Saturday 10 November 2012

အရေးကြောင်း ကင်းစေသော နည်းလမ်းများ

by nang kha yea on 11.11.2012


၁။ ပက်လက်အိပ်ပါ

သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။  အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။


  ၂။ ငါးပိုစားပါ

ငါးစားရာမှာ ဆယ်လ်မွန်ငါးကို ပိုစားပါ။ ဆယ်လ်မွန်ငါးက အသားဓာတ်ကို ရရှိစေရုံမကဘဲ သင့်အသားအရေ လှပစေဖို့အတွက် မရှိမဖြစ် အဆီတစ်မျိုးဖြစ်တဲ့ အိုမီဂါ-၃ အဆီကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မရှိမဖြစ်အဆီက အသားအရေကို အားဖြည့်ပေးပြီး အရေးကြောင်း ကင်းစင်ကာ နုပျိုလှပစေပါတယ်။

၃။ မျက်မှောင်ကြုတ်မကြည့်ပါနှင့်

မျက်မှောင်ကြုတ် ကြည့်တဲ့အခါ မျက်နှာပြင် ကြွက်သားတွေက အလုပ်ပိုလုပ် ရတာကြောင့် အရေးကြောင်းတွေကို ဖြစ်စေပါတယ်။ သင်စာကြည့်တဲ့အခါ လိုအပ်ပါက မျက်မှန်တပ်ကြည့်ပါ။ နေပူထဲ ထွက်ပါက နေကာမျက်မှန်တပ်ပါ။ မျက်လုံးနားတစ်ဝိုက်မှာ ရှိတဲ့ အရေပြားတွေ နေလောင်တာကနေ ကာကွယ်နိုင်ပါတယ်။ မျက်မှောင်ကြုတ် မကြည့်မိအောင် သတိထားပါ။

၎။ သဘာဝသစ်သီး အက်စစ် အသုံးပြုပါ

အယ်လ်ဖာ-ဟိုက်ဒရောက်စီ အက်စစ် (Alpha-hydroxy Acid)က သဘာဝ သစ်သီးကရတဲ့ အက်စစ်တစ်မျိုးဖြစ်ပြီး အရေပြားရဲ့ အပေါ်ယံ အလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေကြောင်း ဖြစ်တာကို လျော့နည်း စေပါတယ်။ လေ့လာမှု အသစ်တစ်ရပ်အရ AHAs  က အသားအရေ တင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

၅။ ချောကလက် စားပါ

ချောကလက်မှာ ပါဝင်တဲ့ ကိုကိုးမှာ ဖလေဗိုနော နှစ်မျိုးဖြစ်တဲ့ အက်ပီကက်တီချင်နဲ့ ကက်တီချင်တွေဟာ အရေပြား နေလောင်တာကို ကာကွယ်ပေးပြီး အရေပြားဆဲလ်တွေရဲ့ သွေးလှည့်ပတ်မှုကို အားပေးပါတယ်။ အရေပြား စိုစွတ်စေပြီး ချောမွေ့စေတယ်လို့ အာဟာရ ဂျာနယ်မှာ အရေပြား အထူးကုပညာရှင်တွေက ရေးသားခဲ့ပါတယ်။

၆။ မကြာခဏ မျက်နှာမသစ်ပါနှင့်

ဘုံပိုင်ရေတွေက မျက်နှာမှာရှိတဲ့ သဘာဝ အတားအဆီးဖြစ်တဲ့ အဆီတွေနဲ့ စိုစွတ်မှုကို ဖယ်ရှားပစ်တာကြောင့် အရေးကြောင်း ဖြစ်စေ ပါတယ်။

၇။ ဗီတာမင်စီ အသုံးပြုပါ

ဗီတာမင်စီက ခန္ဓာကိုယ်မှာ ကော်လဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတို့ကြောင့် အသားအရောင် ပြောင်းလဲတာ၊ ရောင်ရမ်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သုတေသီတွေက ဗီတာမင်စီက အရေးကြောင်းတွေကို လျော့ပါးစေတဲ့ အကောင်းဆုံး အာနိသင်ရှိတယ်လို့ ထောက်ပြပါတယ်။

၈။ ပဲပိစပ်စားပါ

နေလောင်တာကို အကောင်းဆုံး ကာကွယ်ဖို့အတွက် ပဲပိစပ်စားပေးပါ။ ပဲပိစပ်စားသုံးပါက ဗီတာမင်၊ ငါးအသားဓာတ်၊ လက်ဖက်စိမ်းရည်၊ စပျစ်သီးစေ့နဲ့ ခရမ်းချဉ်သီးတွေကနေ ရရှိနိုင်တဲ့ ဓာတ်တွေကို ရရှိစေပြီး အရေပြားကို တင်းရင်းစေကာ အရေးကြောင်း ဖြစ်ပေါ်မှုကို ဟန့်တား ပေးပါတယ်။

၉။ အလွယ်ဆုံး နည်းလမ်းများကို လိုက်နာဆောင်ရွက်ပါ

သင့်အသားအရေကို အမြဲတမ်း နုပျိုလန်းဆန်းနေစေဖို့ အမြဲလိုက်နာ ကျင့်သုံးနိုင်တဲ့ အလွယ်ဆုံး နည်းလမ်းတွေ ရှိနေပါတယ်။ အဲဒါတွေ ကတော့ နေရောင်ခြည်နဲ့ မထိတွေ့အောင် ရှောင်ကြဉ်ပါ၊ နေရောင်ကာ ခရင်မ်လိမ်းပါ၊ ဆေးလိပ်မသောက်ပါနဲ့၊ အစိုဓာတ် ထိန်းသိမ်း ပေးနိုင်တဲ့ လိမ်းဆေးလိမ်းပါ။
Ref: Good Health posted on Yatanarpon- news/news-35369
source >>> http://www.facebook.com/pages/ရွှေမြန်မာများအတွက်-ShweBeauty

No comments:

Post a Comment