Sunday 28 October 2012

လူတိုင်းအတွက် သဘာဝနည်းနဲ့ မျက်နှာ ပေါင်းတင်ကြရအောင်

လူတိုင်းအတွက် သဘာဝနည်းနဲ့ မျက်နှာ ပေါင်းတင်ကြရအောင်
by NANG KHA YEA on 27.10.2012
လှတစ်မျက်နှာဆိုတဲ့အတိုင်းပဲမျက်နှာလေးကြည်လင်ဝင်းပနေဖို့လိုအပ်ပါတယ်။မျက်နှာကိုဂရုတစိုက်
 စောင့်ရှောက်မှုမလုပ်ပေးဘူးဆိုရင်တော့ကြည်လင်လှပနေတဲ့မျက်နှာကိုပိုင်ဆိုင်နိုင်မှာမဟုတ်တာအမှန်ပါပဲ။
အသားအရေကိုထိန်းသိမ်း စောင့်ရှောက်ရာမှာ ပြင်ပ စောင့်ရှောက်မှု တစ်ခုတည်းနဲ့ မထိရောက်ဖူး ဆိုတာကို ပထမဆုံး သိထားသင့် ပါတယ်။ အစား အစာကလည်း အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် ပါတယ်။ ဒါကြောင့် အဟာရ ပြည့်ဝစေတဲ့ အသီးအနှံ၊ ဟင်းသီး ဟင်းရွက် တွေကို များများ စားပေးရမယ့် အပြင် အခွံမာ သီးကိုပါ နေ့စဉ် စားသုံးတဲ့ အစား အစာတွေ ထဲမှာ ထည့်သွင်း စားသုံး သင့်ပါတယ်။ ရေသောက် ဖို့လည်း မမေ့လျှော့ ပါနဲ့။ ရေသောက်ခြင်းဖြင့် အသားအရေကို အစိုဓါတ် ထိန်းထားပေးပြီး နူးညံ့ လာစေမှာ ဖြစ်ပါတယ်။ အပြင်မထွက်ခင် ၁ဝ-၁၅ မိနစ်လောက် အလိုမှာ  Moisturizer လိမ်းပေးမှသာ
အပြင်ထွက်တဲ့ အခါမှာ အသားအရေက Moisturizer ကို စုပ်ယူပြီးသား ဖြစ်နေတာကြောင့် ထိရောက်စွာ ကာကွယ်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ Sunscreen ထပ်လိမ်းပြီး နေလောင်မှုကို ဖြစ်စေတဲ့  UVရောင်ခြည်ကို ကာကွယ်ပေးပါ။ မိုးတိမ်ထူတဲ့ နေ့အတွက်တောင်  Sunscreen ဟာ မလိမ်းမဖြစ် လိမ်းရမယ့် ကရင်မ် ဖြစ်ပါတယ်။ အသားအရေကို စိုပြည် နူးညံ့လာစေပြီး လွယ်ကူ ရိုးရှင်း သဘာဝကျတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။  Face Mask ဟာ အသားအရေကို အဟာရ ဖြစ်စေပြီး၊ ချေးချွတ်ပေး၊ မကောင်းတဲ့ အရာတွေကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ မျက်နှာ မွေးညှင်းပေါက်ကို ကျဉ်းစေပြီး မျက်နှာပေါ်က အရေးကြောင်းကို လျှော့ပါး စေနိုင်ပါတယ်။

အဆီပြန်တဲ့ အသားအရေ။














မွေးညှင်းပေါက် ကျယ်တဲ့ အဆီပြန် အသားအရေ အမျိုးအစား အတွက်ဆိုရင် ကြက်ဥ အနှစ်မျက်နှာ ပေါင်းတင်နည်းက အကောင်းဆုံးပါပဲ။ ဖုန်မှုန့် အန္တရာယ်ကနေ အသားအရေကို ကာကွယ်ပေးပါတယ်။ ကြေညက်အောင် ခေါက်ထားတဲ့ ကြက်ဥ အနှစ်ကို မျက်နှာပေါ် သုတ်လိမ်း ပေးပြီး မိနစ် ၂ဝ လောက် ထားပါ။ ပြီးမှ ရေနဲ့ ဆေးကြော သန့်စင် လိုက်ပါ။ ဒီလို လုပ်ပေးခြင်းဖြင့် အသားအရေ ကြည်လင် ဝင်းပလာပြီး တင်းရင်း လှပတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ခြောက်သွေ့သော အသားအရေ။














အုတ်ဂျုံမှုန့်နဲ့ မျက်နှာ ပေါင်းတင်ခြင်းဟာ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေ အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ အုတ်ဂျုံမှုန့်၊ ကြက်ဥအနှစ်၊ ပျားရည် စတာတွေဟာ အသားအရေ ခြောက်သွေ့ခြင်းကို အထူး ကုသနိုင်ပါတယ်။ အုတ်ဂျုံ၊ ကြက်ဥအနှစ်၊ ပျားရည် ဆတူရောပြီး၊ မျက်နှာပေါ် သုတ်လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ ရေနဲ့ ဆေးကြော ပေးလိုက်ရင် နူးညံ့ အိစက်ပြီး လန်းဆန်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။

သာမန်အသားအရေ။












ငှက်ပျောသီးနဲ့ မျက်နှာ ပေါင်းတင်ပေးခြင်းဟာ သာမန် အသားအရေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ငှက်ပျောသီးကို ပျားရည်နဲ့ ရောပြီး ကြေညက်အောင် နာနာ ခေါက်ပါ။ ရတဲ့အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးပြီး မိနစ် ၃ဝ လောက်ကြာမှ မျက်နှာ သစ်လိုက်ပါ။ အဲဒီ အနှစ်ဟာ မျက်နှာ အသားအရေကို အစိုဓါတ် ပေးနိုင်တဲ့ အပြင် အဟာရကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ပေါင်တင်နည်း ဖြစ်ပါတယ်။
popo(သဘာဝရဲ့အားအင်)
Ref:(အိန္ဒိယတိုင်းမ်)

No comments:

Post a Comment