Saturday 15 September 2012

သံပုရာ ရဲ့ အကျိုးကျေးဇူး များ

သံပုရာ ရဲ့ အကျိုးကျေးဇူး များ

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက်
 ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

 
- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။


လူ့တိုင်းအတွက် နေ့စဉ် စိတ်ကြည်လင်စေရန် ပြုလုပ်နည်း


  • လူ့တိုင်းအတွက် နေ့စဉ် စိတ်ကြည်လင်စေရန် ပြုလုပ်နည်း

     

  • နေ့စဉ် 10 မိနစ်မှ မိနစ်30 အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
  • နေ့စဉ်အနည်းဆုံး 10မိနစ်ခန့် ဘာကိုမှာမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
  • ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ် 7နာရီပြည့်အောင်အိပ်ပါ။
  • E သုံးလုံးနဲ့အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

by Health Articles on Saturday, September 15, 2012 at 10:07pm ·

၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ ။စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီးစားတာမျိုးမဟုတ်ဘဲ
အိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစားအစာမျိုးကိုပဲ စားဖို
့လိုအပ်တယ်
၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာစိတ်ရောကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်
အလုပ်မျိုးမလုပ်ပါနဲ့ ။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ


### အံသြဖွယ်ရာ သခွားသီး အစွမ်းများ ###

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆ
ီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ


by Health Articles on Friday, September 14, 2012 at 6:11pm ·


ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်းသွားစေပါတယ်။  ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင်သောက များနေသူတွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းနှင့် ပတ်သက်သော အယူအဆများ

ဝမ်းချုပ်ခြင်းနှင့် ပတ်သက်သော အယူအဆများ

by Health Articles on Friday, September 14, 2012 at 5:26pm ·


ဝမ်းချုပ်တာက လူတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ပျံ့နှံ့နေတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။  ဒါကြောင့် ဝမ်းချုပ်တဲ့ အကြောင်းကို အမှန်သိစေဖို့ ရေးသားလိုက်ရပါတယ်။

အစာခြေလမ်းကြောင်း ကျန်းမာရေးဆိုင်ရာ သတိပေး လက္ခဏာများ

အစာခြေလမ်းကြောင်း ကျန်းမာရေးဆိုင်ရာ သတိပေး လက္ခဏာများ

by Health Articles on Thursday, September 13, 2012 at 6:32pm ·


သင့်ခန္ဓာကိုယ်ရဲ့ အသံကို နားဆင်ကြည့်ပါ။  ဗိုက်နာ၊ ဗိုက်အောင့်တယ်ဆိုရင် ဝမ်းဗိုက်နေရာပေါ် မူတည်ပြီး အူအတက်ရောင်တာ၊ အူကျတာ၊ အူပိတ်တာနဲ့ တခြားပြင်းထန်တဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ တချို့သော အခြေအနေတွေက ချက်ချင်းခွဲစိတ်ဖို့ လိုအပ်တတ်တာကြောင့် အရေးကြီးပါတယ်။ တစ်ခါတစ်ရံ ဗိုက်အောင့်တာက နှလုံးရောဂါထ (Heart Attack) တဲ့ လက္ခဏာတစ်ရပ် ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ရင်ဘတ်၊ လက်မောင်း၊ ပခုံး၊

သန္ဓေတားဆေး သောက်နေသလား

သန္ဓေတားဆေး သောက်နေသလား

by Health Articles on Thursday, September 13, 2012 at 6:26pm ·


ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

ဆေးဝါးမလိုဘဲ အမျိုးသား စွမ်းဆောင်ရည် ပိုကောင်းမွန်စေမည့် နည်းများ

by Health Articles on Wednesday, September 12, 2012 at 5:12pm ·

အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးနိုင်မယ့် ဆေးဝါးမျိုးစုံ  ရှိနေပေမယ့် ဆေးတွေကို မမှီဝဲချင်ဘူးဆိုရင် သဘာဝနည်းနဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာစေမယ့် အောက်ပါ နည်းလမ်းတွေကို လိုက်နာ ပေးသင့်ပါတယ်။ အမျိုးသားစွမ်းဆောင်ရည် ကောင်းစေမည့် အာဟာရ လေ့ကျင့်ခန်း လုပ်တာနဲ့အတူ လိင်တံဆီကို သွေးစီးဆင်းမှု ကောင်းစေမယ့် အစားအစာတချို့ကို တွဲဖက်စားပေးပါ။ အဲဒီအစာတွေကတော့-

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ - ခံတွင်း အနံ့အတွက် သိပ်မကောင်းလှပေမယ့် သွေးလှည့်ပတ်မှု စနစ်အတွက် ကောင်းမွန်တဲ့ အစာနှစ်မျိုးပါ။

ငှက်ပျောသီး - ပိုတက်စီယမ်များစွာပါတဲ့ ငှက်ပျောသီးဟာ သွေးဖိအားကို ကျစေပြီး လိင်မှုဆိုင်ရာ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

ငရုတ်သီးနှင့် ငရုတ်ကောင်း - သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေဟာ သွေးတိုးနဲ့ ရောင်ရမ်းမှု လျော့ကျစေကာ သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းစေပါတယ်။

အမျိုးသားစွမ်းဆောင်ရည် ကောင်းမွန်စေမည့် ဖြည့်စွက်ဓာတ်များ

အမျိုးသားအင်္ဂါ သန်စွမ်းကျန်းမာအောင် စွမ်းဆောင်ပေးမယ့် ဖြည့်စွက်ဓာတ်တွေ ရှိပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် - ဆယ်လ်မွန်ငါးနဲ့ တူနာငါးတွေမှာ တွေ့ရသလို ထောပတ်သီးနဲ့ သံလွင်ဆီထဲမှာပါတဲ့ အိုမီဂါ ၃ ဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

ဗီတာမင် B1 - ဒီဗီတာမင်က နာ့ဗ်ကြောစနစ်ကို ပိုမြန်မြန် လှုပ်ရှားစေပြီး ဦးနှောက်ကနေ လိင်တံဆီကို အချက်ပြမှု မြန်ဆန်စေပါတယ်။ ဒီဗီတာမင် ပါဝင်တဲ့ အစာတွေက အဆီနည်းတဲ့ ဝက်သား၊ မြေပဲနီ ပဲနီစေ့တွေ ဖြစ်ကြပါတယ်။

ဥအမျိုးမျိုး - ဗီတာမင်ဘီ အုပ်စုများစွာပါတဲ့ ဥအမျိုးမျိုးဟာ ဟော်မုန်းအဆင့်ကို ဟန်ချက်ညီစေပြီး စိတ်ဖိစီးမှုလျော့ကျကာ အမျိုးသား စွမ်းဆောင်ရည် တိုးစေပါတယ်။

တက်တက်ကြွကြွ နေထိုင်လှုပ်ရှားပါ  

သင့်ကျန်းမာရေးကို ပိုကောင်းမွန်စေမယ့် အကောင်းဆုံး လေ့ကျင့်နည်း တစ်ခုက နှလုံးသွေးကြော ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်တာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်း မှန်ပြီး သက်လုံကောင်းစေပါတယ်။ အပြေးလေ့ကျင့်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာစတဲ့ ချွေးထွက်စေမယ့် လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ ခန့် ပြုလုပ်ပေးရင် အမျိုးသား စွမ်းဆောင်ရည်ကို ပိုကောင်းစေပါတယ်။

Tip! လေ့ကျင့်ခန်း လုပ်တာကြောင့် ဝမ်းဗိုက်အဆီ လျော့ကျသွားတာဟာ အမျိုးသား စွမ်းဆောင်ရည်ကို ပိုကောင်းမွန်စေတဲ့ အချက်ပါ။

စိတ်ဖိစီးမှု လျှော့ချပါ  

စိတ်ဖိစီးမှုဟာ လိင်စိတ်အပါအဝင် အထွေထွေ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးခုန်နှုန်း တိုးတာနဲ့ သွေးတိုးတာတို့ ဖြစ်စေပြီး ဒီအချက် နှစ်ခုစလုံးဟာ လိင်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်။

စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အမင်း သောက်တာတို့ ဖြစ်စေသလို ဒီအကျင့်ဆိုး နှစ်ခုစလုံးက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

နေခြည်နုနု ခံယူပါ

နေခြည်နုနုဟာ ခန္ဓာကိုယ်ရဲ့ မယ်လတိုနင် ဟော်မုန်းထွက်နှုန်း နှေးစေပါတယ်။ ဒီဟော်မုန်းက အိပ်မောကျစေတာကြောင့် လိင်ဆန္ဒ လျော့ကျစေပါတယ်။ မယ်လတိုနင် နည်းပြီး လန်းဆန်းနေမှသာ အမျိုးသားစွမ်းဆောင်ရည် ကောင်းမွန်မှာ ဖြစ်လို့ အပြင်ထွက်ပြီး နေခြည်နုနု ခံယူပေးပါ။ အထူးသဖြင့် အုံ့မှိုင်းတဲ့ ရာသီတွေမှာ အပြင်ထွက်ကာ နေခြည်နုနု ခံယူပေးသင့်ပါတယ်။

သင့်အိမ်ထောင်ဖက်ကို ဂရုစိုက်ပါ  

အိမ်ထောင်ဖက်ရဲ့ စိတ်ဆန္ဒကို အလေးထားမှသာ သင်တို့ဇနီးမောင်နှံဟာ အိမ်ထောင်မှု သုခအပြည့်အဝ ရရှိမှာပါ။ ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကိုလည်း ကြင်ကြင်နာနာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ကေအမ်
Ref:Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-64005

အူမကြီးရောင်ရမ်းမှုဝေဒနာ သက်သာစေမည့် စားသောက်နည်း ခုနစ်နည်း

အူမကြီးရောင်ရမ်းမှုဝေဒနာ သက်သာစေမည့် စားသောက်နည်း ခုနစ်နည်း

by Health Articles on Wednesday, September 12, 2012 at 5:09pm ·

အူမကြီး (Colitis) ရောင်ရမ်းမှု ဝေဒနာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှ အာဟာရ စုပ်ယူနိုင်စွမ်း လျော့ကျတာကြောင့် အာဟာရချို့တဲ့ နေတတ်ပါတယ်။  ဒီလို မဖြစ်စေဖို့ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်သလို စားသောက်တဲ့ အစားအသောက်တွေကို အလေးထား စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

(၁) အစားအသောက် အစုံစားပါ

အူမကြီး ရောင်ရမ်းတဲ့ သူတွေနဲ့ တခြားအူရောဂါ ရှိသူတွေအနေနဲ့ အာဟာရတန်ဖိုး လျော့နည်းတဲ့ အစားအစာတွေကို စားမယ့်အစား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။

(၂) စားသောက်မှုအကြောင်း မှတ်ထားပါ

အူမကြီး ရောင်ရမ်းတဲ့သူတွေမှာ ရောဂါထအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစာတွေက တစ်ဦးနဲ့တစ်ဦးမှာ မတူညီကြပါဘူး။ ဘယ်အစားအသောက်တွေက ကိုယ့်ကို ပြဿနာပေးနိုင်တယ် ဆိုတာကို အလွယ်ကူဆုံး သိနိုင်ဖို့ အစားအသောက်ဆိုင်ရာ မှတ်တမ်းတစ်ခုကို ထားရှိပေးပါ။ အဲဒီမှတ်တမ်းထဲမှာ သင်စားသောက်တဲ့ အရာတိုင်းကို ချရေးပြီး အဲဒီနေ့မှာ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို မှတ်ထားပါ။ ဒီမှတ်တမ်းဟာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာ ပြသနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(၃) ကောင်းကောင်းစားပါ၊ မကြာခဏစားပါ

အူမကြီး ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှ အာဟာရနဲ့ ကယ်လိုရီ စုပ်ယူနိုင်စွမ်း လျော့ကျပြီး ကိုယ်အလေးချိန် လျော့ကျတာနဲ့ အာဟာရ ချို့တဲ့တာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာတွေက ကယ်လိုရီများပြီး ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။ လူအများစုဟာ တစ်နေ့မှာ အစာသုံးနပ် စားဖို့လိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာကို သုံးကြိမ်စားပေးမှသာ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။

(၄) ဖြည့်စွက်ဆေး မှီဝဲပါ

အစားအသောက်ကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်ပေမယ့် တချို့လူတွေက အစားအသောက်တွေမှ တချို့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အူမကြီး ရောင်ရမ်းနေသူတွေ အနေနဲ့ အာဟာရ ဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။ အများအားဖြင့် အူမကြီး ရောင်ရမ်းနေသူ အများစုဟာ ဗီတာမင် B12 နဲ့ သံဓာတ် ဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။

(၅) ရှောင်သင့်သော အစာများ

အူမကြီး ရောင်ရမ်းနေချိန်မှာ ရောဂါကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါတယ်။ အဲဒီ အစားအသောက်တွေ ဖြစ်ကြတဲ့

- အမျှင်ဓာတ်များတဲ့အစာ (အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်)
- နို့နဲ့ နို့ထွက်ပစ္စည်း
- အဆီများတဲ့ အစားအသောက်
- ကဖင်းဓာတ်
- ကာဗွန်ပါတဲ့ အချိုရည်
- အရက်တွေကို ရှောင်ဖို့ လိုပါတယ်။

(၆) ရေဓာတ် ပြည့်ဝအောင်နေပါ

အူမကြီး ရောင်ရမ်းနေသူတွေနဲ့ အူရောင်ရမ်း နေသူတွေက ရေကို များများသောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် ကျောက်ကပ်ဝေဒနာ၊ သည်းခြေ ကျောက်တည်တာစတဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။

(၇) လှုံ့ဆော်မှုဖြစ်စေသော အပြောင်းအလဲများကို အလေးထားပါ

ဘယ်အစားအသောက်ကို စားမိရင် အူမကြီးရောင်ရမ်းတဲ့ ဝေဒနာတွေကို ဖြစ်စေသလဲ၊ ဘယ်လို အခြေအနေတွေမှာ အူမကြီးရောင်ရမ်းမှုကို လှုံ့ဆော်ပေးနိုင်သလဲ စတဲ့ အခြေအနေတွေကို သိနားလည်ပြီး အဲဒီလှုံ့ဆော်မှုပေးတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပါတယ်။

ဇွန်
Ref:Good Health
Source:http://www.yatanarpon.com.mm/news/review-53882

Friday 14 September 2012

ကုလားပဲ အကျိုး ခုနှစ်မျိုး

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
by Health Articles on Tuesday, September 11, 2012 at 1:33pm
ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး

နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး
by Health Articles on Tuesday, September 4, 2012 at 7:25pm ·

အသက်ကြီးလာတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ နေ့စဉ် ထိတွေ့နေရတာ၊ စိတ်ဖိစီးမှုများတာ၊ မောပန်း နွမ်းနယ်တာတွေကြောင့် သင်ရဲ့ အသွင်အပြင်က မရွှင်မပျဖြစ်ကာ ရှိသင့်တဲ့ အသက်ထက် ပိုတယ်လို့ ထင်မြင်စေပါတယ်။  အောက်ပါ အစားအစာငါးမျိုးက