by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 7:48am 

ရာစုနှစ်
 ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ  
တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ်  
သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊
  အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက်
 က  အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် 
နေပါတယ်။
(၁)
 သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို  
ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့  
thyroxine (T3)
eJY
  triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်  
တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင်  
ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ  
ပါဝင်နေပါတယ်။
(၂)
 အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို  ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ 
ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။  အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ 
အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ  လောက် မှီဝဲရင် 
အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ  ပါတယ်။
(၃)
 နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ  ပါဝင်တဲ့ ဖော 
လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင်  ကာကွယ်ပေး 
တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။  သွေးထဲမှာ 
ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါ နဲ့  လေဖြတ်ခြင်း 
ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။
(၄)
 နာ့ဗ်ကြောနဲ့  ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာ 
ခန္ဓာ ကိုယ်ရှိ  နာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် 
ရေညှိမှာ  မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။
(၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။
(၆)
 သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ  
သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင်  
ကာကွယ်ပေးနိုင်ပါတယ်။
(၇)
 အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ  ထရစ်ပတိုဖန် ပါ ဝင်မှု 
များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။  ထရစ်ပတိုဖန် ဟာ မရှိမဖြစ် 
အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့  အိပ်ပျော်တာ စတဲ့ 
ကောင်းကျိုးတွေကို ရရှိစေပါတယ်။
(၈)
 ကင်ဆာရောဂါကို  ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့  
ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ်  
ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ်  
ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
(၉)
 ရောင်ရမ်းမှုကို  ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် 
ဖူကွိုက်ဒန် ဆိုတဲ့  Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် 
ဆန့်ကျင်တဲ့ အာနိသင်၊  သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား 
အာနိသင်နဲ့  ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။
(၁၀)
 သွေးတွင်း  သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ်  
လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ
  တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။
ကြယ်စင်
by Good Health
No comments:
Post a Comment