Saturday, 17 November 2012

နှလုံးသွေးကြောစနစ်ကို အကာအကွယ်ပေးမည့် အစားအစာများ

by nang kha yea on 17.11.2012
View image detail
တူနာငါး
ရရှိမည့် အာဟာရဓာတ် - အိုမီဂါသရီး ဖက်တီးအက်စစ်၊ ဖောလိတ်နဲ့ နိုင်ယာစင် ဓာတ်။

ဟင်းလျာ ပြင်ဆင်နည်း - နေ့လည်စာမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်သုပ်ထဲ တူနာငါး ထည့်စားပါ။ တူနာငါးကို စည်သွတ် ဘူး (Canned Tuna) အနေနဲ့ ဝယ်ယူရရှိ နိုင်ပါတယ်။

များလှတဲ့ စပျစ်သီးဖျော်ရည် ၏ အစွမ်း

by nang kha yea on 17.11.2012
စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ဝိတ် လျှော့ချသူများ လွဲမှားစွာရှောင်ကြသော စားသင့်သည့်အစားအစာများ

၁။ ကြက်ဥ
လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး အာဟာရဓာတ် ညီညွတ်မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံးစားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားပေးတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ် အစာထပ်စားဖို့ကို နည်းသွားစေပါတယ်။ 

ဝက်ခြံကင်းသော အသားအရေ ဖြစ်အောင်

by nang kha yea on 17.11.2012
Royalty Free Stock Images: Acne facial care teenager woman squeezing pimple. Image: 19406999
ဝက်ခြံပေါက်နေရင် အရေပြားကို မသက်မသာ ဖြစ်စေပြီး လူမှုဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေ ကင်းစင်ပြီး အသားအရေ ချောမွေ့လှပနေအောင် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

မျက်စိအားကောင်းစေသော အာဟာရများ

by nangkha yea on 17.11.2012
image photo : Green Eye


လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။
လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ်ရောဂါတွေလို နာတာရှည် မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျစေနိုင်ကြောင်းလေ့လာမှုများစွာကဆိုထားပါတယ်။

ယောက်ျားလေးများလှစေဖို့  အလှအပထိန်းသိမ်းကြစို့ 

by nang kha yea on 17.11.2012















ယောက်ျားလေးများလှစေဖို့  အလှအပထိန်းသိမ်းကြစို့  .........
ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင် သင့်ပါတယ်။

Friday, 16 November 2012

သင်ဘီယာအကြောင်း ဘယ်လောက် သိသလဲ

by nang kha yea on 16.11.2012



















ဘီယာအကြောင်း ဘယ်လောက် သိသလဲ

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။


သင့်အသားအရေအတွက် ဆေးဘက်ဝင် အသီးများနှင့် အပင်များ

by nang kha yea on 16.11.2012


စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။

မျက်ကွင်းညိုခြင်း အကြောင်းများ နှင့် ကာကွယ်နည်းများ

by nang kha yea on 13.11.2012
မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက်ပိုပြီးတော့ပါးလွှာပါတယ်။မျက်လုံးပတ်ပတ်လည်မှာအာဟာရပြု ထောက်ပံ့ နေတဲ့
သွေးကြောလေးတွေကအင်မတန်သေးငယ်ပြီးအဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်
(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။

လူတိုင်းအကျိုးအသီးကိုးမျိုး

by nang kha yea on 16.11.2012
သေဘာၤသီး
သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..