အိမ်မှာလွယ်လွယ်ရှင်းနိုင်သောပြဿနာအချို့
by nang kha yea on 05.11.2012
အစာမကြေ ခြင်း စမုန်စပါးစားပါ
စမုန်စပါးမှာဗိုက်ပွတာ၊ဗိုက်နာတာ၊လေပွတာ၊ရင်ပူတာတွေကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။သင်က
အစာမကြေဖြစ်လွယ်သူဆိုရင်အစာစားပြီးတဲ့အခါစမုန်စပါးဝါးစားပေးပါ။
ခံတွင်းနံ့နံခြင်းဒိန်ချဉ်သောက်ပါ
ခံတွင်းမှာအနံ့အသက်ကင်းစင်ချင်ရင်အကောင်းဆုံးလုပ်ဆောင်သင့်တာကဒိန်ချဉ်သောက်ပေးပါ။
ဒိန်ချဉ်သောက်တာကြောင့်ခံတွင်းမှာဟိုက်ဒရိုဂျင်ဆာလဖိုက်ကိုလျော့ ချပေးနိုင်တာကြောင့်ခံတွင်းအနံ့
မနံ့စေတာလို့သိရပါတယ်။သစ်သီးနဲ့ရောတဲ့ဒိန်ချဉ်အစားရိုးရိုးဒိန်ချဉ်ကိုသာသောက်သုံးပေးသင့်ပါတယ်။
နေလောင်ခြင်းနွားနို့အသုံးပြုပါ
သင့်ရဲ့နေလောင်ထားတဲ့အရေပြားကိုသေချာစွာသန့်စင်ဆေးကြောပါ။အ၀တ်စသန့်သန့်တစ်ခုကိုအေးနေတဲ့
နွေးနို့ ပန်းကန်ထဲထည့်နှစ်ပြီးနောက်နေလောင်ထားတဲ့အရေပြားပေါ်ကိုတို့ပြီးလိမ်းပေးပါ
ရေခဲသေတ္တာထဲမှာထည့်ထားတဲ့နွားနို့ဖြစ်ရပါမယ်။ဒါမှအရေပြားပေါ်ထိတွေ့လာတဲ့နွားနို့ရဲ့အေးမြမှု
ကရောင်ရမ်းမှုကိုလျော့နည်းစေမှာပါ။ နွေးနိုမှာပါတဲ့လက်တစ်အက်စစ်ကရောင်ရမ်းမှုကိုဆန့်ကျင်ပေးတဲ့
အာနိသင်ရှိပါတယ်။နွားနို့အစားရောင်ရမ်းမှုကိုဆန့်ကျင်ပေးနိုင်တဲ့ဓာတ်ပေါင်းတွေပါဝင်တဲ့သံလွင်ဆီကို
လည်းအသုံးပြုနိုင်ပါတယ်။
ဝမ်းဗိုက်အဆီစုခြင်းထောပတ်သီးစားပါ
ထောပတ်သီးထဲမှာကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝဆီတွေများစွာပါဝင်နေပါတယ်။ဒီအဆီတွေက
သင့်ခန္ဓာကိုယ်အလေးချိန်ကျအောင်စွမ်းဆောင်နိုင်ပါတယ်။လက်ဖ၀ါးအရေခွံကွာကျခြင်းသကြားအသုံးပြု
ပါသင့်လက်ဖ၀ါးကိုရေစွတ်ပြီးသကြားနဲ့ပွတ်ပေးပါ။သကြားတွေကသင့်လက်ဖ၀ါးမှာရှိတဲ့ဆဲလ်သေတွေနဲ့
ကွာကျနေတဲ့အရေခွံအစအနတွေကိုဖယ်ရှားပေးပြီးချေးကျွတ်စေပါတယ်။ပိုမိုထိရောက်စေဖို့သကြားပွင့်
ကြီးကြီးကိုအသုံးပြုပေးပါ။
မကြာခဏခေါင်းကိုက်ခြင်းဟင်းနုနယ်ရွက်စားပါ
ဟင်းနုနယ်ရွက်မှာခေါင်းကိုက်တာကိုသက်သာစေတဲ့ဗီတာမင်ဘီအမျိုးအစားဖြစ်တဲ့ရိုက်ဗိုဖလေဗင်ပါဝင်
ပါတယ်။ဂျာမန်သုတေသီတွေကဟင်းနုနယ်ရွက်စားသုံးပေးတာကြောင့်ခေါင်းကိုက်တဲ့အကြိမ်အရေအတွက်
ကိုလျှော့ချနိုင်ပြီးခေါင်းကိုက်ပျောက်ဆေးသောက်ရတဲ့အရေအတွက်လျှော့ချနိုင်တယ်လို့ပြောပါတယ်။
ဗီတာမင်ဘီအုပ်စုကရေမှာပျော်ဝင်တဲ့ဗီတာမင်အမျိုးအစားဖြစ်ကြောင့်ခန္ဓာကိုယ်ကသိုလှောင်သိမ်းဆည်း
ထားနိုင်စွမ်းမရှိပါဘူး။ဒါကြောင့်ဗီတာမင်ဘီအုပ်စုတစ်ခုလုံးကိုရရှိဖို့အတွက်နေ့စဉ်အစိမ်းရောင်ဟင်းသီး
ဟင်းရွက်တွေကိုစားသုံးပေးပါ။
အအေးမိနှာစေးခြင်း ကြက်စွပ်ပြုတ်သောက်ပါ
အမေရိကန်သုတေသီတွေကကြက်သားနဲ့ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့စွပ်ပြုတ်သောက်တာကသင့်ကိုယ်
ခန္ဓာကိုယ်တွင်းမှာရောင်ရမ်းမှုတွေကိုလျော့ချပေးတာကြောင့်အအေးမိနှာစေးဝေဒနာကိုသက်သာစေတယ်
လို့ဆိုပါတယ်။
စိတ်ဆန္ဒနည်းခြင်းချောကလက်အညိုစားပါ
ချောကလက်အညိုမှာပါဝင်တဲ့ကိုကိုးကအန်ဒေါ်ဖင်ဟော်မုန်းထွက်စေပြီးစိတ်ဆန္ဒအားနည်းတာကိုအကောင်း
ဆုံးသက်သာစေကာစိတ်ကျေနပ်မှုကိုရရှိစေပါတယ်။နို့နဲ့သကြားဓာတ်များတဲ့ချောကလက်တွေမှာတော့
ကိုကိုးပါဝင်မှုနည်းတာကြောင့်အန်ဒေါ်ဖင်ဟော်မုန်းထွက်ဖို့မသေချာပါဘူး။
အရေပြားနှင့်နှုတ်ခမ်းခြောက်သွေ့ခြင်းသံလွင်ဆီအသုံးပြုပါ
သံလွင်ဆီကသဘာဝကရတဲ့အဆီပါ။လက်ဖ၀ါးပေါ်ကိုသံလွင်ဆီအစက်အနည်းငယ်ချပြီးခြောက်သွေ့နေတဲ့
အရေပြားနဲ့ကွဲအက်နေတဲ့နှုတ်ခမ်းပေါ်ကိုညင်သာစွာပွတ်လိမ်းပေးပါ။သင့်အရေပြားနဲ့နှုတ်ခမ်းတွေနူးညံ့
လာစေအောင်သံလွင်ဆီကစွမ်းဆောင်ပေးပါတယ်။
အန္တရာယ်မရှိသောပိုးမွှားကိုက်ခံရခြင်းရှလကာရည်အသုံးပြုပါ
ပိုးမွှားကိုက်ခံရတဲ့နေရာပေါ်ကိုရှလကာရည်အနည်းငယ်ကိုတစ်သျှူးစက္ကူနဲ့တို့ပြီးလိမ်းပေးပါ။ရှလကာရည်မှာ
ပါဝင်တဲ့အက်စစ်ဓာတ်ကရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်။ကုတ်ရာ၊ခြစ်ရာကိုတော့မလိမ်းသင့်ပါဘူး။
source>>>http://www.thameenge.blogspot.com
No comments:
Post a Comment