Saturday 29 September 2012

Online ပေါ်မှာပြသင့်တဲ့ငါတို့ရဲ့အမျိုးဂုဏ်
by popo on 29.9.2012

 ယနေ့လူသားတို့ရဲ့ အသက်ရှင်နေထိုင်မူ့ ဘဝမျိုးစုံတွေထဲက ထိုးဖေါက်ပြီး နည်းပညာရှင်ကြီးများတွေက
ကြိုးစားပမ်းစား တည်ထွင်လာခဲ့ကြတဲ့ ပညာရပ်တွေထဲမှာ Network ဆိုတဲ့ နည်းပညာတွေဟာ လူသားအားလုံး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ဝေးကွာ ပါစေ လူသားတွေ အချင်းချင်း တွေ့နိုင်မြင်နိုင် အသိပညာတွေ ဖလှယ်နိုင်အောင် အတွေးအခေါ်တွေ ရင့်ကျက်ပြီး လူသားတွေ အားလုံး အတွက် ဆက်လက်တည်ထွင် ကြံဆနိုင်ဘို့ရွာကြီးတစ်ရွာ လိုဖြစ်အောင် မျော်မှန်းဖေါ်ထုပ်ခဲ့ကြတယ်
          ဒါပေမဲ့ ဝမ်းနည်းစရာ  ကောင်းလောက်အောင် မှန်ကန်စွာအသုံး မချဘဲ အင်တာနက် သုံးနေကြတဲ့ လူငယ်အများစု (လူငယ်တိုင်းကိုမဆိုလိုပါ)ဟာ Facebook  Gtalk account တွေကို အလကားရတိုင်း နှစ်ခု သုံးခုဖွင့်ပြီး chat တွေထဲမှာ ဆော်ကြောင်ခြင်း ဘဲ ကြောင်ခြင်း မျက်ခွက်ပြောင်ခြင်း တွေကို အကျိုးမရှိစွာနဲ့ အချိန်ဖြုံးနေကြတာ တွေ့နေရလို့ပါဘဲ

 
         Social network တွေထဲမှာ ငါတို့တွေရဲ့ မြန်မာမိန်းခလေးများ ရိုးသားတဲ့ဂုဏ်ကြောင့် မိမိရဲ့ ဓါတ်ပုံ ကိုဘဲတင်လိုက်ကြတယ်။ အဲဒီမှာ မောင်မင်းကြီးသားများက မြန်မာ့ယဉ်ကျေးမူ့ ၊ ကိုယ်ကျင့်တရား တွေနဲ့ ဆန့်ကျင်စွာ မိန်းခလေးများကို ပြောဆိုဆက်ဆံ လာကြတယ်။ မိန်းခလေးများပင် မဟုတ် အိမ်ထောင်ရှင် အမျိုးသမီးများပင် မဖတ်ရဲမကြားရဲတဲ့ အသုံးအနူံးများ၊မောင်နှင့်နှမ ကိုယ်ချင်းမစာနာသော အသုံးအနူံး များ ပြောဆိုနေကြတယ်။ အဲဒါတွေဟာ တကယ်တော့ မိမိရဲ့လူမျိုးဂုဏ် မိမိရဲ့မျိုးရိုးဂုဏ် တွေကို ရှက်ဖွယ် လိလိ ဖေါ်ထုတ်ပြသနေ သလိုပါဘဲ။
chatတွေထဲမှာအမျိုးသမီးများကစကားမပြောချင်လို့သော်လည်းကောင်း ပြောဆိုဖို့အချိန်မရှိလို့သော်
လည်းကောင်း chat boxကိုပိတ်လိုက်ပြီးသော်လည်းကောင်း ပြုလုပ်လိုက်ကြတဲ့အခါ မောင်မင်း
ကြီးသားများက မာနကြီးတာလား၊ အဖက်မလုပ်တာလား၊ဘာကိုဂရုစိုက်ရမှာလဲ မင်းကဘာမို့လို့လဲ၊နောက်ဆက်ပြီး မကြားဝံ မနာသာ ရိုင်းဆိုင်းသောအသုံးအနှုံးများနဲ့ ဆက်ပြောပါတော့တယ်၊၊အဲဒီမှာ အမျိုးကောင်းမိန်းကလေးတွေမှာလဲ chat room တွေထဲမှာဆက်မနေရဲ မလုပ်ရဲနဲ့ နောက်ပိုင်း chat ဆိုတဲ့ ကိစ္စကို ကြောက်စရာကြီးတခုလို မြင်လာပြီးsocial network တွေကနေအပြီးအပိုင်နှုတ်ထွက်လိုက်ကြတော့တယ် မောင်းမင်းကြီးသားများရဲ့စကားလေး
တစ်ခွန်းနှစ်ခွန်းလောက်အတွက်နဲ့ အမျိုးကောင်းသားသမီးများဟာ network ကနေရနိုင်တဲ့ အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရတော့သည်။
                  မောင်မင်းကြီးသားအနေနဲ့တော့ကလဲ chatတွေထဲမှာ အမျိုးသမီးများမှ chat box ကိုပိတ်လိုက်ခြင်း၊စကားမပြောဘဲနေခြင်းများကို အမျိုးသားများမှလူမျိုးဂုဏ် ဇာတိဂုဏ် အမျိုးဂုဏ် ထိန်းသိမ်းပြီး မြန်မာ့ယဉ်ကျေးမှု မြန်မာ့ကိုယ်ကျင့်တရားများရှိစွာဖြင့် ဆက်လက်ပြီး
မနှောက်ယှက်ကြဖို့သင့်တော်တယ်လို့ မြင်မိတယ်၊ ကိုယ့်ကိုမမြင်ရ ဘယ်မှာနေမှန်းမသိဘူး ပြော
ချင်တာပြောမယ ဆိုရင်ကိုယ့်ကို မသိပေမယ့်လဲ ကိုယ့်လူမျိုးဂုဏ် အမျိုးဂုဏ် မိမိရဲ့ကိုယ်ကျင့်
တရား ထိခိုင်နိုင်တာပဲလေ။
              အခုလိုအချိန်ကာလတွေမှာ ငါတို့တွေရဲ့လူမျိုးဂုဏ် ဇာတိသွေး ဇာတိမာန်တွေကို
လူမျိုးခြားများ လူသားများအားလုံးကို သိရှိနိုင်အောင် ဖြန့်ဝေပေးနိုင်တဲ့ ကွန်ယှက်ကြီးသဖွယ် ဖြစ်နေတဲ့  အခွင့်အရေးပေးတဲ့အပေါ် ငါတို့လူမိုးတွေရဲ့ ကိုယ်ကျင့်တရား ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို လူသားအားလုံးအား ချပြပြီးဆောင်ရွက်နိုင်မဲ့ အချိန်အခါကောင်းတွေပဲနော်။
အဲဒီတော့ ဒီလိုအပြုအမူတွေ ပြုလုပ်နေကြတာဟာ နည်းပညာရှင်ကြီးတွေရဲ့ ကြိုးစားပမ်းစားတီထွင်
မျော်မှန်းတည်ဆောက်ထားတာတွေကို စော်ကားနေတာနဲ့ အတူတူပါပဲ ဒါကြောင့် နည်းပညာရှင်ကြီးတွေကို လေးစားသမှုပြုသလို မိမိရဲ့လူမျိုးဂုဏ် အမျိုးဂုဏ်တွေကို ထိန်းသိန်းကျင့်ကြံနိုင် မယ့်အပြုအမှုများနဲ့ chat တွေမှာဟေးလေးဟားလား လုပ်ပြီးအချိန်တွေဖြုန်းမဲ့အစား ထိုးဖောက်ပြီးတော့ network chat တွေကနေရနိုင်မယ့် နည်းပညာတွေ အတွေးအခေါ်တွေ မိတ်ဆွေကောင်းတွေ ရှာကြရင်း မိမိရဲ့ဘ၀တွေတိုးတက်ဖို့အတွက်ရောမိမိလူမျိုးဂုဏ် အမျိုးဂုဏ်တွေပါ မြင့်မြတ်ဖို့အတွက် လူသားတွေ ကောင်းကြိုးအတွက် လောကကြီးထဲက မသိရှိသေးတဲ့အရာတွေ နည်းပညာတွေ အမူအကျင့်တွေ အမြင်ကြယ်စွာနဲ့ ကြိုးစားရှာဖွေ ဆည်းပူးကြရင်းဖြင့် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်အမျိုးဂုဏ်တွေကို မြင့်တင်နိုင်ကြမယ်လို့ ထင်ပါတယ်။
network ရွာကြီးထဲမှာ မိမိနိုင်ငံ မိမိ လူမျိုး မိမိအမျိုးဂုဏ် ကိုယ့်ကျင့်တရားတွေကိုလူသားအားလုံးအားဖော်ပြရင်း လူသားတွေထံက ကောင်းမွန်တဲ့ နည်းပညာများ ကိုယ်ကျင့်တရားများ ဘ၀ ရဲ့မြင့်မြတ်တဲ့ အကျိုးတရားတွေကို ရှာဖွေဖော်ထုတ်ကြရင်း နော်လာမယ့် မျိုးဆက်တွေအတွက် ဦးဆောင်လမ်းပြ ထားခဲ့နိုင်ကြပါစေလို့။
 မှတ်ချက် ။       ။(chatting ထိုင်သော အမျိုးကောင်းသား အမျိုးသမီးကောင်းများ အားလုံးကိုမရည်ရွယ်ပါ တိုက်ဆိုင်မှုများ အမှားများ ရှိခဲ့လျင် ခွင့်လွတ်ပါ လူသားအားလုံးရဲ့ ဝေဖန်မှု ကဲ့ရဲ့မှု ချီးကျူးမှု တို့ကို မျော်လင့်လျက်)
              popo 
           29.9.2012

No comments:

Post a Comment