Tuesday 23 October 2012

လွယ်လွယ်ကူကူ အလှပြင်ကြရအောင်

လွယ်ကူသော အလှအပရေးရာ နည်းလမ်းများ

by NANG KHA YEA on 24.10.2012


သင့်မျက်ဝန်း ညှိုးနွမ်းနေသလား

သင့်မျက်ဝန်းက တောက်ပမှုကင်းပြီး ညှိုးနွမ်းကာ နီနေရင် မျက်စဉ်းဆေး ခတ်လိုက်ပါ။ သင့်ပိုက်ဆံအိတ် ဒါမှမဟုတ် အံဆွဲထဲမှာ မျက်စိကို အေးမြစေမယ့် (စတီးရွိုက် လုံးဝမပါဝင်တဲ့) မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။


မျက်နှာမှာ ချွေးပေါက်ကျယ်တွေ ကင်းလိုပါသလား

ချွေးပေါက်ကျယ်တွေ ကျဉ်းလိုရင် ဒါမှမဟုတ် ချွေးပေါက်ကျယ်တွေ မရှိအောင် ကာကွယ်လိုရင် သင်စားတဲ့ အစားအစာထဲမှာ သကြားမပါအောင် ဂရုစိုက်ပါ။ သကြားဖြူတွေကို စားတာများလေလေ၊ ချွေးပေါက် ပိုကျယ်လာလေလေ ဖြစ်တတ်ပါတယ်။

နှုတ်ခမ်းသား ခြောက်သွေ့နွမ်းနယ် နေပါသလား

လူအများစုရဲ့ နှုတ်ခမ်းသားမှာ ဆဲလ်သေတွေ ရှိနေတတ်ပါတယ်။ ဆဲလ်သေတွေ ကင်းဝေးအောင် နှုတ်ခမ်းသားကို သွားတိုက်တံအဟောင်းနဲ့ နေ့စဉ် ညင်ညင်သာသာ တိုက်ပေးသင့်ပါတယ်။ ဒီလိုပွတ်တိုက်ပြီးရင် နှုတ်ခမ်းဆိုးဆေးအဆီ လိမ်းထားလိုက်ပါ။

အသားအရေ စိုပြည်တင်းရင်းလိုသလား

သင့်မှာ အဆီပြန်တဲ့ အသားအရေရှိရင်တောင် အိပ်ရာမဝင်ခင်မှာတော့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။ အရေပြားမှာ အဆီတွေ ရှိတာကြောင့် အရေပြား ကျန်းမာစေရုံသာမက အရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်ကိုလည်း ရရှိကာ နုပျိုတင်းရင်းစေပါတယ်။

ရှေ့ဆံပင်အဖျား တိလိုပါသလား

အရင်ဆုံး အသွားထက်တဲ့ ကတ်ကြေးတစ်လက်တော့ ရှိသင့်ပါတယ်။ သင့်ရှေ့ဆံပင်တွေကို ခြောက်အောင် အရင်သုတ်ပြီးမှ အဖျားတွေကို တိပါ။ အဖျားတိတော့မယ်ဆိုရင် ဆံပင်ကို သုံးပိုင်းခွဲသင့်ပါတယ်။ ပြီးမှ တစ်ပိုင်းပြီး တစ်ပိုင်း ညှပ်ပေးပါ။

ဗောက်ပျောက်လိုသလား

အထူးဖော်စပ်ထားတဲ့ ဗောက်ပျောက်ရှမ်ပူတွေမှာ ဆလီးဆလစ်အက်စစ် ပါဝင်နေပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရိုးရိုးခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ဗောက်ပျောက်လိုရင် ဆလီးဆလစ်အက်စစ် ပါဝင်တဲ့ အက်စ်ပရင် ဆေးပြားနှစ်ပြားကို ကြိတ်ခြေပြီး ရှမ်ပူထဲ ထည့်လိုက်ပါ။ ပြီးရင် ဦးရေပြားမှာ သုတ်လိမ်းကာ တစ်မိနစ်ခန့်ထားပြီး ခါတိုင်း ခေါင်းလျှော်သလို လျှော်ချလိုက်ပါ။

ကြယ်စင်Ref:Good Health
 Source: http://news.yatanarpon.com.mm/news/review-63830
 http://www.facebook.com/notes/ရွှေမြန်မာများအတွက်-shwebeauty

No comments:

Post a Comment