Saturday 1 December 2012

အစွမ်းထက်မြက် ဒန့်သလွန်ရွက်

by popozaw on 02.12.2012


နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

သွေးတိုးအတွက်အစွမ်းထက်တိုင်းရင်းဆေး

by popozaw on 02.12.2012


ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက
လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။

ဆီးချိုအတွက်ဆေးစွမ်းတခွက်

by nang kha yea on 2.12.2012













ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါသည်။

ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတိုများမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။

Friday 30 November 2012

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း

by popozaw on 30.11.2012


(အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို)
နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsicum ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။

ကင်ဆာကို ကာကွယ်နိုင်သော အသီးအနှံများ

by popozaw on 30.11.2012


ယခုအခါ အစာအာဟာရများကို ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် အဓိကလက်နက်အဖြစ် ယူဆလာကြသည်။ အမေရိကန်နိုင်ငံ အမျိုးသား ကင်ဆာတက္ကသိုလ်၏ ခန့်မှန်းချက်အရ ကင်ဆာရောဂါများ၏ သုံးပုံတပုံခန့်သည် အစာအာဟာရများနှင့် ဆက်နွယ်နေသည်။ လတ်တလော သုတေသနပြုချက်များအရ ကျွန်ုပ်တို့စားသုံးသည့် အစာအဟာရပေါ်မူတည်၍ ကင်ဆာရောဂါဖြစ်ပွားရန် အလားအလာများကို လျှော့ချနိုင်သည်။

ထောပတ်အမျိုးမျိုးနှင့် ကျန်းမာရေး သုတ

by nang kha yea on 30.11.2012

မြန်မာနိုင်ငံတွင် ရှေးပဝေသဏီ အတိတ်ခေတ်မှစ၍ အနာဂတ်ကာလ အထိ ဆက်လက်၍ အသုံးပြုဆဲ အစားအစာနှင့် ဆေးဖက်ဝင် ပစ္စည်းလည်းဖြစ်၏။ စားသောက်ဖွယ်ရာ မုန့်ပဲသရေစာများ၌သော်၎င်း၊ အခြား ဟင်းသီးဟင်းရွက်ထွက်ဆီများကို ရှောင်ကြဉ်ကြသူများသည်၎င်း ထောပတ်ကို ဆီအစား ကမ္ဘာပေါ်တွင်
နေ့စဉ်အသုံးပြုလျက် ရှိကြ၏။

Thursday 29 November 2012

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ

by nang kha yea on 30.11.2012


ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ
သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အစွမ်းထက် သံလွင်ဆီနှင့် ကြက်သွန်ဖြူ( Garlic and Olive Oil)

by popozaw on 30.11.2012

သံလွင်ဆီနှင့် ကြက်သွန်ဖြူကိုတွဲဖက်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါမယ်။ ကျွမ်းကျင်တဲ့ပါရဂူကြီးတွေကသံလွင်ဆီကို ကြက်သွန်ဖြူနဲ့တွဲဖက်ပြီး အသုံးပြုတဲ့အခါ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အသက်အန္တရာယ် ဟူသမျှကို တွန်းလှန်ကာကွယ်ရာမှာအဆ(၃)ရှိပြီးကောင်းမွန်တာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်မျိုးပေါင်းစပ်မှု အစွမ်းဟာ အိုဟိုင်းခြင်းဆိုတဲ့ဇရာရဲ့သွင်ပြင်တွေကို ပြေပျောက်စေရုံသာမက ကိုယ်ခန္ဒာမှာ ပိုနေသောမလိုအပ်တဲ့ အဆီတွေကို လျော့ချပေးရာမှာလည်းအစွမ်းထက်လှပါတယ်။ ကြက်သွန်ဖြူနဲ့ သံလွင်ဆီပေါင်းစပ်သုံးစွဲတဲ့အခါ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို
ဖော်ပြပေးလိုက်ပါတယ်။

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

by popozaw on 30.11.2012


သံလွင်ဆီဟာတခြားဆီတွေထက်ကျန်းမာရေးနဲ့ညီညွတ်တာကြောင့်သံလွင်ဆီစားတဲ့သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။ သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။

Wednesday 28 November 2012

ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါအမျိုးလေးဆယ်

by popozaw on 29.11.2012

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်  အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ

by nang kha yea on 29.11.2012


လူခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးနေတဲ့ အစားအစာများမှာ အာဟာရဓာတ် ၆-မျိုး ပါဝင်ပါတယ်။

(၁)။ အင်အားဖြစ်စေသော အစားအစာများ။
အဲဒါတွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ထန်းလျက်၊ သကြား အစရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်။ ကစီဓာတ်-ပါဝင်သော အစားအစာများ ဖြစ်ပါသည်။
(၂)။ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ စသည်တို့မှာ ပါဝင်တဲ့ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးတိုးတက်စေသော အသားဓာတ် ဖြစ်ပါတယ်။
(၃)။ အဆီဓာတ်၊ အဲဒါကတော့ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းပေးပြီး ခန္ဓာကိုယ် အရေပြားအောက်နဲ့ ဝမ်းဗိုက်အတွင်း အင်္ဂါများ၊ တင်ပါးတို့မှာ ရှိတဲ့ဓာတ်ဖြစ်ပါတယ်။
(၄)။ သက်စောင့်ဓာတ်ခေါ် ဗီတာမင်များ။
(၅)။ သတ္ထုဓာတ်နဲ့
(၆)။ ရေဓာတ်တို့ ပါဝင်ပါတယ်။ 

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

by popozaw 28.11.2012


လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။

Tuesday 27 November 2012

ဆေးပေါင်းခမဲ့ညမှာသူငယ်ချင်းတွေနဲ့စားကြတဲ့မယ်ဇလီဖူးအကြောင်း

by popozaw on 28.11.2012


မဲဇလီဖူး၏ ကျန်းမာရေး စွမ်းပကား

မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူက
ိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။

သွယ်လျပြီးသား သင့်ခန္ဓာကိုယ်ကို ဘယ်လို ထိန်းမလဲ

by popozaw on 27.11.2012

အသက်ငယ်ရွယ်စဉ်ကာလမှာ အချိုးအစား ကျနနေတဲ့ သင့်ခန္ဓာကိုယ်ဟာ အနည်းငယ် အသက်ရလာတာနဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာပါတော့မယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ဝမလာပဲ ပုံမှန်လေးပဲ လှပနေတာကို သင်ငေးကြည့်နေရမယ့် အဖြစ်မျိုး မရောက်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ လှပြီးသား ခန္ဓာကိုယ် အလှအပတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းရပါလိမ့်မယ်။

ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ

by popozaw on 27.11.2012


ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

by popozaw on 27.11.2012


အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့် အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။
ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယားတို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသော အချက်များကို ဖြေရှင်းနည်း

by popozaw 27.11.2012


ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ရတဲ့အကြောင်းကို တိတိကျကျ မသိရသေးပေမယ့် ခေါင်းတစ်ခြမ်းကိုက် ရောဂါ ဖြစ်အောင် တွန်းအားပေးနေတဲ့ အချက်တွေတော့ ရှိနေပါတယ်။

ခါးသေးစေမည့်နည်းလမ်းများ


by nang kha yea on 27.11.2012
 
စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ 

Monday 26 November 2012

ကော်ဖီချစ်သူတွေသိချင်ကြတဲ့ကဖင်းဓာတ်အကြောင်း

by popozaw on 26.11.2012
သင်ဟာ ညဘက်မှာ အိပ် မပျော်တာမျိုး ဖြစ်လေ့ရှိတယ် ဆိုရင် နေ့လယ် ၁ နာရီ ကျော်ပြီးချိန်မှာ ကဖင်းပါတဲ့ အရည်တွေကို မသောက် သင့်ပါ။ ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအခြေခံတဲ့ ဖျော် ရည်နဲ့ ချောကလက်တွေထဲမှာ ပါဝင်ပါ တယ်။ ကဖင်းဓာတ်ဟာ အသင့်အတင့်စွဲ လမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ကဖင်းကို အလွန်အမင်းသောက်မယ်ဆို ရင် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။

ကျန်မာလှပဆံကေသာပိုင်ရှင်ဖြစ်လိုပါလျှင်

by popozaw on 26.11.2012


ဆံပင်သည်လူတို့၏အလှအပနှင့် ကျန်းမာရေးအတွက် ဖြစ်တည်နေခြင်း ဖြစ်သည်။ ရှေးအဆက်ဆက်မှမြန်မာများ တန်ဖိုးထားခဲ့သော
ဆံကေသာ၏ကောင်း ခြင်းငါးဖြာနှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ။ အဓိကအရေးကြီးသည်မှာ ကာ ယကံရှင်စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သောဆံပင်များသည် ကျွန်ုပ်တို့၏စိတ်ကို ချမ်းသာမှုပေးနိုင် မည်နည်း။ လှပသောဆံပင်များပင်ဖြစ် ပေမည်။သို့ရာတွင်ကျန်းမာမှုရှိမှသာ လှပ နိုင်မည်ဖြစ်၍ ဆံကေသာကျန်းမာလှပ ရေးအတွက် နောက်ဆုံးပေါ်နည်းလမ်း များကို ဖော်ပြလိုက်ရပါသည်။

Sunday 25 November 2012

အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ

by nang kha yea on 26.11.2012

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပါဘူး။ တချို့လူတွေက တစ်ညမှာ ခြောက်နာရီအိပ်ရုံနဲ့ အိပ်ရေးဝတတ်ပေမယ့် တချို့ကျတော့ ရှစ်နာရီနဲ့အထက်အိပ်မှ အိပ်ရေးဝတတ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ညမှာ အိပ်စက်ချိန် ခုနစ်နာရီမှ ကိုးနာရီရှိဖို့ အကြံပေးထားပါတယ်။ အိပ်ရာကနေ လန်းလန်းဆန်းဆန်းနိုးလာပြီး တစ်နေ့လုံးလည်း တက်ကြွလန်းဆန်းနေတယ်ဆိုရင် သင့်မှာကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုဆိုင်ရာ အလေ့အထ ရှိတယ်လို့ ပြောနိုင်ပါတယ်။

အပြုံးလှလှလေးတွေပိုင်ဆိုင်ကြစေချင်တယ်

by nang kha yea on 26.11.2012


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ 

တမာရွက် ရဲ့ထူးကဲတဲ့အာနိသင်များ

by nang kha yea on 26.11.2012

တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။ တ မာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့  ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။

ခုခံအား စနစ် တိုးမြင့်စေဗသာသဘာဝအစားအစာများ

by popozaw on 26.11.2012


ပိုးသတ်ဆေး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိတ်ဖိစီးမှုတို့သည် ကိုယ့်ခုခံအားစနစ်ကို ယိုင်နဲ့စေနိုင်သော အရာများဖြစ်သည်။ Bermingham University Medical School မှ သုတေသနတစ်ခုအရ ခုခံအားစနစ်ဟူသည် အသက်ကြီးလာတာနှင့်အမျှ ကျဆင်းလာမည်မှာ သဘာဝအလျှောက်ဖြစ်ကိုဖြစ်မည်ဟု ခိုင်မာစွာ တွေ့ရှိခဲ့သည်။ ကိုယ့်မှာ အောက်ပါအစားအစာများနှင့် ဆောင်ထားပေတော့။

ကြွက်သားကိုကျန်းမာသန်စွမ်းစေသောသဘာဝအစားအစာများ

by popozaw on 26.11.2012


ကျွန်ူပ်တို့ အသက် ၅၀ ၀န်းကျင်ရောက်သည် ဆိုသည့်တိုင် ကိုယ်ကာယခွန်အားသည် အရေးကြီးဆဲပင်ဖြစ်သည်။ ဆစ်ဒနီ တက္ကသိုလ်သည် ပိုသန်မာသော ယောက်ျားများတွင် စိတ်ဓာတ်ကျဆင်းခြင်းသည် မသန်မာသော ပုဂ္ဂိုလ်များထက် ၅၀%လျော့နည်းသည်ကို တွေ့ရသည်။ အသက်ကြီးလာလေလေ ကြီးမားသော ကြွက်သားထုထည်သည် အဆီများကို ပိုလွယ်ကူစွာ ချေဖျက်နိုင်လေဖြစ်ပြီး ကိုယ့်ကို နှစ်ပေါင်းများစွာထိ သန်မာအားပြည့်နေစေသည်။

အရိုးကိုကျန်းမာသန်စွမ်းစေသောသဘာဝအစားအစာများ

by popozaw on 26.11.2012



အိုဟောင်းလာပြီဖြစ်သော အရိုးများသည် အတော်ကို သုံးခဲ့ရပြီဟု ကျွန်ူပ်တို့ယူဆမိလျှင် ထိုအတွေးသည် မှန်နေသည်။ ဘယ်လ်ဂျီယမ်မှ Ghent University တွင် လုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ကြီးလာတာနှင့် အမျှ အရိုးများ ကျဆုံးလာပြီး ဆတိုးနှုန်းဖြင့် အရိုးများသည် ပျင်းရိလေးတွဲ့လာကာ ကျိုးလွယ် ပဲ့လွယ်လာကြောင်းတွေ့ရသည်။ အောက်ပါ အစားအစာများကို ကိုယ်နှင့် မကွာ ထားပါ၊ စားပါ။

ရောင်ရမ်းခြင်းကာကွယ်နိုင်သောသဘာဝအစားအစာများ

by nang kha yea on 26.11.2012


ရောင်ရမ်းခြင်းဆို၍ တံတောင်ဆစ်ရောင်တာလောက်ကိုသာ ဆိုလိုခြင်းမဟုတ်။ Harvard School of Public Health မှ လေ့လာမှုတစ်ခုတွင် ဘယ်လိုရောင်ရမ်းမှုမဆို ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျှက်ရှိကြောင်းတွေ့ရသည်။ အောက်ပါအစားအစာများကို အသင့်ပြင်ထားပါ။ ဒါမှသာ ကျွန်တော်တို့ ကျန်းမာရေးကြီး ရောင်ရမ်း မနေမှာဖြစ်၏။

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

by nang kha yea on 26.11.2012


ခြေဖနောင့်နေရာက ကွဲအက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ချည်းပဲ မဟုတ်ပါဘူး။  မိမိခြေထောက်ကို မိမိ ဂရုမပြုဘဲ ထားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြေဖနောင့်နေရာမှာ ကွဲအက်မှုတွေဟာ ခြေထောက်အချင်းချင်း ပွတ်တိုက်မိရာကနေတောင် နာကျင်မှုကို ခံစားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခြေထောက်နဲ့ ခြေဖဝါးကို သင့်မျက်နှာအလှကို ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

အလှအပ လျှို့ဝှက်ချက်များ

by nang kha yea on 26.11.2012


အမျိုးသမီးတိုင်း လိုက်နာဖို့လိုပြီး လုပ်ဆောင်ရလွယ်တဲ့ နည်းလမ်းတွေပါ။  ဒီအချက်တွေက အလှအပအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့် ရေးသားလိုက်ပါတယ်။

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

by nang kha yea on 25.11.2012

ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။