Sunday 28 October 2012

သင့် ကျန်းမာရေးအတွက် ဘာကို ရွေးစားသင့်သလဲ

သင့် ကျန်းမာရေးအတွက် ဘာကို ရွေးစားသင့်သလဲ

by Nang Kha Yea  29,10, 2012

အစားအသောက် စားတဲ့အခါ ကျန်းမာရေး ကောင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ အတွက် ဘာကို ရွေးချယ် စားသင့်တယ် ဆိုတာကို သိနိုင်အောင် ရေးသား လိုက်ရပါတယ်။

 (၁)ဟင်းသီး ဟင်းရွက်နှင့် ဟင်းသီးဟင်းရွက် ဖျော်ရည်
သကြားထည့်ထားတဲ့ သစ်သီးဖျော်ရည်တွေနဲ့ မတူတာက ဆိုဒီယမ် နည်းပါးတဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ် ပါဝင်မှု များပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို အလုံအလောက် မစားဖြစ်ဘူးဆိုရင် ဟင်းသီးဟင်းရွက် ဖျော်ရည်ကို  ရွေးချယ်တာက ပိုကောင်းပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီ ဖျော်ရည်လို ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်ပေးနိုင်ပါတယ်။

(၂) လတ်ဆတ်တဲ့ သစ်သီးနှင့် သစ်သီးခြောက်
သစ်သီးခြောက်တွေဟာ အာဟာရဓာတ် ပြည့်ပြည့်ဝဝ ပါဝင်ပေမယ့် အလေးချိန်အားဖြင့် လတ်ဆတ်တဲ့ သစ်သီးတွေထက် ကယ်လိုရီ နှစ်ဆကျော် ပါဝင်နေပါတယ်။ ဒါ့အပြင် ရေပါဝင်မှု နည်းတာကြောင့် သင့်အနေနဲ့ သစ်သီးခြောက် စားတဲ့အခါ စိတ်ကျေနပ်မှု ရအောင် များများ စားပေးရပါတယ်။ အလတ်စား လိမ္မော်သီး တစ်လုံးမှာ ၆၂ ကယ်လိုရီ၊ သကြား ၁၂ ဂရမ်နဲ့ ဗိုက်ပြည့်စေတဲ့ အမျှင်ဓာတ် သုံးဂရမ်တို့ ပါဝင်နေပါတယ်။ လိမ္မော်ရည် တစ်ခွက်မှာတော့ ၁၁၀ ကယ်လိုရီ၊ သကြား ၂၂ ဂရမ် ပါဝင်ပြီး အမျှင်ဓာတ် လုံးဝမပါဝင်ပါ။ ဒါကြောင့် သစ်သီးအများစုက သစ်သီးဖျောရည်၊ သစ်သီးခြောက် အများစုထက် အာဟာရဓာတ် ပိုပြီး ပြည့်ဝနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သစ်သီးကို မစားဖြစ်ခဲ့ရင်တော့ သစ်သီးခြောက်ကို စားပေးတာက အကောင်းဆုံးပါ။

(၃) ဝက်ပေါင်ခြောက်နှင့် ကြက်ဆင်သားခြောက်
ကြက်ဆင်သားဟာ ဝက်ပေါင်ခြောက်နဲ့ ယှဉ်ရင်တော့ အဆီနည်း အသားဖြစ်ပါတယ်။ ကြက်ဆင်သားဟာ ရာနှုန်းပြည့် ကောင်းတဲ့ အသားတော့ မဟုတ်ပါဘူး။ ကြက်ဆင်သား ခြောက်ဟာ ပုံမှန် ဝက်ပေါင်ခြောက်လိုပဲ ဆိုဒီယမ်တွေ အပြည့်ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှုက သိပ်ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် အသားခြောက်တွေကို စားမယ်ဆိုရင် အသင့်အတင့်သာ စားသင့်ပါတယ်။


(၄) ဒိန်ခဲမာနှင့် ဒိန်ခဲပျော့

ဒိန်ခဲတွေရဲ့သက်တမ်းက ရင့်လာတဲ့အခါ အစိုဓာတ် ဆုံးရှုံးသွားပြီး ကယ်လိုရီနဲ့ အဆီဓာတ်ကြောင့် ပိုမို သိပ်သည်း လာတတ်ပါတယ်။ ကယ်လိုရီ ပမာဏကို လျှော့ချဖို့အတွက် နှစ်ချို့နေတဲ့ ဒိန်ခဲ (ဒိန်ခဲမာ) ကို စားတဲ့အခါ နည်းနည်းပဲ စားပါ။

(၅) ပုံမှန် မြေပဲထောပတ်နှင့် အဆီလျှော့ မြေပဲ
ထောပတ်အဆီ လျှော့ထားတဲ့ မြေပဲထောပတ်မှာ ရိုးရိုးမြေပဲ ထောပတ်ထက် ကယ်လိုရီ ပါဝင်မှု ပိုနည်းတာကြောင့် မြေပဲထောပတ် စားမယ်ဆိုရင် အဆီ လျှော့ထားတာကို စားတာက ပိုကောင်းပါတယ်။

Ref:  Good Health Originally posted on Yatanarpon /good health/article-8209
 http://www.facebook.com/myatsunhealtharticles

No comments:

Post a Comment