Thursday 4 October 2012

အထူးပြောစရာမလိုသည့် သနပ်ခါး ( Chinese Box-Tree )

post မတင်ရတာ ၂ ရက်တောင်ရှိနေပြီ ။ဘယ်လိုမှနေလို့မရတာနဲ့
သူငယ်ချင်းတွေ အတွက် ဘာတွေတင်ပေးရရင်ကောင်းမလဲလို့ စဉ်းစားနေရင်း
အရမ်းကြိုက်တဲ့ ရနံ့လေး ရလိုက်တာနဲ့ ဖတ်မိဖူးတဲ့ post လေးကိုပြန်ုသတိရသွားလိုက်တာ............
ဒါနဲ့ပဲ ဒီpost လေးကိုပြန်ရှာပြီး သူငယ်ချင်းတွေ အတွက်  သနပ်ခါးရဲ့ အာနိသင်တွေအကြောင်း တင်ပေးလိုက်တယ်နော်။
အထူးပြောစရာမလိုသည့် သနပ်ခါး ( Chinese Box-Tree )


သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေတတ်၏ ။
ပူခါး ချုပ်ပွင့် ဖြစ်၏ ။ ငန်းမန်း ကို နိုင်စေ၏ ။
အပူနာ ၊ အအေးနာ နှစ်မျိုးလုံး ၌ သုံးနိုင်၏။
ဝက်ရူးပြန် ရောဂါ ဆေးတွင် သုံး၏ ။
အနာကြီး ရောဂါသည် များ အတွက် အရွက် ကို ပြုတ်၍ ရေချိုး ပြီး ချွေးအောင်း ရ၏ ။
အရွက်ပြုတ်ရည် ကို ဆား များများ ခတ်၍ သောက်ပါက ငှက်ဖျား ရောဂါ ပျောက်၏။
အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။
.
အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင် ၊ အနာအဆာ နှင့် ကိုယ်တွင်း ရောဂါဟူ သမျှကင်းရှင်း ပပျောက်စေ ၏ ။
.
အဆိပ်ပြေဆေး ၊ ခွန်အား တိုးဆေး ၊ ကျောက်ရောဂါ ကာကွယ်ဆေး နှင့် ပြင်းထန် သောအဖျား ရောဂါများ အတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
.
ဝမ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။
.
အမြစ်ကို နနွင်း နှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါ သည်များ အညာ ပျောက်၏ ။
.
ကလေး ချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက် စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏ ။
Mg Mandalay စာကြည့်ခန်း
shared by : Mg Mandalay စာကြည့်ခန်း facebook မှကူးယူဖေါ်ပြပါသည်။
                                      (သနပ်ခါး ကြိုက်တဲ့ သူတိုင်းအတွက် သိစေချင်လို့ ပါနော်)
                                                                                           popo
source>>>http://alinkabar.ning.com/profiles/blogs/6320079:BlogPost:1061736/

No comments:

Post a Comment