Saturday, 10 November 2012

လူတိုင်းထက်ပေါ်လွင်အောင်ဒီလိုမျိုးလေးနေရအောင်

by nang kha yea on 11.11.2012


ဒီကနေ့မှာ မိန်းကလေး အများစုက ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်တွေကို တန်းတူ ညီတူ လုပ်ကိုင်နေကြပါတယ်။ တစ်နေ့တာ  အချိန်အများစုကို အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ် လုပ်ကိုင်နေကြရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။ သင်ဟာ လုပ်ငန်းခွင်မှာ သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရုံ သာမကဘဲ ယုံကြည်မှု ရှိရှိနဲ့ လူအများကြားမှာ ထင်ထင်ပေါ်ပေါ် ရှိနေအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သင့်ကိုယ်သင် ဂရုပြု ထိန်းသိမ်းနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။

အရေးကြောင်း ကင်းစေသော နည်းလမ်းများ

by nang kha yea on 11.11.2012


၁။ ပက်လက်အိပ်ပါ

သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။  အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။

သင့်ကို ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး



By nang kha yea on 11,11.2012















စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ဖိစီးမှုလျော့ပါးကာကြည်နူးမှု ဖြစ်စေမယ့်အပြုအမူတွေကို ဖော်ပြ
လိုက်ရပါတယ်။

စိတ်ပျော်ရွှင်စေဖို့ အစားသင့်ဆုံး အကောင်းဆုံးအစာများ

by nang kha yea on 11.11.2012


စိတ်ပျော်ရွှင်မှုအတွက် အစားအစာက အသုံးဝင်တယ်လို့ သင်ထင်ပါသလား။  မှန်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားမှုဟာ ဆက်စပ်မှု ရှိနေပါတယ်။ အကြောင်းကတော့ အစားအစာ တချို့မှာ ဆီရိုတိုနင်ဓာတ်၊ ထရစ်ပတိုဖန်ဓာတ်စတဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတ်တွေအပြင် ဗီတာမင် B6၊ B12 နဲ့ ဖောလစ်အက်စစ်စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေလို့ပါ။

ရွှေဖရုံစေ့၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

by nang kha yea on 11.11.2012


အစေ့အဆန်တွေက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ။  အဲဒီအစေ့အဆန်တွေထဲမှာ ပါဝင်တဲ့ ရွှေဖရုံစေ့ရဲ့ ကျန်းမာရေး အာနိသင်တွေကို သိရှိစေဖို့ ရေးသားလိုက်ရပါတယ်။

အကင်တွေက ကင်ဆာဖြစ်စေနိုင်သလား

by nang kha yea on 11.11,2012


အကင်တွေက တကယ်ကို အရသာရှိလှပါတယ်။ အရသာရှိသလောက် ကျန်းမာရေးကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။ အနီရောင်ရှိတဲ့ အသားတွေ၊ ကြက်၊ ငှက်တွေနဲ့ ငါးတွေကို ကင်လိုက်တဲ့အခါ  ထွက်လာတဲ့ ဓာတ်ပေါင်းပစ္စည်း Heterocyclic Amines ဟာ ကင်ဆာဖြစ်စေတဲ့ Carcinogen ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသားတွေကို မီးသွေးပေါ်တင်ကာ ကင်တဲ့အခါထွက်လာတဲ့ Polycyclic Aramatic hydrocarbon ဆိုတဲ့ ဓာတ်တစ်မျိုးဟာလည်း ကင်ဆာကို ဖြစ်စေပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ပထမတစ်မျိုးဖြစ်တဲ့ Heterocyclic Amines က အသားမှာပါရှိတဲ့  Creatinine အမိုနိုအက်စစ်တွေက မြင့်မားတဲ့ အပူချိန်မှာ ပြိုကွဲပြီး ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အသား၊ ငါးတွေကို ကင်တဲ့အခါ၊ ဖုတ်တဲ့အခါမှာ ထွက်ရှိလာတတ်ပါတယ်။

အရွယ်တင် နုပျိုစေနိုင်မည့် နည်းလမ်းအသစ်များ

by nang kha yea on 11.11.2012



















 ရှူးဖိနပ်ကြိုးတွေ ဖွာမထွက်အောင် ကြိုးထိပ်မှာ ပလတ်စတစ်နဲ့ ဖုံးစွပ်ထားသလိုမျိုး တယ်အိုမီးယားတွေဟာ သင်ရဲ့ မျိုးရိုးဗီဇ Gene တွေ မပျက်စီးအောင် ကာကွယ် ပေးထားတယ်  ဆိုတာကို ဆေးပညာအတွက် ဝေါဟာရအသစ်များ ဆောင်းပါးမှာ ဖော်ပြထားပြီးပါပြီ။ ဒါပေမဲ့ အသက် ကြီးလာတာနဲ့အမျှ တယ်အိုမီးယားတွေ ပျက်စီးသွားတတ်တာကို ကာကွယ်ပြီး အရွယ်တင်နုပျိုပြီး ကျန်းကျန်းမာမာ နေနိုင်အောင် အောက်ပါ နည်းလမ်းတွေ ပြုလုပ်ပါ။

သင့်အသားအရေအတွက် လုပ်ဆောင်သင့်သော အရာ ၁၀ မျိုး

by nang kha yea on 11.11.2012


သင့် အသားအရေက သင့်အကြောင်းကို ပြောပြနိုင်ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ်ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လားစတဲ့ အချက်တွေကို  သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့်အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန်တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာပဲ သင့်ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။ အရေပြားကျန်းမာရေးဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့်အသားအရေ ကျန်းမာလှပရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက်ရပါတယ်။

သွယ်ကျစ်လှပကျန်းမာသန်စွမ်းစေမည့် အဆီများ

by nang kha yea on 11.11.2012



















သင့်ခန္ဓာကိုယ် အလေးချိန်ကျဖို့ အတွက် အမှန်တကယ် ရုန်းကန်နေရပါသလား။  အဆီစာတွေ အများကြီးစားလိုက်ပါလို့ သုတေသီတွေက အကြံပေးထားကြပါတယ်။ လေ့လာမှုအသစ်အရ မှန်ကန်တဲ့ အဆီအမျိုးအစားကို ရွေးချယ်ပြီး စားသုံးတာကြောင့် ကိုယ်အလေးချိန် ကျဆင်းနှုန်း နှစ်ဆပိုများနိုင်ပြီး အဲဒီအလေးချိန်အတိုင်း ဆက်လက် ထိန်းထားနိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပါ။

သင့်ခန္ဓာကိုယ်အကြောင်း သင်မသိနိုင်သေးသည့် အချက် ၁၀ ချက်

by nang kha yea on 07.11.2012
















ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ သတိမထား မိတဲ့အချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ် အကြောင်း ပိုသိစေဖို့ တချို့အချက်တွေကို ဖော်ပြလိုက်ပါတယ်။