ်လိုက်ပါ။ သင့်ပိုက်ဆံအိတ် ဒါမှမဟုတ် အံဆွဲထဲမှာ မျက်စိကို အေးမြစေမယ့် (စတီးရွိုက် လုံးဝမပါဝင်တဲ့) မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

သင့်ပေါင်တံ ကျစ်လျစ်သွယ်လျသွားစေမည့် အလွယ်နည်းများ

သင့်ပေါင်တံ ကျစ်လျစ်သွယ်လျသွားစေမည့် အလွယ်နည်းများ

by NANG KHA YEA on 24.10.2012

ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။

သဘာဝနည်းလေးနဲ့ခံတွင်းနံ့ပျောက်ကင်းအောင်

ခံတွင်းနံ့ဆိုးခြင်းပျောက်ကင်းအောင်
 by NANG KHA YEA on













 သကြားလုံးတွေ၊ ရှောက်သီးခွံတွေကို တတိတိနဲ့ ဝါးစားမယ့်အစား လက်ဖက်ရည် သောက်ပါလို့ ဆိုလာကြပါပြီ။

Monday 22 October 2012

ကျန်မာဖွံ့ဖြိုးအလှတိုး တဲ့ ငှက်ပျောသီး။

ကျန်မာဖွံ့ဖြိုးအလှတိုး တဲ့ ငှက်ပျောသီး
by NANG KHA YEA on 23.10.2012

ပျိုမေတို့လက်ရှိသုံးနေတဲ့အလှကုန်တွေအများစုငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့အလှကုန်တွေပဲ  ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် အသုံးပြုကြပါတယ်။
ဒါ့အပြင်ဆံကေသာ  အတွက်   လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံး ပြုကြပါတယ်။
ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။ 

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ

by NANG KHA YEA on 23.10.2012
Photo: ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း  သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

By Good Health
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း

ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

ပိုမို လှပကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

BY nang kha yea on 23.10.2012

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှုလျော့စေခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါနည်းလမ်းလေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်းပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

ကြွက်တက်တတ်ပါသလား

ကြွက်တက်တတ်ပါသလား

by NANG KNA YEA on 23.10.2012

ကြွက်သားမျှင်တွေ တာရှည်စွာ ကျုံ့ထားရတာကြောင့် ကြွက်သား တစ်ခု ဒါမှမဟုတ်  ကြွက်သား တစ်အုပ်စု အကြောဆွဲရာမှ ကြွက်တက်တာ ဖြစ်လာပါတယ်။ ကြွက်တက်ရင် ၁၀ မိနစ်ခန့် ကြာတတ်ပါတယ်။ ခြေသလုံး ကြွက်သား၊ ပေါင် အနောက်ဘက်၊ ခြေထောက်နဲ့ ခြေချောင်းတွေမှာ များသောအားဖြင့် ကြွက်တက် တတ်ပေမယ့် သားအိမ်နဲ့ အူတွေ အပါအဝင် ခန္ဓာကိုယ်နေရာ အနှံ့မှာလည်း ဖြစ်တတ်ပါတယ်။ ကြွက်တက်တာ ပြီးသွားရင်တောင် ၂၄ နာရီခန့် နာကျင်တာတွေ ဆက်လက် ခံစားရနိုင်ပါတယ်။

သဘာဝ နည်းနဲ့ ဆားဝက်ခြံ ကင်းဝေးစေမယ်

ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ
by NANG KHA YEA on 23.10.2012

 ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး 
 by NANG KHA YEA on 23.10.2012

လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေးအကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

 ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ 

by NANG KHA YEA on 22.10.2012


ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ
 ပြောပြဦးမယ်နော်။တကယ်လဲအသုံးဝင်တဲ့နည်းလေးတွေပါ။

Sunday 21 October 2012

ကိုယ်သင်းနံ့လေး.....မွှေးစေဖို့ (အမျိုးသားများအတွက်အထူး)

ကိုယ်သင်းနံ့လေး.....မွှေးစေဖို့ (အမျိုးသားများအတွက်အထူး)

by NANG KHA YEA on 21.10.2012

 

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

အံ့ဖွယ်ရာအစွမ်း ရှိတဲ့ ဂေါ်ရခါးသီး ခေါ် ဆူကာသီး

ဂေါ်ရခါး သီးနှင့် ကျန်းမာရေး

 by NANG KHA YEA on 21.10.2012

 

ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်…..။ ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့…။
ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။