Friday 19 October 2012

ပြုံးလိုက်တိုင်း လှချင်တယ်ဆိုရင်

ပြုံးလိုက်တိုင်း လှချင်တယ်ဆိုရင်

by NANG KHA YEA on 19.10.2012

တချို့အစားအစာကို ပိုစားပါ

ပန်းသီး၊ မုန်လာဥနီ၊ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းတဲ့ သစ်သီးနဲ့ ဘယ်ရီသီး အမျိုးမျိုးတွေက သဘာဝ သွားဖြူစေတဲ့ သစ်သီးတွေပဲ ဖြစ်တာကြောင့် အဲလိုသစ်သီးတွေကို ပိုစားပါ။

သောက်နေကျ အရည်တွေကို ဆန်းစစ်ပါ

အရမ်းအရောင်ရင့်တဲ့ ဖျော်ရည်တွေဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နဲ့ ချောကလက် ဖျော်ရည်တွေကို သောက်ပြီးချိန်မှာ ရေအနည်းငယ်နဲ့ စက္ကန့်  ၂၀ လောက် ငုံထားပြီး အာလုတ်ကျင်းပေးသင့်ပါတယ်။ အရောင့်ရင့် ဖျော်ရည်တွေကို အသောက်များတာကြောင့် သွားအရောင် မည်းလာတတ်ပြီး မလှတော့ပါဘူး။


အပြင်အဆင်နဲ့ လှည့်စားပါ

နှုတ်ခမ်းနီအရောင်ကို နှင်းဆီနီရောင်၊ ပန်းရောင်နဲ့ ဘယ်ရီရောင်တွေက သင့်အပြုံးကို ပိုပြီး သက်ဝင်လှပနေအောင် အထောက်အကူပြုစေတဲ့ နှုတ်ခမ်းနီအရောင်တွေပဲ ဖြစ်ပါတယ်။ သွေးရောင်လွှမ်းတဲ့ နှုတ်ခမ်းတစ်စုံက သင့်ကို ပြည့်စုံတဲ့ အပြုံးပေးနိုင်ပါတယ်။

ပုံမှန် ခံတွင်းသန့်ရှင်းမှု ပြုလုပ်ပါ

တစ်နေ့နှစ်ကြိမ် သွားတိုက်တာမျိုး၊ ထမင်းစားပြီးချိန်တိုင်း သွားတိုက်တာမျိုး၊ သွားတိုက်တံကို သုံးလ၊ လေးလ တစ်ကြိမ်လောက် အသစ်လဲပေးတာမျိုး၊ သွားပွတ်ကြိုးကို နေ့စဉ်သုံးပေးတာမျိုး၊ သွားတိုက်ပြီးချိန် လျှာကိုပါ သန့်စင်ပေးတာမျိုး၊ သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပုံမှန် တွေ့ဆုံတာမျိုး ပြုလုပ်ပြီး သွားနဲ့ခံတွင်းကို ဂရုစိုက်ပါ။

သွားဖြူဆေး ကိုယ်တိုင်ဖန်တီးပါ

ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်အမှုန့် တစ်ဇွန်းနဲ့ ဆော်ဒါမှုန့်တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ပျစ်နေအောင် ရောပြီး သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးအဖြစ် သုံးပေးနိုင်ပါတယ်။ သွားကို ဖြူဝင်းစေပြီး အနံ့ဆိုးကင်းစေကာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။

နှုတ်ခမ်းဘေးက အရေးကြောင်းတွေကို ဖယ်ရှားပါ

နှုတ်ခမ်းပေါ်နဲ့ နှုတ်ခမ်း ဘေးပတ်ပတ်လည်မှာ အရေးကြောင်းတွေ ရှိနေတာကလည်း သင့်အပြုံးကို လှပမှုကင်းစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် ဖယ်ရှားပေးသင့်ပါတယ်။ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ဖို့ ရေဓာတ်အပြည့်အဝ ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးကို သုံးပြီး၊ နှုတ်ခမ်းဆိုးဆေး အဆီတစ်မျိုးကို အပြီးသတ်ဆိုးပေးပါ။ နှုတ်ခမ်းဘေးက အရေးကြောင်းတွေအတွက် ဘိုတောက် ဆေးထိုးနည်းက ကူညီနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပေးနိုင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အရေပြားမှာ အရေးကြောင်းကို ဖြစ်စေတာကြောင့် ဆေးလိပ်သောက်တတ်သူ ဖြစ်ရင် ဆေးလိပ်သောက်တာကို ချက်ချင်း ရပ်တန့်ဖို့လိုပါတယ်။

သွားကို နည်းနည်းမှ အထိမခံပါနဲ့

သွားအနည်းငယ် ပဲ့ထွက်တာ၊ ကျိုးပဲ့တာမျိုးတွေနဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် သွားကျဉ်တာမျိုးတွေဖြစ်ရင် သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သွားကို အလှပြုပြင်သူတွေ၊ သွားအရောင်ချွတ်ထားသူတွေ၊ သွားထဲမှာ စိန်ထည့်ထားသူတွေမှာ အစပိုင်း သွားကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ သွားကျဉ်တာမျိုးနဲ့ သွားကျဉ်တာက ရေသောက်လို့တောင် မရရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

သွားကျဲတာက သင့်အပြုံးကို ရုပ်ဆိုးစေပါတယ်

သွားကျဲတာကို ပြန်လည် ကုသပေးဖို့အတွက် သွားထိန်းကြိုးတွေ တပ်ထားပြီး ပြန်လည် ပြုပြင်ပေးလို့ ရပါတယ်။ ဒီလိုပြုပြင်မှုကို ကလေးငယ်တွေအတွက် မပြုလုပ်သင့်ပါဘူး။ သွားတွေအားလုံကို စုပြီးညီညာအောင် ပြုလုပ်ထားတာမျိုးပါ။ အဲဒီ့ ကိရိယာက တပ်ထားစဉ်မှာတော့ သင့်ကို ကြည့်ရဆိုးနေစေမှာပါ။ ကိရိယာ တပ်ဆင်ထားစဉ်မှာ ဆောင်သင့် ရှောင်သင်တဲ့ အစားအစာတွေကို သွားဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ကိရိယာ တပ်ဆင်ထားချိန်က ခြောက်လကနေ တစ်နှစ်လောက် ကြာပါတယ်။

ကုသမှု မှန်ကန်ပါစေ

သင့်အပြုံးဟာ သင့်သွားပုံစံနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ သိသင့်ပါတယ်။ သွားကျန်းမာရေးအတွက် တိုင်ပင်ချိန်မှာ အမှန်တကယ် နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီး၊ မှန်ကန်တဲ့ အကြံကိုလည်း ယူသင့်ပါတယ်။

သွားကြားညပ်တာကို ဂရုစိုက်ပါ

အစာစားပြီးချိန်မှာ သွားကြားမှာ ငရုတ်သီးဖတ်နဲ့ အစားအသောက်တွေ ကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချောကလက်လို အစားအစာတွေ စားပြီးချိန်မှာ သွားကြားမှာ အမည်းရောင်တွေ စွန်းထင်း ကပ်ငြိနေတတ်ပါတယ်။ ဒါဟာ သင့်အပြုံးကို အကျည်းတန်စေတဲ့ အချက်တွေပါပဲ။ အစာစားပြီးတိုင်း ခံတွင်းသန့်ရှင်းမှုကို အလေးပေးပြီး ပြုလုပ်ပေးပါ။

လမင်းလေး
Ref:Good Health
Source: http://news.yatanarpon.com.mm/news/news-64956
shared by >>> http://www.facebook.com/notes/ရွှေမြန်မာများအတွက်-shwebeauty/

No comments:

Post a Comment