by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:02pm
မိန်းကလေးတိုင်း
အသားအရေ၏ ကောင်းခြင်းနှင့် ပြည့်စုံချင်ပါတယ်။ ကြည်လင်လတ်ဆတ် နုပျိုပြီး
ရှိရင်းစွဲအသက်ကို ခန့်မှန်းလို့မရအောင် တကယ့် အံ့ဖွယ်အသားအရေမျိုးကို
ပိုင်ဆိုင်ချင်ကြပါသလား? အဲဒီလိုလှဖို့ သင့်မျက်နှာပေါ်မှာ
ဘာမိတ်ကပ်လိမ်းလိုက်တယ်ဆိုတာထက် သင့် ထမင်းပန်းကန်ထဲမှာ သင်ဘာတွေထည့်ပြီး
စား လိုက်တယ်ဆိုတာက ပိုအရေးပါလာပါတယ်။ သင်စားလိုက်သမျှ အစားအစာတိုင်းဟာ
သင့်ကို တစ်နေ့တာလှုပ်ရှားဖို့၊ စွမ်းအင်ပေးဖို့၊ ခန္ဓာကိုယ် တွင်း
အစိတ်အပိုင်းတွေကို အားဖြည့်ပေးဖို့တင် မဟုတ်ဘဲ ပြင်ပရုပ်သွင်ကိုပါ
လွှမ်းမိုးပြောင်းလဲပစ်ပါတယ်။ “ကျန်းမာရေးအတွက် ကောင်းမွန်တဲ့
အစားအသောက်တွေကို သင်စားလေလေ၊ သင့် အသားအရေက ပိုမိုကြည့်ကောင်း တောက်ပလေလေ”
ဖြစ်ပါလိမ့်မယ်။