Wednesday 10 October 2012

လိုက်ချီးသီး၏ ကျန်းမာရေးစွမ်းပကား(၂)

လိုက်ချီးသီး၏ ကျန်းမာရေးစွမ်းပကား(၂)

by NANG KHA YEA on 10.10.2012

အခုအချိန်မှာ လိုက်ချီးသီးတွေကို ပေါပေါများများ တွေ့နေရပါတယ်။  လိုက်ချီးသီးတွေမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်မှုများတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာ သိနိုင်စေဖို့ ရေးသားလိုက်ရပါတယ်။

(၁) အင်တီအောက်ဆီးဒင့်

လိုက်ချီးသီးမှာ သဘာဝ ကင်ဆာ ကုသနိုင်စွမ်း ရှိပါတယ်။ လိုက်ချီးသီးဟာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိတာကြောင့် ကင်ဆာဆဲလ်ကြီးထွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေ့လာမှုအရ လိုက်ချီးသီးဟာ ရင်သားကင်ဆာ ကာကွယ်နိုင်တဲ့ အစွမ်း သိသိသာသာ ရှိတာကို တွေ့ရပါတယ်။

(၂) အိုလီဂိုနောဓာတ်

လိုက်ချီးသီးမှာ ပိုလီဖီနော တစ်မျိုးဖြစ်တဲ့ Oligonol များစွာ ပါဝင်ပါတယ်။ ဒီ Oligonol ဓာတ်ဟာ အင်တီအောက်ဆီးဒင့် အာနိသင်နဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ အာနိသင်တို့ ပါရှိပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ပြီးတော့ အရေပြားကို အန္တရာယ်ပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) ပိုတက်စီယမ်နှင့် ကြေးနီ

လိုက်ချီးမှာ ပိုတက်စီယမ်နဲ့ ကြေးနီတို့လို သတ္တုဓာတ် အမြောက်အမြား ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ဆဲလ်တွေနဲ့ ခန္ဓာကိုယ်အရည်တွေရဲ့ အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် လေဖြတ်တာနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြေးနီဟာ သွေးနီဥ ထုတ်လုပ်ရေးမှာလည်း လိုအပ်ပါတယ်။

(၄) ဗီတာမင်စီ

လိုက်ချီးသီးဟာ ဗီတာမင်စီများစွာပါဝင်ပြီး လိမ္မော်သီးမှာထက် ဗီတာမင်စီ ပါဝင်မှုက ၄၀ ရာခိုင်နှုန်းနီးပါး ပိုများပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်စီများစွာ ပါဝင်တဲ့ သစ်သီးတွေကို စားတာကြောင့် ကူးစက်တတ်တဲ့ ပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပြီး အန္တရာယ်ရှိကာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးတယ်လို့ သိရပါတယ်။

(၅) ဗီတာမင်ဘီအုပ်စု (သိုင်ယာမင်း၊ နိုင်ယာစင်၊ ဖောလိတ်)

လိုက်ချီးသီးမှာ သိုင်ယာမင်း၊ နိုင်ယာစင်နဲ့ ဖောလိတ်တို့လို ဗီတာမင်ဘီ အုပ်စုများစွာ ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တို့ကို ချေဖျက်ရေး လုပ်ငန်းစဉ်မှာ တွဲဖက်ပါဝင်နေတာကြောင့် အရေးပါပါတယ်။

(၆) ဆီးလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး

လိုက်ချီးသီးဟာ အရည်ရွှမ်းတာကြောင့် ဆီးရွှင်စေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။

(၇) ဘီတာကယ်ရိုတင်း

လိုက်ချီးသီးမှာ ပါတဲ့ ဘီတာကယ်ရိုတင်းဓာတ်ဟာ မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းထက် များကောင်း များနိုင်တယ်ဆိုပြီး လေ့လာမှုတွေ လုပ်နေကြပါတယ်။ ဘီတာကယ်ရိုတင်းဓာတ်ဟာ အသည်းနဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေထဲမှာ သိုလှောင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၈) အမျှင်ဓာတ်

လိုက်ချီးသီးမှာ ကယ်လိုရီ ပါဝင်မှုနည်းပြီး ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှု မရှိပါဘူး။ ဒါပေမဲ့ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

(၉) ကာဗိုဟိုက်ဒရိတ်

လိုက်ချီးသီးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်တာကြောင့် ဝမ်းမှန်မှန် သွားစေပါတယ်။

ကြယ်စင်
Ref: Good Health
Source:http://www.yatanarpon.com.mm/news/review-68080
 ww.facebook.com/notes/health-articles/

No comments:

Post a Comment