Saturday 20 October 2012

အစာခြေစနစ် ကျန်းမာရေးအတွက် အရေးကြီးသည့် F သုံးလုံး

အစာခြေစနစ် ကျန်းမာရေးအတွက် အရေးကြီးသည့် F သုံးလုံး

by NANG KHA YEA on 20.10.2012

သင်ရဲ့ အစာခြေစနစ် ကောင်းမွန်နေရင် သင်ရဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ ကူညီနိုင်ပါတယ်။ ဒိန်ချဉ်လိုမျိုး အကျိုးပြု ဘက်တီးရီးယားပါတဲ့ Probiotic အစားအစာတွေက အစာခြေဖို့အတွက် အကျိုးရှိနိုင်သလို အောက်ပါ F သုံးလုံးကလည်း အစာခြေစနစ် ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။


Fiber (အမျှင်)

အစာခြေစနစ်နဲ့ အူမကြီး ကျန်းမာရေးကောင်းဖို့ နေ့စဉ် အမျှင်ဓာတ်ကို အနည်းဆုံး ၂၅ ဂရမ် ပါဝင်အောင် စားပေးရပါမယ်။ အမျှင်ဓာတ်ဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရုံမက အူအတွင်း လူ့အကျိုးပြု ဘက်တီးရီးယားတွေ ကြီးထွားလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် များများ ရရှိနိုင်ဖို့ နေ့စဉ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးနှစ်မျိုး စားပေးပါ။ ဖြစ်နိုင်ရင် အခွံမနွှာဘဲ စားပါ။ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်လိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာတွေ စားပါ။ နံနက်စာအဖြစ် ကွေကာ စားပေးပါ။

Fluid (အရည်)

ဝမ်းချုပ်တာမှ ကာကွယ်နိုင်အောင် ရေများများသောက်ပေးပါ။ ဝမ်းချုပ်တာကြောင့် ဗိုက်ပွနိုင်ပါတယ်။ အူမကြီး အနေနဲ့ အရည်တွေ စုပ်ယူနေတဲ့အတွက် သင့်မှာ ရေဓာတ် အလုံအလောက် မရှိရင် ဝမ်း (မစင်) ဟာ မာကျစ်နေတတ်ပါတယ်။ ရေများများ သောက်ပါ။ အာဟာရ ပညာရှင်တွေက ခန္ဓာကိုယ်ရဲ့ အလေးချိန်ပေါ် မူတည်ပြီး ၃၅-၄၅ မီလီမီတာ/ကီလိုဂရမ် ပမာဏအတိုင်း အရည်သောက်ခိုင်းပေမယ့် သင်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားသူ ဖြစ်နေရင် အစားအစာမှ အရည် တစ်လီတာခန့် ရရှိနိုင်ပါတယ်။

Fitness (ကြံ့ခိုင်ရေး)

လေ့ကျင့်ခန်း လုပ်တာကြောင့် အစာခြေလမ်းကြောင်းအတွက် အကျိုးရှိပါတယ်။ သင်ဟာ လှုပ်လှုပ်ရှားရှားနေသူ မဟုတ်ရင် အူမကြီး ရွေ့လျားဖို့ အလုပ်လုပ်တဲ့ ကြွက်သားတွေလည်း ငြိမ်သက်နေတာမို့ ဝမ်းချုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ ဟော်မုန်း Leptin ကို Sensitivity ပိုကောင်းသွားပါတယ်။ ဒါကြောင့် ဗိုက်ပြည့်သွားရင် အစာစားချင်စိတ် ရပ်တန့်နိုင်ပါတယ်။

ပြုလုပ်ပါ

အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို တစ်ကြိမ် နာရီဝက်ခန့်နဲ့ အနည်းဆုံး တစ်ပတ်ငါးကြိမ် ပြုလုပ်ပေးပါ။

Ref: Good HealthSource: http://news.yatanarpon.com.mm/news/review-69302
 http://www.facebook.com/notes/health-articles/အစာခြေစနစ်-ကျန်းမာရေးအတွက်-အရေးကြီးသည့်-f-သုံးလုံး

No comments:

Post a Comment