Monday 12 November 2012

ရောဂါအလိုက် အကျိုးပြုမည့် ဗီတာမင်များ

by nang kha yea on 12.11.2012

 
 ဗီတာမင်တွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှု၊ ကြီးထွားဖွံဖြိုးမှုနဲ့ သန်စွမ်းမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ အစားအသောက်ကတစ်ဆင့် ဒီဗီတာမင်တွေကို ရရှိဖို့လိုအပ်ပါတယ်။ အောက်ပါတို့ဟာ ဖြစ်ပွားတဲ့ရောဂါအလိုက် အကျိုးပြုနိုင်တဲ့အတွက် အထူးမှီဝဲသင့်တဲ့ ဗီတာမင် အမျိုးအစားတွေ ဖြစ်ပါတယ်။

အဆစ်ရောင်ခြင်းအတွက် - ဗီတာမင် C
သွေးအားနည်းခြင်းအတွက် - ဗီတာမင် B6, B12
ခံတွင်းကောင်းစေရန်အတွက် - ဗီတာမင် B1
ဘယ်ရီဘယ်ရီရောဂါအတွက် - ဗီတာမင် B1
သွေးဖိအားမြင့်တက်ခြင်းအတွက် - ဗီတာမင် E
အတွင်းတိမ်အတွက် - ဗီတာမင် C
ဝမ်းချုပ်ခြင်းအတွက် - ဗီတာမင် B¬1
အအေးမိခြင်းအတွက် - ဗီတာမင် C
ဝမ်းလျှောခြင်းအတွက် - ဗီတာမင် B6
အသားအရေခြောက်သွေ့ခြင်း ဒါမှမဟုတ် နှင်းခူအတွက် - ဗီတာမင် A, C
မျက်စိအတွက် - ဗီတာမင် A, B2, E
မောပန်းနွမ်းနယ်ခြင်းအတွက် - ဗီတာမင် B1
သွားဖုံးအတွက် - ဗီတာမင် C
ဆံပင်အတွက် - ဗီတာမင် B1
နှလုံးအတွက် - ဗီတာမင် E
ရောဂါပိုးကူးစက်ခြင်းအတွက် - ဗီတာမင် C
အိပ်မပျော်ခြင်းအတွက် - ဗီတာမင် B6
ကြွက်တက်ခြင်းအတွက် - B-complex
ရာသီလာစဉ် မသက်မသာခံစားရခြင်းအတွက် - ဗီတာမင် E
ကယ်လ်စီယမ်ချို့တဲ့ခြင်းအတွက် - ဗီတာမင် D
ကြွက်သားနာကျင်မှုအတွက် - ဗီတာမင် E, B1
အဝေးမှုန်ခြင်းအတွက် - ဗီတာမင် D
လက်သည်းအတွက် - ဗီတာမင် B1
နာကျင်မှုအတွက် - ဗီတာမင် E
အသားအရေအတွက် - ဗီတာမင်B1, B2
မောပန်းနွမ်းနယ်ခြင်းအတွက် - ဗီတာမင် B12
သိုင်းရွိုက်ဂလင်းအတွက် - ဗီတာမင် B1
အားနည်းခြင်းအတွက် - ဗီတာမင် D, B6
အရိုးအားပျော့ခြင်းအတွက် - ဗီတာမင် D

Ref: Good Health

No comments:

Post a Comment