Showing posts with label အသီးအနှံ. Show all posts
Showing posts with label အသီးအနှံ. Show all posts

Friday, 25 January 2013

စပျစ်သီးမှ ကုသပေးသော ရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 5:10pm


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

Thursday, 24 January 2013

ဆေးဖက်ဝင်သော ကြက်သွန်နီ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:51pm

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:31pm


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။

ဆောင်းအအေးဒဏ်အံတုလို့ စားသောက်ရမဲ့ အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:18pm


ဆောင်းရဲ့ အအေးဓာတ်ဟာ ဒီရက်ပိုင်းအတွင်း သိသာထင်ရှားစပြူလာတဲ့အတွက် ဟေမာန်ကပေးတဲ့ အအေးလှိုင်းတွေအပေါ် ခန္ဓာကိုယ်က သိသိသာသာ တုံ့ ပြန်မှုရှိလာပါတော့မယ်။ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများဟာ ဟေမာန်ဆောင်းရဲ့ မရိုးအီတဲ့ အမွေဆိုးများပဲ ဖြစ်ပါတယ်။ အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ပျိုမေတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေပါလိမ့်မယ်။

Wednesday, 23 January 2013

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 9:01pm

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

Tuesday, 22 January 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:30pm

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

Monday, 21 January 2013

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:02am
      

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 4:27am

များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ ၀ိပါက ချို၏ ။

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:15am

အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။

Tuesday, 15 January 2013

ဇာတိပ္ဖိုလ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 15, 2013 at 6:00pm

ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။

(၁) ဝက်ခြံ အဖုအပိမ့်တွေကို သက်သာစေပါတယ်

ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်

Friday, 4 January 2013

ကျန်းမာတဲ့ အသားအရေပိုင်ရှင်ဖြစ်အောင် ဘာ တွေ စားကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:02pm 

မိန်းကလေးတိုင်း အသားအရေ၏ ကောင်းခြင်းနှင့် ပြည့်စုံချင်ပါတယ်။ ကြည်လင်လတ်ဆတ် နုပျိုပြီး ရှိရင်းစွဲအသက်ကို ခန့်မှန်းလို့မရအောင် တကယ့် အံ့ဖွယ်အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြပါသလား? အဲဒီလိုလှဖို့ သင့်မျက်နှာပေါ်မှာ ဘာမိတ်ကပ်လိမ်းလိုက်တယ်ဆိုတာထက် သင့် ထမင်းပန်းကန်ထဲမှာ သင်ဘာတွေထည့်ပြီး စား လိုက်တယ်ဆိုတာက ပိုအရေးပါလာပါတယ်။ သင်စားလိုက်သမျှ အစားအစာတိုင်းဟာ သင့်ကို တစ်နေ့တာလှုပ်ရှားဖို့၊ စွမ်းအင်ပေးဖို့၊ ခန္ဓာကိုယ် တွင်း အစိတ်အပိုင်းတွေကို အားဖြည့်ပေးဖို့တင် မဟုတ်ဘဲ ပြင်ပရုပ်သွင်ကိုပါ လွှမ်းမိုးပြောင်းလဲပစ်ပါတယ်။ “ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို သင်စားလေလေ၊ သင့် အသားအရေက ပိုမိုကြည့်ကောင်း တောက်ပလေလေ” ဖြစ်ပါလိမ့်မယ်။

အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 11:42am 


ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

Thursday, 3 January 2013

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်

by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:22am 



အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင် .................

အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါးသက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။

စပ်ပေမဲ့ ငရုတ်သီး ( Chilli )စားပေးပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:02am 


စပ်တော့စပ်တယ် ငရုတ်သီး ( Chilli ) ..........

ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ်။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။

Tuesday, 25 December 2012

သင့် နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 25, 2012 at 11:03am

နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုးပါပဲ။ အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့် ခန္ဓာကိုယ်အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

အမေ့ထူသူများအတွက် နည်း ၅ နည်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 25, 2012 at 10:28am

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

Tuesday, 18 December 2012

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အတွက် အိမ်တွင်း ကုထုံးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 12:17pm 


ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေမှာလည်း ဖြစ် တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်ချိန် မှာ သက်သာစေ မယ့် အလွယ်နည်းတွေကို ရေး သားလိုက်ရပါတယ်။

အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 11:42am 

ဂေါက်အဆစ်ရောင်နာ ခံစားနေရသူများ စားသင့်သော အစားအသောက် ............

အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့ရာ အတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါနေပါတယ်။

ဂေါက်ရောဂါ အတွက် အစားအသောက် ပုံစံဟာ လူအများစု ကျန်းမာဖို့ရာ စားသင့်တဲ့ အစားအသေ
ာက် ပုံစံနဲ့တော့ ခပ်ဆင်ဆင် ပါပဲ။ ဒါကြောင့် ဂေါက်ရောဂါ သက်သာဖို့ရာ အတွက် စားသင့်တဲ့ အစားအသောက် ပုံစံအတိုင်း လိုက်နာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်နေဟန်ထားကို ရနိုင်တဲ့ အပြင် နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 11:18am 

သက်သက်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetariansဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။

ဆံကေသာအတွက် အကျိုးပြုတဲ့ အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 8:45am  


၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။