Wednesday, 28 November 2012

နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ

by nang kha yea on 29.11.2012


လူခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးနေတဲ့ အစားအစာများမှာ အာဟာရဓာတ် ၆-မျိုး ပါဝင်ပါတယ်။

(၁)။ အင်အားဖြစ်စေသော အစားအစာများ။
အဲဒါတွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ထန်းလျက်၊ သကြား အစရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်။ ကစီဓာတ်-ပါဝင်သော အစားအစာများ ဖြစ်ပါသည်။
(၂)။ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ စသည်တို့မှာ ပါဝင်တဲ့ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးတိုးတက်စေသော အသားဓာတ် ဖြစ်ပါတယ်။
(၃)။ အဆီဓာတ်၊ အဲဒါကတော့ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းပေးပြီး ခန္ဓာကိုယ် အရေပြားအောက်နဲ့ ဝမ်းဗိုက်အတွင်း အင်္ဂါများ၊ တင်ပါးတို့မှာ ရှိတဲ့ဓာတ်ဖြစ်ပါတယ်။
(၄)။ သက်စောင့်ဓာတ်ခေါ် ဗီတာမင်များ။
(၅)။ သတ္ထုဓာတ်နဲ့
(၆)။ ရေဓာတ်တို့ ပါဝင်ပါတယ်။ 

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

by popozaw 28.11.2012


လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။

Tuesday, 27 November 2012

ဆေးပေါင်းခမဲ့ညမှာသူငယ်ချင်းတွေနဲ့စားကြတဲ့မယ်ဇလီဖူးအကြောင်း

by popozaw on 28.11.2012


မဲဇလီဖူး၏ ကျန်းမာရေး စွမ်းပကား

မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူက
ိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။

သွယ်လျပြီးသား သင့်ခန္ဓာကိုယ်ကို ဘယ်လို ထိန်းမလဲ

by popozaw on 27.11.2012

အသက်ငယ်ရွယ်စဉ်ကာလမှာ အချိုးအစား ကျနနေတဲ့ သင့်ခန္ဓာကိုယ်ဟာ အနည်းငယ် အသက်ရလာတာနဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာပါတော့မယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ဝမလာပဲ ပုံမှန်လေးပဲ လှပနေတာကို သင်ငေးကြည့်နေရမယ့် အဖြစ်မျိုး မရောက်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ လှပြီးသား ခန္ဓာကိုယ် အလှအပတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းရပါလိမ့်မယ်။

ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ

by popozaw on 27.11.2012


ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

by popozaw on 27.11.2012


အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့် အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။
ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယားတို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသော အချက်များကို ဖြေရှင်းနည်း

by popozaw 27.11.2012


ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ရတဲ့အကြောင်းကို တိတိကျကျ မသိရသေးပေမယ့် ခေါင်းတစ်ခြမ်းကိုက် ရောဂါ ဖြစ်အောင် တွန်းအားပေးနေတဲ့ အချက်တွေတော့ ရှိနေပါတယ်။

ခါးသေးစေမည့်နည်းလမ်းများ


by nang kha yea on 27.11.2012
 
စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ 

Monday, 26 November 2012

ကော်ဖီချစ်သူတွေသိချင်ကြတဲ့ကဖင်းဓာတ်အကြောင်း

by popozaw on 26.11.2012
သင်ဟာ ညဘက်မှာ အိပ် မပျော်တာမျိုး ဖြစ်လေ့ရှိတယ် ဆိုရင် နေ့လယ် ၁ နာရီ ကျော်ပြီးချိန်မှာ ကဖင်းပါတဲ့ အရည်တွေကို မသောက် သင့်ပါ။ ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအခြေခံတဲ့ ဖျော် ရည်နဲ့ ချောကလက်တွေထဲမှာ ပါဝင်ပါ တယ်။ ကဖင်းဓာတ်ဟာ အသင့်အတင့်စွဲ လမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ကဖင်းကို အလွန်အမင်းသောက်မယ်ဆို ရင် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။

ကျန်မာလှပဆံကေသာပိုင်ရှင်ဖြစ်လိုပါလျှင်

by popozaw on 26.11.2012


ဆံပင်သည်လူတို့၏အလှအပနှင့် ကျန်းမာရေးအတွက် ဖြစ်တည်နေခြင်း ဖြစ်သည်။ ရှေးအဆက်ဆက်မှမြန်မာများ တန်ဖိုးထားခဲ့သော
ဆံကေသာ၏ကောင်း ခြင်းငါးဖြာနှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ။ အဓိကအရေးကြီးသည်မှာ ကာ ယကံရှင်စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သောဆံပင်များသည် ကျွန်ုပ်တို့၏စိတ်ကို ချမ်းသာမှုပေးနိုင် မည်နည်း။ လှပသောဆံပင်များပင်ဖြစ် ပေမည်။သို့ရာတွင်ကျန်းမာမှုရှိမှသာ လှပ နိုင်မည်ဖြစ်၍ ဆံကေသာကျန်းမာလှပ ရေးအတွက် နောက်ဆုံးပေါ်နည်းလမ်း များကို ဖော်ပြလိုက်ရပါသည်။