Friday 8 February 2013

လိပ်စာပြောင်းရွှေ့ခြင်း

ချစ်သူငယ်ချင်းများသို့

Wednesday 30 January 2013

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 30, 2013 at 10:57pm


တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။

Friday 25 January 2013

စပျစ်သီးမှ ကုသပေးသော ရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 5:10pm


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ပျိုမေများ ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ အစားအစာ (၁၀)မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:41pm


ဖတ်ဖြစ်ခဲ့တဲ့ဆောင်းပါးလေးတွေ ထဲကနေပြီး မိန်းကလေးတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
အမျိုးသမီးလေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင်သားမွေးမှုနဲ့ အသက်အရွယ် အရ ကျန်မားရေးချို့ယွင်းမှု့ ပြသနာတွေ ကို ရင်ဆိုင် ရမှာပါ။ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်မ တို့ ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာ (၁၀)မျိုးကိုဝေမျှပေးလိုက်ပါတယ်နော်................

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:26pm


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။

Thursday 24 January 2013

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေးပြဿနာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:53pm


လူအများစု ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်းနေတာမျိုးတွေကို အမျိုးသမီးအများစု ကြုံတွေ့ကြ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲသူတွေနဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ အဖြစ်

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:29pm

မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:12pm

သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။

ဆေးဖက်ဝင်သော ကြက်သွန်နီ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:51pm

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:31pm


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။

ဆောင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:55pm

မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။

ဆောင်းအအေးဒဏ်အံတုလို့ စားသောက်ရမဲ့ အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:18pm


ဆောင်းရဲ့ အအေးဓာတ်ဟာ ဒီရက်ပိုင်းအတွင်း သိသာထင်ရှားစပြူလာတဲ့အတွက် ဟေမာန်ကပေးတဲ့ အအေးလှိုင်းတွေအပေါ် ခန္ဓာကိုယ်က သိသိသာသာ တုံ့ ပြန်မှုရှိလာပါတော့မယ်။ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများဟာ ဟေမာန်ဆောင်းရဲ့ မရိုးအီတဲ့ အမွေဆိုးများပဲ ဖြစ်ပါတယ်။ အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ပျိုမေတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေပါလိမ့်မယ်။

တောက်ပတဲ့ အပြုံးပိုင်ရှင်များဖြစ်စေဖို့

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 2:32pm

သန်မာတဲ့သွားတွေဟာ ကျန်းမာတဲ့အခြေအနေကို ဖော်ညွှန်းပါတယ်။ သွားတွေကျန်းမာမှ ကိုယ်စားချင်တာ စားလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ခံစားချင်တဲ့ အရသာကို မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သွားဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့အလှအပကိုလည်း သွားဟာ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။ ရုပ်ဘယ်လောက်လှလှ၊ သွားမလှ၊ သွားချေးထူ၊ သွားကျိုးနေရင် ရုပ်ရဲ့အလှကို ကောင်းစွာ ပျက်စီးစေနိုင်ပါတယ်။ သွားဟာ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊

Wednesday 23 January 2013

ခံတွင်းပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်းလာစေရန်

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 10:16pm

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့်  ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံစွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 9:01pm

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

Tuesday 22 January 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:30pm

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 2:21pm

မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်

Monday 21 January 2013

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:02am
      

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 4:27am

များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ ၀ိပါက ချို၏ ။

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 4:04am

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )......

ပိန်နေသူများ ၀စေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:46am


အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:28am


အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် ……..

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:08am


ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

(၁)ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု့ ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:45am


Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ...

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:31am


နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောပါသည်။

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:15am

အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။

Tuesday 15 January 2013

အိပ်ရာထချိန် ခါးမနာစေလိုလျှင်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 15, 2013 at 6:33pm


မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်နဲ့  အိပ်ရာတွေက ကိုယ်နဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့

ဇာတိပ္ဖိုလ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 15, 2013 at 6:00pm

ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။

(၁) ဝက်ခြံ အဖုအပိမ့်တွေကို သက်သာစေပါတယ်

ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်

Sunday 6 January 2013

အသားအရေပျက်စီးရသော အကြောင်း ရင်းနှင့် ပြန်လည် ပြုပြင်နည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 10:44am 

ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။

အသည်းကင်ဆာရောဂါဆိုတာ ဘာလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 10:01am


ရောဂါလက္ခဏာကတော့ ဘယ်လို့ ဖြစ်တာလည်း ဆိုရင် ၀မ်းဗိုက်ညာဘက်တစ်ခြမ်းအောင့်တယ်။ ဒါမှမဟုတ် အဲဒီနေရာမှာ အလုံးပေါ်လာတတ်ပါတယ်။ ကျန်းမားရေးအတွက် သွေးစစ် ကြည့်လိုက်ပါက သွေးများထဲ့တွင် အယ်လဖာဖီတိုပရိုတင်း (Alphafeto Protein-AFP) 500ng/ml ထက်များနေပြီးဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ တော်တော်များနေပါတယ် ။ (Utrasound) ဗိုက်ကိုရိုက်ကြည့်ရင် အသည်းကင်ဆာအလုံးကို တွေ့မှာပေါ့။ ထပ်မံပြီး ပိုမိုသေချာအောင် စစ်ချင်တယ် သေချာတိကျမှု့ ဖြစ်ချင်တယ်ဆိုရင်တော့ (CT Scan) ရိုက်ကြည့်လိုက်ပါက အားလုံးရှင်းရှင်းလင်းလင်း အသည်းဖြစ်နေတာကို အမြင်ရှင်းစွာ တွေ့ မြင်နိုင်ပါလိမ့်မည် ။

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 9:46am 


( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့စားမြန် ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ် သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

Saturday 5 January 2013

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 6:42pm


(၁) အမူအကျင့်
တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။

အထူးသတိထားရမဲ့ အသားအရေ ထိန်းသိမ်းနည်း အမှား ကိုးရပ်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 6:29pm 


အမျိုးသမီးအများစု ဖြစ်ချင်တဲ့ ဆန္ဒတွေမှာ အပြစ်ကင်းစင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် အသားအရေ လှပအပြစ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  အမျိုးသမီးတွေက စူးစမ်းလေ့လာတတ်ကြပါတယ်။ အဲဒီအခါ အသားအရေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အမှားတွေကော၊ လုပ်သင့်တဲ့ အရာတွေပါ သိလာပြီး လက်တည့်စမ်းမိတတ်ကြပါတယ်။ မလုပ်သင့်တဲ့ အမှားတွေကို လုပ်ပြီးကာမှ အသားအရေ ထိခိုက်တာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အောက်ပါအချက် ကိုးသွယ်ကို သတိထားစေချင်ပါတယ်။

အမျိုးသားများတွင် အဖြစ်များသော ဟောက်ခြင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:28pm

ဟောက်သံထွက်တာဟာ မိမိနဲ့အတူ အိပ်စက်သူကို အိပ်ရေးပျက်အောင် အနှောင့်အယှက် ပေးနိုင်တဲ့အတွက် စိတ် ကသိကအောက်ဖြစ်စရာ ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဟောက်ခြင်းအကြောင်း လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် သဘာဝအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:02pm 

အစိမ်းရောင် သဘာဝအပင်များ

Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီစိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 4:46pm 


အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 3:47pm 


နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။

Friday 4 January 2013

အမျိုးသားကျန်းမာရေးအတွက် သင့်လျော်သော အာဟာရဓာတ်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:58am

ပျမ်းမျှအားဖြင့် အမျိုးသားတွေရဲ့ ဘဝသက်တမ်းက အမျိုးသမီးတွေ ထက် ငါးနှစ်ပိုနည်းလေ့ ရှိပါ တယ်။ အမျိုးသားတွေက စိတ်ဖိစီးမှု အဆင့်မြင့်မားပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ ပိုမိုနှောင့်နှေး တွန့်ဆုတ်တတ် တဲ့အတွက် ကျန်းမာရေး ထိခိုက်မှု ဖြစ်လွယ်ရတာပါ။ အမျိုးသား ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အချက်တွေထဲမှာ သင့်တော်တဲ့အစာ၊ အာဟာရနဲ့ လေ့ကျင့်ခန်းတွေ ပါဝင်နေပါတယ်။ အမျိုးသားတွေရဲ့ အာဟာရ လိုအပ်ချက်က အမျိုးသမီးတွေနဲ့ မတူပါဘူး။

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 4:43am

အထိုင်များတာက သင့်ကျန်းမာရေး အတွက် မကောင်းသလို မတ်တတ် ရပ်တာ များရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့် တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့်နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွ လန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။

ချစ်စရာ့ဆံပင်လေးတွေဖြစ်စေချင်လို့ပါ

by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 1:54pm 



ချစ်စရာ့ဆံပင်လေးတွေ

၁။ Silicon သုံးပြီး ဆံပင်ထူအောင် ဖန်တီးပါ။

ဆံပင်နဲ့ ပတ်သက်ပြီး မိန်းကလေးတွေ အများဆုံး ညည်းကြတဲ့အထဲမှာ ဆံပင်ပါးခြင်းကလည်း ပြဿနာတစ်ခုပါ။ အဲဒါ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သိတဲ့မိန်းကလေးကလည်း နည်းနည်းပါးပါးပဲ ရှိပါတယ်။ ခေါင်းလျှော်ပြီးတိုင်း ဆံပင် ပျော့ဆေးတွေကို အများကြီးသုံးတာဟာ ဆံပင်ကို အုံမထူစေဘဲ နူးညံ့ပျော့ပျောင်းစေတာပဲ ရှိပါတယ်။ ကောင်းတာကတော့ Silicon ပါတဲ့ ဆံပင်ပျော့ဆေးကို ရွေးသုံးပါ။ Silicon လို့ ပြောလိုက်တာနဲ့ သင်ဘာကို စဉ်းစားမိပါသလဲ။ 

တုပ်ကွေးကွေးတဲ့အခါဘယ်လိုစားသောက်ကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 1:25pm 


တုပ်ကွေးဖြစ်စေတဲ့ Influenza ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာ ပိုပြီး ထကြွသောင်းကျန်း တတ်လို့ အဲဒီရာသီတွေမှာ လူတွေက နှာရည်တရွှဲရွှဲ၊ ကိုယ်လက်ကိုက်ခဲပြီး ချမ်းစိမ့်စိမ့် တုပ်ကွေးမိတတ်ကြပါတယ်။ ချောင်း ကဆိုး၊ လည်ချောင်းကနာ၊ တစ်ကိုယ်လုံးနုံးချိပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဘဲ အိပ်ရာထဲမှာပဲ ခွေနေချင်စိတ်ပေါက်လာတတ် ကြပါတယ်။ 

ခေါင်းကိုက်လျှင် အစာကြေဆေး စားပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:54pm 

အကြောတက်၊ အဆစ်ကိုက်၊ အဆစ်ရောင်၊ လေးဖက်နာ ဟူသော ရောဂါများမှာ တစ်ခုဖြစ်လျှင် ဆက်၍ ဖြစ်လေ့ရှိသော ညီနောင်ရောဂါများ ဖြစ်ကြသည်။  ခေါင်းကိုက်ခြင်းသည် တစ်ခါတရံ ထိုအကြောအဆစ် ရောဂါများ၏ နောက်ဆက်တွဲ ရောဂါ ဖြစ်လေ့ရှိသည်။ အကြောအဆစ် ရောင်သော ရောဂါများဟု အမည်တပ်သော်လည်း အတွင်းပိုင်းတွင် သွေးကြောများပါ ရောင်လေ့ရှိသည်။ အထိမခံနိုင်ဖြစ်ကာ နီရဲပြီး ရောင်နေသော

ဆံပင်က ဗောက် အကြောင်းနှင့် ဗောက်နှိမ်နင်းသော သဘာဝပစ္စည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:36pm


ပခုံးပေါ်က (သို့မဟုတ်) ဆံပင်တွေကြားက အ၀ါရောင်အဖတ်တွေ၊ ပါးပါးလွှာလွှာအဖြူဖတ်တွေဟာ ဗောက်ရဲ့ သက်သေပါ။ တကယ်တော့ ဗောက်ဆိုတာ သင့်ဦးရေပြားပေါ်က အရေပြားဆဲလ်တွေသေဆုံးပြီး ကွာကျလာတာပါ။ ဗောက် ရှိပြီဆိုရင် ဦးရေပြားမှာ အကွက်သေးသေးလေးတွေပေါ်လာပြီး ယားယံနေပါတယ်။ ဦးရေပြားနီရဲတာ၊ ကျိန်းစပ်တာတွေ လည်း ဖြစ်နိုင်ပါတယ်။ ယားလို့ကုတ်မိတဲ့အခါ အဖြူဖတ်တွေ ကွာကျလာပါတယ်။ အမည်းရောင် အင်္ကျီဝတ်မိတဲ့နေ့မျိုးဆို ပိုလို့သိသာပါလိမ့်တယ်။ ဗောက်နဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို လေ့လာကြည့်ရအောင်။

ကျန်းမာတဲ့ အသားအရေပိုင်ရှင်ဖြစ်အောင် ဘာ တွေ စားကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:02pm 

မိန်းကလေးတိုင်း အသားအရေ၏ ကောင်းခြင်းနှင့် ပြည့်စုံချင်ပါတယ်။ ကြည်လင်လတ်ဆတ် နုပျိုပြီး ရှိရင်းစွဲအသက်ကို ခန့်မှန်းလို့မရအောင် တကယ့် အံ့ဖွယ်အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြပါသလား? အဲဒီလိုလှဖို့ သင့်မျက်နှာပေါ်မှာ ဘာမိတ်ကပ်လိမ်းလိုက်တယ်ဆိုတာထက် သင့် ထမင်းပန်းကန်ထဲမှာ သင်ဘာတွေထည့်ပြီး စား လိုက်တယ်ဆိုတာက ပိုအရေးပါလာပါတယ်။ သင်စားလိုက်သမျှ အစားအစာတိုင်းဟာ သင့်ကို တစ်နေ့တာလှုပ်ရှားဖို့၊ စွမ်းအင်ပေးဖို့၊ ခန္ဓာကိုယ် တွင်း အစိတ်အပိုင်းတွေကို အားဖြည့်ပေးဖို့တင် မဟုတ်ဘဲ ပြင်ပရုပ်သွင်ကိုပါ လွှမ်းမိုးပြောင်းလဲပစ်ပါတယ်။ “ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို သင်စားလေလေ၊ သင့် အသားအရေက ပိုမိုကြည့်ကောင်း တောက်ပလေလေ” ဖြစ်ပါလိမ့်မယ်။

အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 11:42am 


ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

Thursday 3 January 2013

ကော်ဖီ ၏ အသုံးဝင်ပုံအမျိုးမျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 6:18am


ကော်ဖီကို လူတိုင်းနီးပါး ကြိုက်ကြမယ်၊ သောက်ကြမယ် ထင်တယ်။ ကော်ဖီခါးခါးကို လူ့ဘ၀ ဒါမှမဟုတ် အချစ်နဲ့ နှိုင်းယှဉ်ပြီး လူတွေက ကဗျာတွေ စပ်ကြတယ်။ ၀တ္ထုတွေ ရေးကြတယ်။ အလှော်ခံ၊ အမှုန့်ကြိတ်ခံရပြီး ရေနွေးပူပူ လောင်းထည့်လိုက်မှ သင်းကြိုင်တဲ့ ရနံ့ထွက်လာတဲ့ ကော်ဖီကို လူ့ဘ၀အတွက် သင်္ခန်းစာအဖြင့် ဥပမာပေးကြတယ်။ အခုလည်း ဖတ်ဖူးတဲ့ ကော်ဖီနဲ့ ကော်ဖီမှုန့်ရဲ့ အသုံးဝင်ပုံတစ်ချို့ကို မျှဝေလိုက်ပါတယ်။

ဂျင်ဆင်းဆိုတာဘာလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:57am


ဂျင်ဆင်းဆိုတာ အုပ်စုက Panax genus ဖြစ်ပြီး မျိုးရိုးက Araliaceae ဖြစ်ပါတယ် ။ လတ်ဆတ်တဲ့ အမြစ်တွေ နဲ့ ဖြေးဖြေးချင်းရှင်သန်ကြီးထွားတတ်တဲ့ perennial အပင်မျိုးဖြစ်ပြီး အာရှအရှေ့ဖက် အထူးသဖြင့် အရှေ့မြောက် ပိုင်း တရုတ် ၊ ကိုရီးယား ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းတွေမှာ ပေါက်ရောက်ရှင်သန်ပါတယ် ။ တောင်ဖက် အကျဆုံး အေးခဲဒေသ ဂျင်ဆင်းမျိုးဖြစ်တဲ့ Panax vietnamensis ကိုတော့ ဗီယက်နမ်နိုင်ငံမှာတွေ့ ရပါ တယ် ။ Siberian ginseng ကတော့တကယ့်ဂျင်ဆင်းအစစ်မဟုတ်ပါဘူး ။ ကဲ ဂျင်ဆင်းအကြောင်းကို ဒီထက် ပိုပြီးလေ့ လာကြည့်ရအောင် ။

အံ့ဖွယ်ကျောက်ချဉ်အစွမ်း

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:40am 


ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်

by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:22am 



အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင် .................

အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါးသက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။

စပ်ပေမဲ့ ငရုတ်သီး ( Chilli )စားပေးပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 5:02am 


စပ်တော့စပ်တယ် ငရုတ်သီး ( Chilli ) ..........

ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ်။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။