Tuesday 30 October 2012

သင့်မီးဖိုချောင်ထဲက အသားအရေ အကျိုးပြု အစာများ

သင့်မီးဖိုချောင်ထဲက အသားအရေ အကျိုးပြု အစာများ

by Nang Kha Yea on 30/10/2012
သင့်အ့အသားအရေ လှပဖို့ရာ အတွက် သင့်အိမ် မီးဖိုချောင် ထဲက အစားအစာ တချို့က အရေးပါပါတယ်။ အသား အရေအတွက် နေ့စဉ် ဘယ်လို အစားအစာတွေ ပါဝင်အောင် ထည့်စားသင့် တယ်ဆိုတာ လေ့လာ ကြည့်ရအောင်။

 ချဉ်သော သစ်သီးများ

အဓိကပါဝင်သော အရာ - ဗီတာမင်စီ
အကျိုးကျေးဇူး - အသားအရေ ချောမွေ့ စေပြီး တင်းရင်းစေပါတယ်။ ဗီတာမင်စီဟာ အိုမင်းမှုတားခရင်မ် တွေထဲမှာ အဓိက ပါဝင်ပါတယ်။ ဗီတာ မင်စီက အရေပြားမှ ကော်လာဂျင်ထုတ် လုပ်ရေးအတွက် ကူညီပါတယ်။ အသက် ၃၅နှစ်အရွယ်မှာ ကော်လာဂျင်အားနည်း လာပြီး အရေပြားလျော့တွဲလာတတ်ပါ တယ်။ ဒီအချိန်မှာ ဗီတာမင်စီများများ ပါတဲ့ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ် သီးစတာတွေကိုစားပေးရင် အရေးကြောင်း ကင်းပြီး အရေပြား တင်းရင်းစေပါတယ်။

ပင်လယ်စာ

အဓိကပါဝင်သောအရာ - အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ဇင့်(သွပ်)
အကျိုးကျေးဇူး - အသားအရေ ချောမွေ့ တောက်ပြောင်ကာ ကြည်လင်စေပါ တယ်။ ငါးဟာ မြေထဲပင်လယ်ဒေသအ စာမှာ အဓိက ပါဝင်တဲ့ ဟင်းလျာဖြစ်ပြီး သက်ရှည်ကျန်းမာစေပါတယ်။ ငါး၊ ကမာ၊ ဆယ်လ်မွန်နဲ့ ပုစွန်လို ပင်လယ်စာတွေက အရေပြားကို လှပစေပါတယ်။ အသား အရေအကျိုးပြု အိုမီဂါ ၃ ဖက်တီးအက် စစ်နဲ့ ဇင့်(သွပ်)တို့ ပါဝင်လို့ပါ။ အိုမီဂါ ၃ များများစားတာကြောင့် အသားအရေ ခြောက်သွေ့မှုနဲ့ ရောင်ရမ်းမှုကို လျော့ ကျစေပါတယ်။ ရောင်ရမ်းမှုဟာ အရေ ပြားကို မြန်မြန်အိုမင်းလွယ်စေပါတယ်။ ပင်လယ်စာကရတဲ့ ဇင့်(သွပ်)ဓာတ်ဟာ ဆဲလ်သစ်ထုတ်လုပ်ပေးပြီး အရေပြား ဆဲလ်သေတွေကို ကွာကျစေကာ အရေ ပြားကို ကြည်လင်တောက်ပစေပါတယ်။

အနီရောင်နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အဓိကပါဝင်သော အရာ - ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း
အကျိုးကျေးဇူး - အသားအရေ တောက်ပြောင်ပြီး ချောမွတ်စေပါတယ်။ အရေပြားဟာ ခန္ဓာကိုယ်တစ်ခုလုံး ကို ဖုံးအုပ်ထားတဲ့ အကြီးမားဆုံး အင်္ဂါ ကြီးဖြစ်ပါတယ်။ အရေပြား ကျန်းမာလှ ပဖို့ အတွက် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်း နုနယ်ရွက်တို့လို အနီရောင်နဲ့ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေး သင့်ပါတယ်။ ဒီအထဲမှာပါတဲ့ ဘီတာ ကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာ မင်အေအဖြစ် ပြောင်းပြီး အရွယ်မတိုင် ခင် အိုမင်းမှုနဲ့ ဆဲလ်ထိခိုက်မှုမဖြစ်စေဖို့ ကူညီပါတယ်။ ဟင်းနုနယ်ရွက်နဲ့ တခြားအစိမ်း ရောင် ဟင်းရွက်တွေမှာပါတဲ့ ဗီတာမင် အေဟာ ဆဲလ်သစ်တွေ ထွက်ရှိစေပြီး ဆဲလ်ဟောင်းတွေကို ကင်းစင်စေတဲ့အ တွက် အရေပြားခြောက်သွေ့မှုလျော့ကျ ကာ ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ဖြစ်ပေါ် စေပါတယ်။ သရက်သီးမှာလည်း ဗီတာ မင်အေ များစွာ ပါဝင်ပါတယ်။

အခွံမာသော အစေ့အဆန်များ

အဓိကပါဝင်သာ အရာ - ဗီတာမင်အီး
အကျိုးကျေးဇူး - အသားအရေကို နုပျို စိုပြည်စေပါတယ်။ ဗာဒံစေ့လို အခွံမာသီးတွေမှာ အင် တီအောက်ဆီးဒင့် ဗီတာမင်အီး များစွာ ပါဝင်ပါတယ်။ ဒါကြောင့် အရေပြားကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ် အောင် တွန်းလှန်ပေးပြီး အရေပြားကို နုပျိုစေပါတယ်။ ဗီတာမင်အီးဟာ အရေ ပြားကို စိုပြည်စေပြီး တင်းရင်းလှပစေပ တယ်။

ကောက်နှံတစ်ခုလုံးနှင့် လုပ်ထားသော အစာ

အဓိက ပါဝင်သောအရာ - ရူတင် ဓာတ်နှင့် ဗီတာမင် ဘီအုပ်စု
အကျိုးကျေးဇူး- အသားအရေကို ကြည် လင်စိုပြည်စေပါတယ်။ အခွံချွတ်မထားတဲ့ အညိုရောင် ပေါင် မုန့်လို အစာတွေမှာ အင်တီအောက်ဆီး ဒင့် ရူတင်ဓာတ်ပါဝင်တာကြောင့် ရောင် ရမ်းမှုကြောင့် အရေပြားထိခိုက်မှု မဖြစ် အောင် တွန်းလှန်ပေးနိုင်ပါတယ်။ဗီတာ မင်ဘီ ဘိုင်အိုတင်လည်း ပါဝင်တဲ့အ တွက် အဆီပြုလုပ်ရာမှာ ဆဲလ်တွေကို ကူညီပါတယ်။

ကြယ်စင်
Ref: Good Health Posted on Yoyarlay/health/beauty/31151-2012-10-03-04-10-39

No comments:

Post a Comment