Tuesday 27 November 2012

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသော အချက်များကို ဖြေရှင်းနည်း

by popozaw 27.11.2012


ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ရတဲ့အကြောင်းကို တိတိကျကျ မသိရသေးပေမယ့် ခေါင်းတစ်ခြမ်းကိုက် ရောဂါ ဖြစ်အောင် တွန်းအားပေးနေတဲ့ အချက်တွေတော့ ရှိနေပါတယ်။


၁။ အမျိုးသမီးများတွင် ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း
အမျိုးသမီး အများစုမှာ အီစထရိုဂျင် ဟော်မုန်း အတက်အကျ ဖြစ်တာဟာ ခေါင်းတစ်ခြမ်း ကိုက်စေတတ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ဖူးတဲ့ အမျိုးသမီးတွေဟာ လစဉ်ရာသီ မလာခင်နဲ့ ရာသီလာချိန် အတွင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ တချို့အမျိုးသမီးတွေကျတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန် အတောအတွင်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ခြေ များပါတယ်။ပဋိသန္ဓေ တားဆေးသောက်သုံးခြင်းနဲ့ ဟော်မုန်းအစားထိုးကုသမှုတွေလို ဟော်မုန်း ကုထုံးတွေဟာလည်း ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေပါတယ်။

ဘယ်လိုဖြေရှင်းမလဲအီစထရိုဂျင်ကို လျှော့ပါသင်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အီစထရိုဟော်မုန်းဟာ သင့်ခေါင်းကိုက် ဝေဒနာကို ပိုဆိုးရွားစေ၊ ခေါင်းကိုက်ဝေဒနာ ဖြစ်စေတယ်လို့ ယူဆရင် အီထရိုဂျင်ပါဝင်တဲ့ ပဋိသန္ဓေတားဆေး ဒါမှမဟုတ် ဟော်မုန်းအစားထိုးကုသမှုနေရာမှာ တခြားပိုကောင်းတဲ့ ကုထုံးအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၂။ အစားအသောက်
လူတွေကို ခေါင်းတစ်ခြမ်းကိုက်စေနိုင်တဲ့ အစားအသောက်တွေထဲမှာ အယ်လ်ကိုဟော၊ ဒိန်ခဲ၊ ချောကလက်၊ ကဖင်းဓာတ်အများအပြား၊ အချိုမှုန့်နဲ့ ဆားငန်တဲ့ အဆင်သင့် အစားအစာတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ အစားအစာတွေကတော့ လူတိုင်းအတွက် မတူညီတတ်ပါဘူး။ ထမင်းစားရမယ့်အချိန်မှာ မစားဘဲနေခြင်းနဲ့ အစာလျှော့စားခြင်းတွေဟာလည်း ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲအစားအသောက်ကို ဒိုင်ယာရီထဲမှာ ရေးမှတ်ပါတချို့ အစားအသောက်တွေဟာ ခေါင်းတစ်ခြမ်း ကိုက်စေတယ်ဆိုရင် အဲဒီအစားအသောက်ကို ရှောင်လိုက်ပါ။ ဘယ်အစားအသောက်က သင့်ကို ခေါင်းကိုက်စေတယ်ဆိုတာကို သိနိုင်ဖို့ ဒိုင်ယာရီထဲမှာ ရေးမှတ်ထားပါ။

၃။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှု ခံစားရတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲအပန်းပြေနိုင်မယ့် အားကစားလုပ်ပါ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ကခုန်ခြင်းစတဲ့ အပန်းဖြေနိုင်တဲ့ နည်းတွေဟာ ဘာကိရိယာမှ မလိုအပ်သလို အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါမှမဟုတ် သီချင်းနားထောင်တာ၊ ဥယျာဉ်စိုက်တာ၊ ကြက်သီးနွေးရေချိုးတာ စတဲ့ စိတ်အပန်းပြေစေတဲ့ နည်းတွေလည်း ရှိပါတယ်။

၎။ ပြင်ပလှုံ့ဆော်မှု
တောက်ပတဲ့ အလင်းရောင်နဲ့ နေရောင်ခြည်တွေဟာ ဆူညံတဲ့ အသံလိုပဲ ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ရေမွှေးလိုရနံ့မျိုးကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲရေခဲကပ်ပါ ပြင်ပ လှုံ့ဆော်မှုတွေကို ရှောင်တာကတော့ အကောင်းဆုံးပါ။ တကယ်လို့ ရုတ်တရက် ကြုံကြိုက်ပြီး ခေါင်းတစ်ခြမ်းကိုက်ခဲ့ရင်တော့ တိတ်ဆိတ်ကာ သဘာဝအလင်းရောင်ပဲရှိတဲ့ အခန်းထဲမှာ ထိုင်ပြီး ရေခဲဝတ်ကို လည်ပင်းနောက်ပိုင်းနဲ့ နားထင်မှာကပ်ပေးပါ။

၅။ နိုး-ထ စနစ်ပြောင်းလဲခြင်း
အိပ်ရေးမဝခြင်း၊ အလွန်အကျွံအိပ်ခြင်း စတဲ့ အိပ်စက်မှုပုံစံ ပုံမှန်မဟုတ်တာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေ တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ အိပ်ချိန် အလုံအလောက်ပေးပါ အိပ်ရေးဝဝအိပ်ပါ။ ဒါပေမယ့် လိုတာထက်ပိုမအိပ်ပါနဲ့။ အရွယ်ရောက်သူတစ်ဦးဟာ တစ်ညမှာ ၆-၈ နာရီလောက် အိပ်ချိန်လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ နေ့စဉ်နေ့တိုင်း အချိန်မှန်အိပ်ပြီး အချိန်မှန် နိုးထတာဖြစ်ပါတယ်။

Ref: Good Health


No comments:

Post a Comment