Monday 15 October 2012

လည်တိုင်ကြော့ရှင်း အလှဝင်းစေဖို့နည်းလမ်းများ


လည်တိုင်ကြော့ရှင်း အလှဝင်းစေဖို့နည်းလမ်းများ
by NANG KHA YEA on 16.10.2012









ပျိုမေတိုင်း မျက်နှာအသားအရေကိုသာ ဂရုစိုက်ပြင်ဆင်ခြယ်သကြတာများပါတယ်။ တချို့သော လည်ပင်း၊ လည်ကုတ်များဟာ မျက်နှာနဲ့ယှဉ်လိုက်ရင် သိသိသာသာ မည်းနေတတ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ မျက်နှာအသားအရေကိုပဲ ဂရုစိုက်ပြီး လည်ပင်းအသားအရေကို ဂရုမစိုက်ခြင်းတို့ကြောင့် လည်ပင်းအရေပြားဟာ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးယိုယွင်းပြီး မည်းလာရတာ ဖြစ်ပါတယ်။ ဒီအတွက် အောက်ပါအတိုင်း ဖြေရှင်းကုသနိုင်ပါတယ်။ 

ဂရုစိုက်ရမည့် အလေ့အကျင့်များ

၁။ လည်ပင်းကို တည့်တည့်မတ်မတ်နဲ့ ခါးကို မတ်မတ်လေးထိုင်၊ ရပ်တဲ့အကျင့် လုပ်ပေးပါ။

၂။ လည်ပင်းအရေပြားကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။ ဆဲလ်သေတွေ သေသွားအောင် Cleanser နဲ့ ပွတ်တိုက်ပေးပါ။

၃။ လည်ပင်းကို မှန်မှန်နှိပ်နှယ်ပေးပါ။ ဒါပေမဲ့ လက်ချောင်းကို အားထည့်ပြီးတော့ မနှိပ်ပါနဲ့။

၎။ ခေါင်းအုံးကို သိပ်အမြင့်ကြီး မအုံးပါနဲ့။ ခေါင်းအုံးနိမ့်နိမ့်လေးတွေ အုံးပေးပါ။

၅။ အလုပ်လုပ်ရင်လည်း ခေါင်းကို တည့်တည့်မတ်မတ်ထားပြီး ထိုင်ပေးပါ။ ကွန်ပျူတာ သုံးရင်လည်း ခါးမတ်မတ်၊ ခေါင်းမတ်မတ်နဲ့ ထိုင်ပေးဖို့လိုပါတယ်။

၆။ သိပ်ပြီး နူးညံ့အိစက်တဲ့ အိပ်ရာပေါ်မှာ မအိပ်ပါနဲ့။

၇။ နေ့စဉ် လည်ပင်းလေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

၈။ အိပ်လို့ရှိရင် ဘေးစောင်းအိပ်ပေးပါ။ ဘယ်ဘက်ပဲဖြစ်ဖြစ်၊ ညာဘက်ပဲဖြစ်ဖြစ် အဆင်ပြေသလိုစောင်း အိပ်နိုင်ပါတယ်။

အသီးအနှံများနှင့် ပြုလုပ်နိုင်တဲ့ နည်းလမ်းများ

၁။ သခွားသီးကို အကွင်းလိုက် ထူထူလေးတွေ လှီးပါ။ သခွားသီးကို အခွံမခွာပါနဲ့၊ လည်ပင်းကို စက်ဝိုင်းပုံစံလေး လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆယ်ငါးမိနစ်လောက်နေပြီးမှ ပြန်ပြီး ရေနဲ့ ဆေးကြော
ပေးရမှာ ဖြစ်ပါတယ်။

၂။ ခရမ်းချဉ်သီး ပန်းသီး တို့ကိုလည်း နှစ်ခြမ်းလှီးပြီး လည်ပင်းကို ပွတ်သပ်လိမ်း ပေးနိုင်ပါတယ်။ အပေါ်ကအတိုင်း ဆယ့်ငါးမိနစ်လောက် အခြောက်ခံပေးပြီးမှ ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

၃။ သံပရာသီးအခွံကို ထက်ခြမ်း ခြမ်းပြီးတော့လည်း လည်ပင်းကို လိမ်းပေးနိုင်ပါတယ်။ (၃-၄ရက် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်)

၎။ နို့နဲ့လည်း လည်ပင်းကို လိမ်းပေးနိုင်ပါတယ်။ ပန်းသီးကို ပါးပါးလေးလှီးပြီးတော့လည်း အသုံးပြုနိုင်ပါသေးတယ်။

စတော်ဘယ်ရီသီးနဲ့ နွားနို့ရောစပ်ပြီး လည်ပင်းကို လိမ်းနိုင်ပါသေးတယ်။ 

ပန်းသီးတစ်လုံး၊ ဖရဲသီး တစ်စိတ်တို့ကို ယူပြီး အရည်ညှစ်ချပါ။ အဲဒီ့နှစ်မျိုးပေါင်း အရည်ကိုမှ လည်ပင်းကို လိမ်းပေးရပါမယ်။ မိနစ် ၂၀ ကြာအောင် အခြောက်ခံပေးပါ။ပြီးမှ   ရေနွေးနဲ့ ဆေးပါ။ 
 ရေနွေးနဲ့ ဆေးပြီး မှ ရေအေးနဲ့တဖန်ပြန်ဆေးကြောပေးရမှာ ဖြစ်ပါ။

ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီး စတဲ့အသီးတွေထဲက တစ်ခုခုနဲ့ အပတ်စဉ် လည်ပင်းကို လိမ်းပေးမယ်ဆိုရင် လည်ပင်းအရေပြား တွဲကျခြင်း တင်းရင်းချောမွတ် စေပါလိမ့်မယ်။

အရေပြား ညီညာချောမွေ့ချင်တယ်ဆိုရင်တော့ ရေချိုးရင်ပျားရည်နဲ့ လည်ပင်းကို လိမ်းပြီး ချိုးပေးပါ

 မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် လည်ပင်းတစ်ဝိုက်ရှိ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားကို ချောမွေ့
လာပြီး တောက်ပရွှန်းလဲ့လာမှာ ဖြစ်ပါတယ်။ 

ူငယ်ချင်းများ အားလုံးပျော်ရွှင်ကြပါေ
          popo  *16.10.2012*

No comments:

Post a Comment