Showing posts with label နာနတ်သီး. Show all posts
Showing posts with label နာနတ်သီး. Show all posts

Sunday, 16 September 2012

နာနတ်သီးရဲ့အစွမ်း

နာနတ်သီးရဲ့အစွမ်း

By nang kha yae

နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်းစေပါတယ်။
နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ရင်အေး စေတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။


ကယ်လဆီယမ်၊ ပိုတက်စီယမ်၊ အမျှင်နဲ့ ဗီတာမင်စီဓာတ်တို့ ပေါကြွယ်ဝပါတယ်။ အဆိုပါ နာနတ်သီးကို အမျိုးမျိုးအဖုံဖုံ သုံးဆောင်နိုင်ပါတယ်။ နာနတ်သီးရဲ့ အကျိုးကျေးဇူး တစ်ခုကတော့ အရိုးတွေကို သန်စွမ်းတောင့်တင်းစေပါတယ်။ နာနတ်သီးမှာ မက်ဂနီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပြီး အရိုးတွေနဲ့ အကြောမျှင်များကို ကောင်းစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။